လူ ၁ ဦးလွ်င္ တစ္ေထာင္က်ပ္ႏႈန္းျဖင့္ ဝင္ခြင့္ျပဳထား​ေသာ​ေၾကာင့္ ပန္းႏွမ္းခင္းမ်ားတြင္​ လာေရာက္လည္ပတ္သူ မ်ားျပားလ်က္႐ွိ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ခရိုင္၊ မူဆယ္ၿမိဳ႕နယ္ ေမာ္ေတာင္းေက်း႐ြာရွိ ပန္းႏွမ္းစိုက္ခင္းမ်ားသို႔ ေဒသခံျပည္သူမ်ားမွ လာေရာက္လည္ပတ္သူေတြနဲ႔ စည္ကားလ်က္ရွိသည္။ ေမာ္ေတာင္းေက်း႐ြာရွိ ပန္းႏွမ္းစိုက္ခင္းမ်ားသို႔ မူဆယ္ၿမိဳ႕ႏွင့္ နမ့္ခမ္းၿမိဳ႕မွေဒသခံမ်ားမွ

ေန႔စဥ္လာေရာက္လည္ပတ္လ်က္ရွိၿပီး ေန႔စဥ္ လာေရာက္သူ ပုံမွန္(၂၀၀)ခန႔္မွ (၃၀၀)ခန႔္အထိ ရွိသည္။ ႐ုံးအလုပ္ပိတ္ရက္မ်ားအတြင္း လာေရာက္လည္ပတ္သူမ်ားျဖင့္ ပိုမိုစည္ကား လ်က္ရွိၿပီးပန္းႏွမ္းစိုက္ခင္းမ်ားကို ေအာက္တိုဘာလအတြင္းစတင္စိုက္ပ်ိဳးၾကသည္။ ပန္းပင္မ်ားစတင္၍

ပြင့္ဖူးၾကကာစိုက္ခင္းတစ္ခုလုံး အဝါေရာင္ပန္းပြင့္မ်ားျဖင့္လွပေနမႈကို လာေရာက္ၾကသူမ်ားျဖင့္ စည္ကားလ်က္ရွိသည္။ ထိုပန္းႏွမ္းစိုက္ခင္းမ်ားအတြင္း ဝင္ေရာက္ျခင္းအတြက္လူႀကီးတစ္ဦးလွ်င္ ေငြက်ပ္(၁၀၀၀)ႏႈန္းကို စိုက္ခင္းပိုင္ရွင္မ်ားက အဝင္ဝတြင္ေကာက္ယူလ်က္ရွိသည္။

​ေမာ္ေတာင္းေက်း႐ြာရွိေတာင္သူမ်ားသည္ ေဒသထြက္ကုန္အျဖစ္ပန္းႏွမ္းမ်ားစိုက္ပ်ိဳးခဲ့ၾကရာ ၂၀၁၉ ခုႏွစ္တြင္ လူမႈကြန္ရက္ေပၚ၌ စတင္ပ်ံ့ႏွံခဲ့သျဖင့္ ယေန႔အခ်ိန္တြင္ သြားေရာက္လည္ပတ္ၾကသူ ပိုမိုမ်ားျပားလာျခင္းျဖစ္သည္။ ပန္းႏွမ္းစိုက္ခင္းမ်ားသည္လားရွိုး-မူဆယ္

ျပည္ေထာင္စုလမ္းေဘးတြင္ တည္ရွိၿပီး သြားလာရာလြယ္ကူသျဖင့္ ေမာ္ေတာ္ကား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖင့္ မိသားစု၊ သူငယ္ခ်င္းမ်ားျဖင့္ အပန္းေျဖလာေရာက္ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ ပန္းႏွမ္းစိုက္ခင္းမ်ားအတြင္း Pre Wedding ရိုက္ကူးျခင္းမ်ား အလွပုံရိုက္ကူးသူမ်ားျဖင့္

ေန႔စဥ္စည္ကားလ်က္ရွိၿပီး အမ်ားစုမွာ လူမႈကြန္ရက္ေပၚသို႔တင္ရန္အတြက္ လာေရာက္ၾကသူမ်ားေၾကာင္းသိရသည္။ “ပန္းခင္းေတြက ေမာ္ေတာ္ကားလမ္းတစ္ေလွ်ာက္မွာရွိေနတာ ပန္းအေစာဆုံးပြင့္တဲ့ပန္းခင္းကဒီထက္နည္းနည္းသြားရတယ္အဲ့ဒီပန္းခင္းကေတာ့အခုပန္းသိပ္မပြင့္လို႔

မလွေတာ့ဘူး ပန္းပြင့္ေနတဲ့ ပန္းခင္းတိုင္းကေတာ့လွၾကပါတယ္၊ အထူးသျဖင့္ အမ်ိဳးသမီး ပ်ိဳပ်ိဳအိုအိုေတြေတာ့ ပိုမ်ားတယ္၊ သူတို႔စိတ္ႀကိဳက္ ဓာတ္ပုံအမ်ိဳးမ်ိဳးရိုက္ၾကတယ္၊ ပန္းခင္းႀကီးထဲမွာ ပုံစံအမ်ိဳးမ်ိဳး လူအမ်ိဳးမ်ိဳးကို ၾကည့္ရတာလည္းေပ်ာ္ စရာတစ္ခုပါ။ ကြၽန္ေတာ္တို႔ အဖြဲ႕ေတြဆို

