ျမန္မာနိုင္ငံရဲ႕ေႏြးေထြးကာ ေဖာ္ေရြပ်ဴငွာလွ​ေသာအျပဳံးမ်ားအ​ေၾကာင္​းကုိ နိုင္ငံျခားသူေလးေရးတဲ့ ‘စာ’

ခ်စ္ပရိသတ္ႀကီးေရ ဒီေန႔ေလးမွာ ေျပာျပေပးသြားမွာကေတာ့ နိုင္ငံျခားသူတစ္ေယာက္ျဖစ္တဲ့ ေပါက္ေဖာ္မေလးမွ မိမိတို့မိခင္နိုင္ငံႀကီး ျမန္မာနိုင္ငံရဲ့ သဘာဝတရားေတြအေၾကာင္းကို ေရးသားေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။ သူမကေတာ့ကမၻာအႏွံ႔ခရီးသြားေနသူတစ္ေယာက္ျဖစ္ပါတယ္။

သူမကေတာ့ ၁၉၉၉ ခုႏွစ္ဆယ္ႏွစ္အရြယ္တုန္းက ယူနန္ျပည္မွာရွမ္းလူမ်ိဳးေတြေနထိုင္တဲ့ ဆစ္ေဆာင္ပန္း နားကိုေရာက္ခဲ့တယ္။ အဲဒီမွာ ျမန္မာဂိုက္ တစ္ေယာက္ ေနာက္လိုက္ၿပီး မူဆယ္ဘက္ကို အလည္ေရာက္လာခဲ့တယ္။ အဲဒီကေနမွ ျမန္မာျပည္ကိုသူမစိတ္ဝင္စားသြားတာ ျဖစ္တယ္။

၁၅ ႏွစ္အၾကာ ၂၀၁၄ ခုႏွစ္မွာ ျမန္မာျပည္ကို သူမေရာက္လာခဲ့တယ္ ဒါဟာ သူမရဲ့ ၁၆နိုင္ငံေျမာက္ ခရီးစဥ္လည္းျဖစ္တယ္ ျမန္မာျပည္ဟာ ဘုရားပုထိုးေစတီေတြ ေပါမ်ားေၾကာင္း၊ သဘာဝတရားေတြနဲ႔ ျပည့္ႏွက္ေနၿပီး ရွုေမၽွာ္ခင္းေတြကလည္း အရမ္းကိုလွပေနေၾကာင္း

သူအမ်ားႀကီးေရးသားထားခဲ့တယ္။ သူမေရးထားတဲ့ထဲက ကၽြန္မသေဘာက်မိတာက သူ႔ပို့စ္ကို သူေပးထားတဲ့ေခါင္းစဥ္ေလးပါ။ “ျမန္မာျပည္ကို သြားမလည္ေသးရင္ သိပ္ေနာက္က်သြားလိမ့္မယ္”တဲ့။ ဖြံ့ၿဖိဳးစတိုင္းျပည္မို့ ျမန္မာျပည္ဟာ သဘာဝတရားေတြနဲ႔သူ႔နဂိုပုံစံအတိုင္းအရမ္းကို

လွပေနေသးတယ္။ တကယ္လို့ ဒီအခ်ိန္မွာသြားလည္တာ ေနာက္က်ခဲ့ရင္ သဘာဝတရားေတြဟာ ဖ်က္ဆီးခံရၿပီး သူ႔နဂိုပုံစံကို ျမင္ရေတာ့မွာမဟုတ္ဘူးတဲ့။ ေနာက္တစ္ခု သူမေရးထားတာက “ျမန္မာျပည္ကလူေတြဟာ ဆင္းရဲေပမယ့္ သဒၶါတရားထက္သန္ၾကတယ္၊ ဆင္းရဲေပမယ့္

သူတို့ရဲ့မ်က္ႏွာေပၚမွာ ၿငိမ္းခ်မ္းျခင္းနဲ႔အျပဳံးကို ေတြ႕ရတယ္ ေဖာ္ေရြတယ္၊ အျပဳံးေတြက ေတာက္ပတယ္၊ ရင္ကိုေႏြးေစတယ္။ တကယ္လို့ ဘယ္လိုျပဳံးရမယ္ဆိုတာကို သင္ေမ့ေနရင္ ျမန္မာျပည္ကိုတစ္ေခါက္ သြားလည္လိုက္ပါတဲ့။ အျပဳံးေတြအမ်ားႀကီးသင္ရခ်င္ရင္လည္း

