ကမာၻ႔ပထမဆုံးပတၱျမားေစတီကို က်ပ္သိန္းသုံးေသာင္းေက်ာ္ အကုန္အက်ခံက ဘားအံၿမိဳ႕မွာ တည္ထား ကိုးကြယ္မည္

ကမာၻေပၚတြင္ ပထမဆုံးျဖစ္လာမည့္ စူဠာမဏိပတၱျမားေစတီကို က်ပ္သိန္းသုံးေသာင္းေက်ာ္ အကုန္အက်ခံကာ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္အတြင္းတည္ထားကိုးကြယ္မည္ျဖစ္ေၾကာင္း ကမာၻလုံးေက်ာင္းတိုက္အနႏၲေမတၱာ

အခမဲ့ေဆးခန္း နာယကဆရာေတာ္ ဦးဝါေသဌက မိန႔္ၾကားပါတယ္။ အဆိုပါေစတီသည္ ဉာဏ္ေတာ္အျမင့္ ၁၈ ေပခြဲရွိမည္ျဖစ္ၿပီး ဘားအံၿမိဳ႕ စက္မူဇုန္ရွိ ေျမ ၇ ဧကတြင္ တည္ထားရန္ ကရင္ျပည္နယ္ အစိုးရထံေျမလြတ္ေျမ႐ိုင္း

​ေလွ်ာက္ထားၿပီးျဖစ္ေၾကာင္းႏွင့္ ပတၱျမားေစတီကို မိုးကုတ္ေက်ာက္မ်ားျဖင့္ မိုးကုတ္ၿမိဳ႕တြင္ျပဳလုပ္ လ်က္ရွိေၾကာင္း သိရပါတယ္။ “ေျမအသုံးျပဳခြင့္က အဆင့္ဆင့္ေလွ်ာက္ထားရမွာျဖစ္ေတာ့ အသုံးျပဳခြင့္ရဖို႔ တစ္ႏွစ္ေလာက္ၾကာမယ္။

ဒါေၾကာင့္ေလာေလာဆယ္ဆယ္ ဘားအံၿမိဳ႕၊ရတနာဒီပအမွတ္ ၉ရပ္ကြက္ရွင္ျဖဴ ရွင္လမ္းကမာၻ လုံးက်ာင္းတိုက္ဝန္းထဲမွာပဲ ယာယီတည္ထားကိုးကြယ္မွာပါ။ ေစတီတစ္ခုလုံးကို ပတၱျမားေတြ ကပ္ၿပီး ပူေဇာ္မွာပါ။ အခုေစတီအတြက္

ပတၱျမားေတြက ဒီႏွစ္အတြင္းမွာ ျပည့္စုံသေလာက္ျဖစ္မွာပါ”ဟု ဆရာေတာ္က မိန႔္ၾကားပါတယ္။ ေစတီတည္ထားၿပီးပါက ေစတီႏွင့္ ငါးေပအကြာတြင္မွန္တစ္ထပ္ကာရံမည္ျဖစ္ၿပီး ရွစ္ေပအကြာတြင္သံဇကာမ်ားကာရံကာရွစ္ေပခြဲအကြာတြင္

လူပတ္လမ္းျပဳလုပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ သာသနာ့နယ္ ေျမအတြင္း ႏိုင္ငံျခားခရီးသြားမ်ား နားခိုႏိုင္ေသာအေဆာင္မ်ား၊ ျပည္တြင္း ခရီးသြားမ်ား ညအိပ္ တည္းခိုႏိုင္ေသာ အေဆာင္မ်ား တည္ေဆာက္ေပးသြားမည္ ျဖစ္ေၾကာင္းသိရပါတယ္။

“ေစတီေတာ္ တည္ေဆာက္ေရးလုပ္ငန္းေတြကို ၂၀၁၉ ခုႏွစ္ကတည္းက စတင္ေဆာင္႐ြက္လာတာ အခု ၂၀ ရာခိုင္ႏႈန္းေလာက္ ၿပီးေနပါၿပီ။ ပတၱျမားေတြကို ေလ့လာႏိုင္ေအာင္ရယ္။ သာသနာကို တန္ဖိုး ျဖတ္လို႔မရတဲ့အတြက္၊

