G Mail အကောင့်အား ခိုးယူခံရတဲ့အပြင် သူမအကောင့်နဲ့မ​ကောင်းတဲ့ Videoနှင့်​ပုံများ ​လျှောက်​ပို့​နေတဲ့သူအကြောင်း ​ပြောပြလာခဲ့​သော မိစန္ဒီ
[email protected] မှာ မိစန္ဒီအရင်တစ်ပတ်ကတည်းက အသုံးပြုနေခြင်းမရှိတော့ပါကြောင်းနဲ့ ဒီလိုမ​ကောင်းတဲ့ video များပုံများရောက်လာခဲ့ပါက တောင်းပန်ပါတယ်ရှင်၊ လူတူတူပဲလား မတူလား မသိပေမယ့်အရင်တည်းကခဏခဏ မနေ့ညကအထိ Facebook ကိုလည်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိတ်သတ်ကြီးရေ မိစန္ဒီကတော့ တေးသီချင်းကောင်းများစွာနဲ့ တစ်ကိုယ်တော်အခွေများစွာ ထွက်ရှိထားပြီး အောင်မြင်တဲ့ အဆိုတော်တယောက်ပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း ကိုဗစ်ရောဂါနဲ့ ပက်သက်တဲ့ ပညာပေးသီချင်းများကိုလည်း သီဆိုထုတ်လွှင့်ထားသူပါ။ မိစန္ဒီကတော့
လွန်ခဲ့တဲ့ရက်ပိုင်းက သူမရဲ့ ဖေ့ဘွတ်အကောင့် ကို ခိုးယူခံခဲ့ရပြီး ဂျီမေးလ် အပါအဝင် google acc ပါ ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။ အဆိုပါ ခိုးယူခဲ့သူဟာ သူမရဲ့ gamil ကို အသုံးချပြီးမ​ေကာင္​းတဲ့ ဗွီဒီယိုများ ပုံများကို ပို့နေခဲ့တာကြောင့် မိစန္ဒီက အခုလိုပဲ အသိပေးခဲ့ရတာ ဖြစ်ပါတယ်။
မိစန္ဒီရေးသားထားတာကတော့ ” ဟိုတလောက မိစန္ဒီရဲ့ facebook account ကိုတစ်ယောက်ယောက်ကဝင်ပါတယ်ဟက်ကာပေါ့နော်၊ အဲ့ဒီတစ်ယောက်နဲ့အတူတူပဲလားမသိပေမယ့် gmail ရော google account ကိုပါနောက်တော့ဟက်သွားပြီး delete လုပ်ပစ်ပါတယ်။ မျိုးစုံ ကြိုးစားပြီး
ပြန်ယူတာလုံးဝ မရတော့ပါဘူး။ အခု သူကသူယူသွားပြီး delete ထားတဲ့ မိစန္ဒီဟိုးအရင်ထဲက သုံးခဲ့တဲ့ gmail account ကြီးကိုပြန်ဖွင့်ပြီးအလုပ်နဲ့ပတ် သတ်တဲ့သူတွေနဲ့ gmail ထဲက contact တွေကို မ​ေကာင္​းတဲ့ video တွေလိုက်ပို့နေပါတယ်။ မိစန္ဒီရဲ့ အရင် email address ဖြစ်တဲ့
[email protected] မှာ မိစန္ဒီအရင်တစ်ပတ်ကတည်းက အသုံးပြုနေခြင်းမရှိတော့ပါကြောင်းနဲ့ ဒီလိုမ​ေကာင္​းတဲ့ video များပုံများရောက်လာခဲ့ပါက တောင်းပန်ပါတယ်ရှင်၊ လူတူတူပဲလား မတူလား မသိပေမယ့်အရင်တည်းကခဏခဏ မနေ့ညကအထိ Facebook ကိုလည်း
တစ်ချိန်လုံးလိုက်ဟက်နေလို့ ဟက်ကာကြီးများကိုလည်းဆက်လက်ပြီးလိုက်မဟက်ဖို့ တောင်းဆိုချင်ပါတယ်ရှင် အခုချိန်ကလူတိုင်းအတွက် စိတ် အခြေအနေ ခက်ခဲနေချိန် ဖြစ်ပါတယ်။ ဘာကြောင့်ပဲယူယူ ကိုယ့်ကြောင့် သူတစ်ပါးကို စိတ်အနှောက်အယှက် ဆက်ပြီးမပေးစေလိုပါနော်။
လူသားချင်းစာနာပေးပါလို့ တောင်းပန်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစကတော့ ဘာမှ မတင်ပဲကိုယ့်ဟာကိုယ်လေးကြိတ်ဖြေရှင်းနေတာပါ၊ အခုဒီလိုတွေလုပ်နေလို့ အသိပေးရခြင်း ဖြစ်ပါတယ်ရှင်၊ အားလုံး စိတ်အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ၊
သူငယ်ချင်းများ ပရိတ်သတ်များလည်း ကိုယ့်ရဲ့ mail တွေ social media account တွေကို security သေချာ လုပ်ထားကြပါနော်.. ” ဆိုကာ သူမရဲ့ အဖြစ်အပျက်ကို ပြောပြရင်း ပရိတ်သတ်တွေလည်း သတိရှိစေဖို့ ပြောကြားခဲ့ပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်