သက္ႀကီးရြယ္အိုအဘုိးအဘြားမ်ားကို ေစာင့္ေရွာက္ေန႐ွာတဲ့ အသက္(၅)ႏွစ္အရြယ္ ကေလးမေလး

မိဘ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ကေလးဘဝထဲက အဘိုးအဘြားေတြနဲ႔ ေနရတဲ့သူေတြအမ်ားႀကီးရွိမွာပါ။ ​​ေ​ပါက္​​ေဖာ္​တုိ႔ႏိုင္ငံ Zunyi ၿမိဳ႕က အသက္(၅)ႏွစ္သာရွိေသးတဲ့ ကေလးမေလး Wang Anna ကေတာ့ အဖြားႏွစ္ေယာက္ နဲ႔အတူ ေနထိုင္ပါတယ္။ Wang Anna ေလးဟာ

(၉၂)ႏွစ္အ႐ြယ္​ဖြားဖြားႀကီးနဲ႔ ဖြားဖြားေလးတို႔ကို ျပစု ေစာင့္ေရွာက္ေပးေနသူျဖစ္ပါတယ္။ သူမရဲ႕ အေဖကသူမ (၃)လသားအ႐ြယ္ကထဲက ေထာင္က်ေနတာျဖစ္ၿပီး အေမလုပ္သူကလည္း ကေလးကို အဖြားျဖစ္သူေတြနဲ႔ထားခဲ့ၿပီး ေနာင္အိမ္ေထာင္ျပဳလိုက္တာလို႔ သိရပါတယ္။

အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ေလာကဓံရဲ႕႐ိုက္ခတ္မႈဒဏ္ခံစားရေပမယ့္ကေလးပီပီ ဂ်ီက်ျခင္းမရွိဘဲ ေရာက္ရာအရပ္မွာေပ်ာ္ေအာင္ေနတတ္ သူေလးလည္းျဖစ္ပါတယ္။ အိမ္နီးနားခ်င္းေတြကေတာ့ သူမရဲ႕ဘဝကိုသနားေနၾကၿပီး အားလုံးက ဝိုင္းဝန္းခ်စ္ခင္ေစာင့္ေရွာက္ၾကပါတယ္။

ဒါ့အျပင္ သူမဟာမနက္ေစာေစာထၿပီး မနက္စာျပင္ဆင္ေလ့ရွိသလို ညတိုင္းလိုလိုအဖြားျဖစ္သူေတြစားဖို႔ထမင္းခူးခပ္ေကြၽးေမြးၿပီး အဝတ္အစားေတြလည္းေလွ်ာ္ဖြပ္ေပးတယ္လို႔သိရပါတယ္။ သူမရဲ႕ အေၾကာင္းကို ​ေပါက္​​ေဖာ္​တုိ႔ႏိုင္ငံက သတင္းေထာက္တစ္ဦးက ၾကားသိလို႔သူမေနထိုင္ရာ

အိမ္ေလးဆီကို သြားရင္း သူမအေၾကာင္းကို ေရးျဖစ္ခဲ့တဲ့ပုံပါပဲ။အၿမဲလိုလိုၿပဳံးေနတတ္တဲ့ အဲ့ဒီကေလးမေလးလို စိတ္ဓာတ္မ်ိဳး လူတိုင္းမွာ ရွိမယ္ဆိုရင္ ဘယ္ေလာက္စိတ္ခ်မ္းသာစရာ

​ေကာင္းလိမ့္မလဲ။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မိဘ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကလေးဘဝထဲက အဘိုးအဘွားတွေနဲ့ နေရတဲ့သူတွေအများကြီးရှိမှာပါ။ ပေါက်ဖော်တို့နိုင်ငံ Zunyi မြို့က အသက်(၅)နှစ်သာရှိသေးတဲ့ ကလေးမလေး Wang Anna ကတော့ အဖွားနှစ်ယောက် နဲ့အတူ နေထိုင်ပါတယ်။ Wang Anna လေးဟာ

(၉၂)နှစ်အရွယ်ဖွားဖွားကြီးနဲ့ ဖွားဖွားလေးတို့ကို ပြစု စောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ သူမရဲ့ အဖေကသူမ (၃)လသားအရွယ်ကထဲက ထောင်ကျနေတာဖြစ်ပြီး အမေလုပ်သူကလည်း ကလေးကို အဖွားဖြစ်သူတွေနဲ့ထားခဲ့ပြီး နောင်အိမ်ထောင်ပြုလိုက်တာလို့ သိရပါတယ်။

အသက်အရွယ်နဲ့ မလိုက်အောင် လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ခံစားရပေမယ့်ကလေးပီပီ ဂျီကျခြင်းမရှိဘဲ ရောက်ရာအရပ်မှာပျော်အောင်နေတတ် သူလေးလည်းဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကတော့ သူမရဲ့ဘဝကိုသနားနေကြပြီး အားလုံးက ဝိုင်းဝန်းချစ်ခင်စောင့်ရှောက်ကြပါတယ်။

ဒါ့အပြင် သူမဟာမနက်စောစောထပြီး မနက်စာပြင်ဆင်လေ့ရှိသလို ညတိုင်းလိုလိုအဖွားဖြစ်သူတွေစားဖို့ထမင်းခူးခပ်ကျွေးမွေးပြီး အဝတ်အစားတွေလည်းလျှော်ဖွပ်ပေးတယ်လို့သိရပါတယ်။ သူမရဲ့ အကြောင်းကို ပေါက်ဖော်တို့နိုင်ငံက သတင်းထောက်တစ်ဦးက ကြားသိလို့သူမနေထိုင်ရာ

အိမ်လေးဆီကို သွားရင်း သူမအကြောင်းကို ရေးဖြစ်ခဲ့တဲ့ပုံပါပဲ။အမြဲလိုလိုပြုံးနေတတ်တဲ့ အဲ့ဒီကလေးမလေးလို စိတ်ဓာတ်မျိုး လူတိုင်းမှာ ရှိမယ်ဆိုရင် ဘယ်လောက်စိတ်ချမ်းသာစရာ

ကောင်းလိမ့်မလဲ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်