ကွယ်လွန်သွားတာရှစ်​နှစ်​ပြည့်​ခဲ့ပြီဖြစ်​သော ဖခင်ဖြစ်သူကိုသတိရလွမ်းဆွတ်ရင်း ဝမ်းနည်းစရာစာလေးတ​စောင်​အား ရေးသားဖော်ပြလာခဲ့တဲ့ နိုင်လူ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဇာတ်ပို့ဇာတ်ရံ လူကြမ်းသရုပ်ဆောင် နိုင်လူကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်လူ ဟာ သရုပ်ဆောင် ဦးကြူးမာရဲ့ သားတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့အနုပညာအမွေကိုရရှိထားကာ
အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့လုပ်ကိုင်နေတာ တွေ့ရပါတယ်။ နိုင်လူကတော့မနေ့က ဒီဇင်ဘာလ ၂ ရက်နေ့မှာဖခင်ဖြစ်သူ ဦးကြူးမာကွယ်လွန်ခဲ့ခြင်း (၈)နှစ်ပြည့်နေ့လေးဖြစ်တာကြောင့် သတိရလွမ်းဆွတ်ရင်းအမှတ်တရ
ပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့ နိုင်လူက“ရုပ်ရှင်သရုပ်ဆောင်ဦးကြူးမားသို့မဟုတ်နိုင်လူ၏အဖေကွယ်လွန်ခဲ့သည့် မနေ့က (၈)နှစ်ပြည့်ရှိလာခဲ့ပြီ ရုပ်ရှင်ဇာတ်ကားများနှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင်ပီပြင်အောင်
သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပရိပ်သတ်၏ အားပေး ချစ်ခင်မှုကိုရရှိခဲ့သည့်သရုပ်ဆောင်ဦးကြူးမား(ခ)ဦးစိန်တင့်သည်သရုပ်ဆောင်နိုင်လူ၏ အဖေဖြစ်သလို့ဧရာဝတီတိုင်း လပွတ္တာဇာတိဖွား အဖဦးမောင်တင့်အမိဒေါ်အေးစိန်တို့မှ
မွေးဖွားသည့်မွေးချင်း (၄) ယောက်အနက်တစ်ဦးတည်းသောသားဖြစ်သည် ငယ်စဉ်မှစ၍ပရဟိတလုပ်ငန်းများလူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သလို့မြန်မာနိုင်ငံကြက် ခြေနီအသင်းမှပေးအပ်ခဲ့သည့်အထူးစံပြကြက်ခြေနီတံဆိပ်ကိုရရှိခဲ့ပြီး
ရှေ့နေဘွဲ့ကိုလည်ရရှိခဲသည်။ ၁၉၉၀နောက်ပိုင်းတွင်ရုပ်ရှင်လောကသို့ဝင်ရောက်ခဲ့ပြီးဗီဒီယိုဇာတ်ကားပေါင်း၅၀၀ခန့်တွင့်သရုပ်ဆောင်ပါဝင်ခဲ့ပြီး၂.၁၂.၂၀၁၂တွင်ကွယ်လွန်ခဲ့သည် အသက် (၆၄) နှစ်တွင်ကွယ်လွန်ခဲ့သည်။
နှစ်ပေါင်းဘယ်လောက်ကြာကြာ အဖေသွန်သင်ခဲ့သည့် ဆုံးမစကားများကိုနှလုံးသွင်းရင်း နေ့စဉ် သတိရလျှက်ပါအဖေ။ အဖေနှင့်စကားပြောရင်း မိုးလင်းသွားခဲ့သည့်ရက်တွေသတိရလျှက်ပါ အဖေမိဘဆရာသမားကျေးဇူးရှင်တို့၏
ကျေးဇူးတရားကို သိတတ်ဖော်ပြခြင်းသည်လည်း မင်္ဂလာပါအဖေ နေ့စဉ်ပြုလုပ်သည့်ကောင်းမှုတိုင်းကို အဖေကိုအမျှပေးဝေလျှက်ပါအဖေ ရောက်ရှိနေသည်ဘုံဘဝမှ အဖေသာဓုခေါ်ဆိုနိုင်ပါစေ လက်နှင့်တောင်ရိုက်ဖို့မရွယ်ဖူးခဲ့သည့်
ကျေးဇူးရှင်အဖေ၊ အဖေရဲ့သား နိုင်လူ” ဆိုပြီး ဝမ်းနည်းစရာရေးသား ထားပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်