မာန်မာနမရှိဘဲ ရိုးရိုးကြီးပဲနေတက်သော အဘွားရဲ့အလှတရားတွေကို အမိအရဓာတ်ပုံရိုက်ပြီး စနောက်လိုက်တဲ့ ဇေရဲထက်
ယူနီကုဒ်ဖြင့် ဖတ်ရန်
မင်းသားချောလေးဇေရဲထက်ကတော့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ချိန်ကစပြီး တ စိုက် မက်မက်ကြိုးစားလာလို့ အခုချိန်မှာဆိုရင် နေရာတစ်နေရာရရှိထားတာဖြစ်ပါတယ်။ ဇေရဲထက်ကဗီဒီယိုဇာတ်ကားတွေအများအပြားမှာ
နေရာယူခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သ ရုပ်ဆောင်ခဲ့ပါတယ်နော်။ ဇေရဲထက်ကလက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဇေရဲထက်က သူ့ရဲ့အဘွားကိုလည်း
လိုလေသေးမရှိအောင်ထားပေးပြီး အေးအေးဆေးဆေးနေခိုင်းတာဖြစ်ပါတယ်နော်။ ဇေရဲထက်ရဲ့အဘွားကလည်း မာန်မာနမရှိဘဲ အရမ်းချစ်စရာကောင်းတဲ့သူဖြစ်ပါတယ်။ ဇေရဲထက်ကတော့ အိမ်မှာဘွားဘွားရှိလို့အမြဲပျော်ရွှင်နေရပြီး
အဘွားစားချင်တာတွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ကျွေးတာဖြစ်ပါတယ်နော်။ အခုလိုအိမ်မှာပဲ နေရတဲ့ ကာလမှာ ဇေရဲထက်ကအဘွားကို အချိန်ပြည့်စနောက်နေတာဖြစ်ပါတယ်။ အခုဆိုလည်း ဇေရဲထက်ကအဘွားရဲ့စကားပြောနေပုံကို
snap တွေအမိအရရိုက်ထားလိုက်တာဖြစ်ပါတယ်နော်။ ဇေရဲထက်က”အဘွားရဲ့အလှတရား အဘွားရှိလို့ ငါ့ခမျာပျော်နေရတာ စလိုက် စားလိုက် ဆော့လိုက် နဲ့အခုတော့ အရင်ကတော့ အိမ်စောင့်နတ်တစ်ပိုင်းပေါ့ ကျေးဇူးပါဘွားဘွား”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ဇေရဲထက်ရဲ့
ဖွားဖွားကလည်း ချစ်ဖို့ကောင်းလောက်အောင် ရိုးရိုးကြီးနေထိုင်တတ်လို့ အဘွားရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်