အလြန္​အင္​မတန္​မွတန္ဖိုးႀကီးလွ​ေသာငါးႀကီးအန္ဖက္ကုိ ကံေကာင္းလြန္းစြာရရွိခဲ့​တဲ့ ထိုင္းတံငါသည္ရဲ႕ (႐ုပ္​သံ)

အိႏၵိယ ငါးႀကီးအန္ဖက္ေဈးကြက္မွာေတာ့ ငါးႀကီးအန္ဖက္ တစ္ကီလိုဂရမ္ဟာ ႐ူပီး(၁၀) သန္းေလာက္အထိတန္ေၾကး ရွိတယ္လို့သိရပါတယ္။ ေဒၚလာအားျဖင့္ကေတာ့ (၁၃၅၀၀၀)ဝန္းက်င္ ျဖစ္ပါတယ္။ ေဈးကြက္အလိုက္ေျပာင္းလဲတဲ့ တြက္ခ်က္မွု ေတြေတာ့ရွိနိုင္ပါတယ္။

အခု တံငါသည္ရဲ့ ငါႀကီးအန္ဖက္ကေတာ့ ေဈးက ရွယ္ရဖို့ ရွိပါတယ္။ သူဟာေပါင္ခ်ိန္ (၂၂၀)အေလးခ်ိန္ရွိ ငါးႀကီးအန္ဖက္အတုံးအခဲအႀကီးကို ကံေကာင္းစြာနဲ႔ရရွိခဲ့တာျဖစ္ပါတယ္။ ကီလိုဂရမ္အရ ဆိုရင္ေတာ့ (၁၀၀) ကီလိုဂရမ္နီးပါး ျဖစ္ပါတယ္။ သူေကာက္ရခဲ့တဲ့ငါးႀကီးအန္ဖက္က

အရည္အေသြးနဲ႔အဆီအႏွစ္ ျပည့္ဝေနတဲ့ အတြက္ ေပါင္(၂.၄) သန္းအထိ တန္ေၾကးရွိပါတယ္။ ေဒၚလာအားျဖင့္ဆိုရင္ေတာ့ (၃၁၉၀၀၀၀) ဝန္းက်င္ ရွိပါတယ္။ ကံထူးခဲ့တဲ့ ထိုင္းတံအဖိုးအိုရဲ့အမည္မွာ Naris Suwannasang ျဖစ္ပါတယ္။ အသက္ (၆၀)ႏွစ္ျဖစ္ၿပီး၊ Nakhon Si Thammarat ကမ္းေျခ

တစ္ေလၽွာက္မွာ လမ္းေလၽွာက္ေနစဥ္ ဒီဝါညစ္ညစ္ အတုံးႀကီးကိုေကာက္ေတြ႔ခဲ့တာပါ။ ငါးႀကီးအန္ဖက္ ဆိုတာကေတာ့ေဝလငါးရဲ့အန္ဖက္ျဖစ္ၿပီး၊ ဖေယာင္းကဲ့သို့အစိုင္အခဲမ်ိဳး ျဖစ္ပါတယ္။ ငါးႀကီးအန္ဖက္ဟာ ညႇီစိုစိုအနံ့ရွိၿပီး ကမၻာေက်ာ္ေရေမႊးေတြဟာ ငါးႀကီးအန္ဖက္နဲ႔ထုတ္လုပ္ၾကလို့

ယင္းေရေမႊးမ်ိဳးကလည္း ပုလင္းေသးေသး တစ္ပုလင္းကိုပင္ ေပါင္ ေသာင္းေက်ာ္တန္တာမ်ိဳး ရွိတတ္ပါတယ္။ ဒါေၾကာင့္လည္း ငါးႀကီးအန္ဖက္ကို တံငါသည္ေတြက “ပင္လယ္ျပင္ရဲ့ရတနာခဲ”လို့ တင္စားၾကတာပါ။ ငါးႀကီးအန္ဖက္ကို Ambergris လို့ေခၚၿပီး၊ တခ်ိဳ့တံငါသည္ေတြကေတာ့