ျမန္မာျပည္ကိုသြားလိုက္ပါ ျမန္မာျပည္ကလူေတြက ဘယ္လိုျပဳံးရမယ္ဆိုတာကို နားလည္တယ္၊ ဒါဟာ ရင္ထဲကလာတဲ့အျပဳံး၊ တုံ႔ျပန္မွုမလိုတဲ့အျပဳံး၊ သင့္ကိုေက်နပ္ေစမယ့္အျပဳံး၊ ရင္ထဲကေပ်ာက္ ဆုံးေနတဲ့အလွကို သင္ျပန္ရွာေတြ႕ေစမယ့္အျပဳံးျဖစ္တယ္”တဲ့။ သူမ နိုင္ငံေတာ္ေတာ္မ်ားမ်ား

သြားဖူးတဲ့ တကယ့္ပေရာ္ဖက္ရွင္နယ္ ခရီးသြားေတြဟာ နိုင္ငံတစ္နိုင္ငံကိုေရာက္ရင္လူကိုယ္တိုင္ဖန္တီးထားတဲ့ အလွေတြထက္ အဲဒီနိုင္ငံရဲ့ ရိုးရာဓေလ့၊ လူေနမွု၊ ယဥ္ေက်းမွု၊ သဘာဝကို ပိုစိတ္ဝင္ စားၾကတာပါ။ဖြံ့ၿဖိဳးတိုးတက္ေနတဲ့ သူတို့ရဲ့ ၿမိဳ့ျပႀကီးကိုခြာၿပီးတကယ့္သဘာဝတရားနဲ႔

ထိေတြ႔လို႔ရနိုင္မယ့္ေနရာကို ပိုႀကိဳက္ၾကပါတယ္ ေက်ာပိုးအိတ္တစ္လုံးနဲ႔ ကမၻာအႏွံ့ခရီးသြားၾကသူေတြဟာ ဟိုတယ္ႀကီးမွာထက္ လူေနရပ္ကြက္ေလးမွာ ဖြင့္ထားတဲ့ ဧည့္ရိပ္သာမွာ တည္းရတာကိုႀကိဳက္တယ္။ တကယ့္ အထင္ကရေနရာေတြထက္ ရပ္ကြက္ထဲ၊ ၿမိဳ့သူၿမိဳ့သားနဲ႔

ပိုနီးစပ္နိုင္မယ့္ေနရာေတြကို ပိုၿပီးစိတ္ဝင္စားၾကတာပါ။ဒါမွ ဒီနိုင္ငံရဲ့ရိုးရာဓေလ့ ယဥ္ေက်းမွုကို ေလ့လာရၿပီး လာလည္ရက်ိဳးနပ္မွာေလ။ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားၾကတဲ့အခါ ကၽြန္မတို့လည္းအတတ္နိုင္ဆုံး ၿမိဳ့ျပထက္ သဘာဝနဲ႔ ပိုနီးစပ္နိုင္မယ့္ ေတာရြာေတာေတာင္ေတြကိုပိုဦးစားေပးၿပီး

ေရြးျဖစ္တယ္။ ဒီတစ္ေခါက္ကမၻာႀကီးက်န္းမာလာတဲ့အခါ ဘူတန္ကို သြားလည္ခ်င္ပါေသးတယ္။ ဖတ္ရွု့အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ကိုယ့္နိုင္ငံရဲ့သဘာဝအလွတရားေတြ မေပ်ာက္ပ်က္ခင္ မဖ်က္စီးခံရခင္ ကိုယ္ကိုယ္တိုင္က ကိုယ့္ပတ္ဝန္းက်င္ကို ထိန္းသိမ္းဖို့လိုပါတယ္။