ဘုရားဂုဏ္ေတာ္ကို တန္ဖိုးျဖတ္လို႔ မရတဲ့အတြက္ ရတနာေတြနဲ႔ စီခ်ယ္ၿပီး ကိုးကြယ္တာပါ”ဟု ဆရာေတာ္က ထပ္မံမိန႔္ၾကားပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်လာမည့် စူဠာမဏိပတ္တမြားစေတီကို ကျပ်သိန်းသုံးသောင်းကျော် အကုန်အကျခံကာ ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းတည်ထားကိုးကွယ်မည်ဖြစ်ကြောင်း ကမ္ဘာလုံးကျောင်းတိုက်အနန္တမေတ္တာ

အခမဲ့ဆေးခန်း နာယကဆရာတော် ဦးဝါသေဌက မိန့်ကြားပါတယ်။ အဆိုပါစေတီသည် ဉာဏ်တော်အမြင့် ၁၈ ပေခွဲရှိမည်ဖြစ်ပြီး ဘားအံမြို့ စက်မူဇုန်ရှိ မြေ ၇ ဧကတွင် တည်ထားရန် ကရင်ပြည်နယ် အစိုးရထံမြေလွတ်မြေရိုင်း

လျှောက်ထားပြီးဖြစ်ကြောင်းနှင့် ပတ္တမြားစေတီကို မိုးကုတ်ကျောက်များဖြင့် မိုးကုတ်မြို့တွင်ပြုလုပ် လျက်ရှိကြောင်း သိရပါတယ်။ “မြေအသုံးပြုခွင့်က အဆင့်ဆင့်လျှောက်ထားရမှာဖြစ်တော့ အသုံးပြုခွင့်ရဖို့ တစ်နှစ်လောက်ကြာမယ်။

ဒါကြောင့်လောလောဆယ်ဆယ် ဘားအံမြို့၊ရတနာဒီပအမှတ် ၉ရပ်ကွက်ရှင်ဖြူ ရှင်လမ်းကမ္ဘာ လုံးကျာင်းတိုက်ဝန်းထဲမှာပဲ ယာယီတည်ထားကိုးကွယ်မှာပါ။ စေတီတစ်ခုလုံးကို ပတ္တမြားတွေ ကပ်ပြီး ပူဇော်မှာပါ။ အခုစေတီအတွက်

ပတ္တမြားတွေက ဒီနှစ်အတွင်းမှာ ပြည့်စုံသလောက်ဖြစ်မှာပါ”ဟု ဆရာတော်က မိန့်ကြားပါတယ်။ စေတီတည်ထားပြီးပါက စေတီနှင့် ငါးပေအကွာတွင်မှန်တစ်ထပ်ကာရံမည်ဖြစ်ပြီး ရှစ်ပေအကွာတွင်သံဇကာများကာရံကာရှစ်ပေခွဲအကွာတွင်

လူပတ်လမ်းပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် သာသနာ့နယ် မြေအတွင်း နိုင်ငံခြားခရီးသွားများ နားခိုနိုင်သောအဆောင်များ၊ ပြည်တွင်း ခရီးသွားများ ညအိပ် တည်းခိုနိုင်သော အဆောင်များ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။

“စေတီတော် တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၉ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာတာ အခု ၂၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ပတ္တမြားတွေကို လေ့လာနိုင်အောင်ရယ်။ သာသနာကို တန်ဖိုး ဖြတ်လို့မရတဲ့အတွက်၊

ဘုရားဂုဏ်တော်ကို တန်ဖိုးဖြတ်လို့ မရတဲ့အတွက် ရတနာတွေနဲ့ စီချယ်ပြီး ကိုးကွယ်တာပါ”ဟု ဆရာတော်က ထပ်မံမိန့်ကြားပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်