ဒီကိုလာတာ ဒါနဲ႔ဆို (၃)ႀကိမ္ေျမာက္ေရာက္ခဲ့ၿပီ”ဟုပန္းႏွမ္းစိုက္ခင္းသို႔ အလည္လာသူတစ္ဦးကေျပာပါသည္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် မော်တောင်းကျေးရွာရှိ ပန်းနှမ်းစိုက်ခင်းများသို့ ဒေသခံပြည်သူများမှ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိသည်။ မော်တောင်းကျေးရွာရှိ ပန်းနှမ်းစိုက်ခင်းများသို့ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့မှဒေသခံများမှ

နေ့စဉ်လာရောက်လည်ပတ်လျက်ရှိပြီး နေ့စဉ် လာရောက်သူ ပုံမှန်(၂၀၀)ခန့်မှ (၃၀၀)ခန့်အထိ ရှိသည်။ ရုံးအလုပ်ပိတ်ရက်များအတွင်း လာရောက်လည်ပတ်သူများဖြင့် ပိုမိုစည်ကား လျက်ရှိပြီးပန်းနှမ်းစိုက်ခင်းများကို အောက်တိုဘာလအတွင်းစတင်စိုက်ပျိုးကြသည်။ ပန်းပင်များစတင်၍

ပွင့်ဖူးကြကာစိုက်ခင်းတစ်ခုလုံး အဝါရောင်ပန်းပွင့်များဖြင့်လှပနေမှုကို လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။ ထိုပန်းနှမ်းစိုက်ခင်းများအတွင်း ဝင်ရောက်ခြင်းအတွက်လူကြီးတစ်ဦးလျှင် ငွေကျပ်(၁၀၀၀)နှုန်းကို စိုက်ခင်းပိုင်ရှင်များက အဝင်ဝတွင်ကောက်ယူလျက်ရှိသည်။

မော်တောင်းကျေးရွာရှိတောင်သူများသည် ဒေသထွက်ကုန်အဖြစ်ပန်းနှမ်းများစိုက်ပျိုးခဲ့ကြရာ ၂၀၁၉ ခုနှစ်တွင် လူမှုကွန်ရက်ပေါ်၌ စတင်ပျံ့နှံခဲ့သဖြင့် ယနေ့အချိန်တွင် သွားရောက်လည်ပတ်ကြသူ ပိုမိုများပြားလာခြင်းဖြစ်သည်။ ပန်းနှမ်းစိုက်ခင်းများသည်လားရှိုး-မူဆယ်

ပြည်ထောင်စုလမ်းဘေးတွင် တည်ရှိပြီး သွားလာရာလွယ်ကူသဖြင့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် မိသားစု၊ သူငယ်ချင်းများဖြင့် အပန်းဖြေလာရောက်ကြခြင်းဖြစ်ကြောင်းသိရသည်။ ပန်းနှမ်းစိုက်ခင်းများအတွင်း Pre Wedding ရိုက်ကူးခြင်းများ အလှပုံရိုက်ကူးသူများဖြင့်

နေ့စဉ်စည်ကားလျက်ရှိပြီး အများစုမှာ လူမှုကွန်ရက်ပေါ်သို့တင်ရန်အတွက် လာရောက်ကြသူများကြောင်းသိရသည်။ “ပန်းခင်းတွေက မော်တော်ကားလမ်းတစ်လျှောက်မှာရှိနေတာ ပန်းအစောဆုံးပွင့်တဲ့ပန်းခင်းကဒီထက်နည်းနည်းသွားရတယ်အဲ့ဒီပန်းခင်းကတော့အခုပန်းသိပ်မပွင့်လို့

မလှတော့ဘူး ပန်းပွင့်နေတဲ့ ပန်းခင်းတိုင်းကတော့လှကြပါတယ်၊ အထူးသဖြင့် အမျိုးသမီး ပျိုပျိုအိုအိုတွေတော့ ပိုများတယ်၊ သူတို့စိတ်ကြိုက် ဓာတ်ပုံအမျိုးမျိုးရိုက်ကြတယ်၊ ပန်းခင်းကြီးထဲမှာ ပုံစံအမျိုးမျိုး လူအမျိုးမျိုးကို ကြည့်ရတာလည်းပျော် စရာတစ်ခုပါ။ ကျွန်တော်တို့ အဖွဲ့တွေဆို

ဒီကိုလာတာ ဒါနဲ့ဆို (၃)ကြိမ်မြောက်ရောက်ခဲ့ပြီ”ဟုပန်းနှမ်းစိုက်ခင်းသို့ အလည်လာသူတစ်ဦးကပြောပါသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်