”ေရေပၚေမ်ာလာတတ္တဲ့ ေရႊခဲ”လို့လည္း တင္စားၾကပါတယ္။ အမ်ားအားျဖင့္ေတာ့ ေရထဲ ကေန ေမ်ာလာတဲ့ ငါးႀကီးအန္ဖက္ ထက္၊ ကုန္းေျမေသာင္စပ္မွာတင္ေနတဲ့ ငါးႀကီးအန္ဖက္မ်ိဳးကို ေတြ႔ရတာမ်ားေလ့ရွိၿပီး၊ ဗဟုသုတမရွိသူေတြ ကေတာ့ ဆပ္ျပာအရိုင္းတုံးနဲ႔

မွားတတ္ၾကပါသတဲ့။ Naris ကေတာ့ ခ်က္ခ်င္းပဲ ဒီအရာကို တန္ဖိုးႀကီးတဲ့အရာမွန္းသိၿပီး၊ တူျဖစ္သူကို ေခၚကာအိမ္ကို အျမန္သယ္လာခဲ့ၾကတယ္လို့ ဆိုပါတယ္။ ငါးႀကီးအန္ဖက္ကိုခ်ိန္တြယ္ၾကည့္တဲ့အခါအေလးခ်ိန္ေပါင္(၂၂၀) အထိရွိၿပီး၊ ေလာေလာဆယ္ေတာ့ထိုင္းကုန္သည္တစ္ဦးကေန

တစ္ကီလိုအတြက္ ထိုင္းဘက္(၉၆၀၀၀၀)အထိေပးၿပီး ကမ္းလွမ္းထားပါသတဲ့။ အဆိုပါ ပမာဏဟာ ေပါင္အားျဖင့္ (၂၃၇၄၀)ရွိၿပီး၊ (၁၀၀)ကီလို ရွိတဲ့ အတြက္ ေပါင္ (၂၃၇၄၀၀၀)အထိ ေပးမယ့္သ ေဘာလို့သိရပါတယ္။ ၾကားသိရတဲ့ သတင္းေတြအရ အဲဒီပြဲစားကေပါင္ (၂.၄)သန္းအထိ

ေပးမယ္လို့ ေနာက္ဆုံးကမ္းလွမ္းထားတယ္လို့ သိရပါတယ္။ Naris က သူတို့ ငါးဖမ္းလို့ရတဲ့ဝင္ေငြက တစ္လမွ ေပါင္(၅၀၀)ဝန္းက်င္ပဲ ရွိတယ္လို့ ေျပာပါတယ္။ သူကေတာ့ လက္ရွိ အခ်ိန္အထိ ကၽြမ္းက်င္သူ ေတြရဲ့အကဲျဖတ္မွုကို

ေမၽွာ္ေနပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အိန္ဒိယ ငါးကြီးအန်ဖက်ဈေးကွက်မှာတော့ ငါးကြီးအန်ဖက် တစ်ကီလိုဂရမ်ဟာ ရူပီး(၁၀) သန်းလောက်အထိတန်ကြေး ရှိတယ်လို့သိရပါတယ်။ ဒေါ်လာအားဖြင့်ကတော့ (၁၃၅၀၀၀)ဝန်းကျင် ဖြစ်ပါတယ်။ ဈေးကွက်အလိုက်ပြောင်းလဲတဲ့ တွက်ချက်မှု တွေတော့ရှိနိုင်ပါတယ်။

အခု တံငါသည်ရဲ့ ငါကြီးအန်ဖက်ကတော့ ဈေးက ရှယ်ရဖို့ ရှိပါတယ်။ သူဟာပေါင်ချိန် (၂၂၀)အလေးချိန်ရှိ ငါးကြီးအန်ဖက်အတုံးအခဲအကြီးကို ကံကောင်းစွာနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ကီလိုဂရမ်အရ ဆိုရင်တော့ (၁၀၀) ကီလိုဂရမ်နီးပါး ဖြစ်ပါတယ်။ သူကောက်ရခဲ့တဲ့ငါးကြီးအန်ဖက်က

