အိမ်ထဲမှာတင်ဒေါ်လာနဲ့ မြန်မာငွေတွေ (၉) သိန်းဖိုး​တောင်​ ဖွက်ပြီး​တော့ အိမ်သားများကို ပံ့သကူအလှူလေးပြုလုပ်​ပေးခဲ့တဲ့ ခေးဆက်သွင်ရဲ့ (ရုပ်​သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ တစ်နေ့တစ်ခြား အောင်မြင်လာပြီးတော့
အနုပညာအလုပ်တွေကို လက်မလည်အောင်လုပ်ကိုင်လာရတာ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ သူမရရှိလာတဲ့ အနုပညာကြေးတွေကိုအကျိုးရှိရှိ
အသုံးပြုသလို အလှူအတန်းတွေကိုလည်း ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ မိသားစုတွေ၊ အိမ် သားတွေနဲ့ သူငယ်ချင်းတွေကို အရမ်းချစ်ပြီး အဖော်မင်တဲ့ ခေးဆက်သွင်ကတော့ မိဘတွေနဲ့ တစ်မြို့စီခွဲနေပေရပေမယ့်သူမရဲ့အနီးအနားက
လူတွေကို မိသားစုအရင်းလို သဘောထားချစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခေးဆက် သွင်က သူမရဲ့ အိမ်ထဲမှာတင် ဒေါ်လာနဲ့ မြန်မာငွေတွေ (၉) သိန်းဖိုးဖွက်ပြီးအိမ်သားတွေကို ပံ့သကူအလှူလေးပြုလုပ်ခဲ့တာကိုတွေ့ရပြီး
ခေးဆက်သွင်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဘုန်းဆက်သွင်နဲ့စိုပြေမြင့်တို့ကလည်းမုန့်ဖိုးတွေအသီးသီးရရှိခဲ့တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ ခေးဆက်သွင်ကတော့ သူမရရှိတဲ့အနုပညာကြေးတွေနဲ့အိမ်သားတွေနဲ့
သူငယ်ချင်းတွေကို မုန့်ဖိုးရိုးရိုးမပေးပဲ ပျော်စရာလေးတွေဖန်တီးပြီး ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ သူငယ်ချင်းတွေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားကြမယ် ထင်ပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်