အရည်အသွေးနဲ့အဆီအနှစ် ပြည့်ဝနေတဲ့ အတွက် ပေါင်(၂.၄) သန်းအထိ တန်ကြေးရှိပါတယ်။ ဒေါ်လာအားဖြင့်ဆိုရင်တော့ (၃၁၉၀၀၀၀) ဝန်းကျင် ရှိပါတယ်။ ကံထူးခဲ့တဲ့ ထိုင်းတံအဖိုးအိုရဲ့အမည်မှာ Naris Suwannasang ဖြစ်ပါတယ်။ အသက် (၆၀)နှစ်ဖြစ်ပြီး၊ Nakhon Si Thammarat ကမ်းခြေ

တစ်လျှောက်မှာ လမ်းလျှောက်နေစဉ် ဒီဝါညစ်ညစ် အတုံးကြီးကိုကောက်တွေ့ခဲ့တာပါ။ ငါးကြီးအန်ဖက် ဆိုတာကတော့ဝေလငါးရဲ့အန်ဖက်ဖြစ်ပြီး၊ ဖယောင်းကဲ့သို့အစိုင်အခဲမျိုး ဖြစ်ပါတယ်။ ငါးကြီးအန်ဖက်ဟာ ညှီစိုစိုအနံ့ရှိပြီး ကမ္ဘာကျော်ရေမွှေးတွေဟာ ငါးကြီးအန်ဖက်နဲ့ထုတ်လုပ်ကြလို့

ယင်းရေမွှေးမျိုးကလည်း ပုလင်းသေးသေး တစ်ပုလင်းကိုပင် ပေါင် သောင်းကျော်တန်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ငါးကြီးအန်ဖက်ကို တံငါသည်တွေက “ပင်လယ်ပြင်ရဲ့ရတနာခဲ”လို့ တင်စားကြတာပါ။ ငါးကြီးအန်ဖက်ကို Ambergris လို့ခေါ်ပြီး၊ တချို့တံငါသည်တွေကတော့

”ရေပေါ်မျောလာတတ်တဲ့ ရွှေခဲ”လို့လည်း တင်စားကြပါတယ်။ အများအားဖြင့်တော့ ရေထဲ ကနေ မျောလာတဲ့ ငါးကြီးအန်ဖက် ထက်၊ ကုန်းမြေသောင်စပ်မှာတင်နေတဲ့ ငါးကြီးအန်ဖက်မျိုးကို တွေ့ရတာများလေ့ရှိပြီး၊ ဗဟုသုတမရှိသူတွေ ကတော့ ဆပ်ပြာအရိုင်းတုံးနဲ့

မှားတတ်ကြပါသတဲ့။ Naris ကတော့ ချက်ချင်းပဲ ဒီအရာကို တန်ဖိုးကြီးတဲ့အရာမှန်းသိပြီး၊ တူဖြစ်သူကို ခေါ်ကာအိမ်ကို အမြန်သယ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ငါးကြီးအန်ဖက်ကိုချိန်တွယ်ကြည့်တဲ့အခါအလေးချိန်ပေါင်(၂၂၀) အထိရှိပြီး၊ လောလောဆယ်တော့ထိုင်းကုန်သည်တစ်ဦးကနေ

တစ်ကီလိုအတွက် ထိုင်းဘက်(၉၆၀၀၀၀)အထိပေးပြီး ကမ်းလှမ်းထားပါသတဲ့။ အဆိုပါ ပမာဏဟာ ပေါင်အားဖြင့် (၂၃၇၄၀)ရှိပြီး၊ (၁၀၀)ကီလို ရှိတဲ့ အတွက် ပေါင် (၂၃၇၄၀၀၀)အထိ ပေးမယ့်သ ဘောလို့သိရပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ အဲဒီပွဲစားကပေါင် (၂.၄)သန်းအထိ

ပေးမယ်လို့ နောက်ဆုံးကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ Naris က သူတို့ ငါးဖမ်းလို့ရတဲ့ဝင်ငွေက တစ်လမှ ပေါင်(၅၀၀)ဝန်းကျင်ပဲ ရှိတယ်လို့ ပြောပါတယ်။ သူကတော့ လက်ရှိ အချိန်အထိ ကျွမ်းကျင်သူ တွေရဲ့အကဲဖြတ်မှုကို

မျှော်နေပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်