တခ်ိဳ့ေသာ ရိုးရာဓေလ့ေတြဟာလည္း ေပ်ာက္ပ်က္လုနီးပါး ျဖစ္ေနပါၿပီ။ ဒါ့ေၾကာင့္ သဘာဝတရားနဲ႔ ရိုးရာဓေလ့ေလးေတြ မေပ်ာက္ပ်က္ေအာင္ထိန္းသိမ္းထားၾကဖို့ ေမတၱာရပ္အပ္ခံပါတယ္ ပရိသတ္ႀကီးအားလုံးကိုယ္စိတ္ႏွစ္ျဖာ

က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္ရႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ နိုင်ငံခြားသူတစ်ယောက်ဖြစ်တဲ့ ပေါက်ဖော်မလေးမှ မိမိတို့မိခင်နိုင်ငံကြီး မြန်မာနိုင်ငံရဲ့ သဘာဝတရားတွေအကြောင်းကို ရေးသားဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ သူမကတော့ကမ္ဘာအနှံ့ခရီးသွားနေသူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ၁၉၉၉ ခုနှစ်ဆယ်နှစ်အရွယ်တုန်းက ယူနန်ပြည်မှာရှမ်းလူမျိုးတွေနေထိုင်တဲ့ ဆစ်ဆောင်ပန်း နားကိုရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာဂိုက် တစ်ယောက် နောက်လိုက်ပြီး မူဆယ်ဘက်ကို အလည်ရောက်လာခဲ့တယ်။ အဲဒီကနေမှ မြန်မာပြည်ကိုသူမစိတ်ဝင်စားသွားတာ ဖြစ်တယ်။

၁၅ နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ မြန်မာပြည်ကို သူမရောက်လာခဲ့တယ် ဒါဟာ သူမရဲ့ ၁၆နိုင်ငံမြောက် ခရီးစဉ်လည်းဖြစ်တယ် မြန်မာပြည်ဟာ ဘုရားပုထိုးစေတီတွေ ပေါများကြောင်း၊ သဘာဝတရားတွေနဲ့ ပြည့်နှက်နေပြီး ရှုမျှော်ခင်းတွေကလည်း အရမ်းကိုလှပနေကြောင်း

သူအများကြီးရေးသားထားခဲ့တယ်။ သူမရေးထားတဲ့ထဲက ကျွန်မသဘောကျမိတာက သူ့ပို့စ်ကို သူပေးထားတဲ့ခေါင်းစဉ်လေးပါ။ “မြန်မာပြည်ကို သွားမလည်သေးရင် သိပ်နောက်ကျသွားလိမ့်မယ်”တဲ့။ ဖွံ့ဖြိုးစတိုင်းပြည်မို့ မြန်မာပြည်ဟာ သဘာဝတရားတွေနဲ့သူ့နဂိုပုံစံအတိုင်းအရမ်းကို

လှပနေသေးတယ်။ တကယ်လို့ ဒီအချိန်မှာသွားလည်တာ နောက်ကျခဲ့ရင် သဘာဝတရားတွေဟာ ဖျက်ဆီးခံရပြီး သူ့နဂိုပုံစံကို မြင်ရတော့မှာမဟုတ်ဘူးတဲ့။ နောက်တစ်ခု သူမရေးထားတာက “မြန်မာပြည်ကလူတွေဟာ ဆင်းရဲပေမယ့် သဒ္ဓါတရားထက်သန်ကြတယ်၊ ဆင်းရဲပေမယ့်

သူတို့ရဲ့မျက်နှာပေါ်မှာ ငြိမ်းချမ်းခြင်းနဲ့အပြုံးကို တွေ့ရတယ် ဖော်ရွေတယ်၊ အပြုံးတွေက တောက်ပတယ်၊ ရင်ကိုနွေးစေတယ်။ တကယ်လို့ ဘယ်လိုပြုံးရမယ်ဆိုတာကို သင်မေ့နေရင် မြန်မာပြည်ကိုတစ်ခေါက် သွားလည်လိုက်ပါတဲ့။ အပြုံးတွေအများကြီးသင်ရချင်ရင်လည်း

မြန်မာပြည်ကိုသွားလိုက်ပါ မြန်မာပြည်ကလူတွေက ဘယ်လိုပြုံးရမယ်ဆိုတာကို နားလည်တယ်၊ ဒါဟာ ရင်ထဲကလာတဲ့အပြုံး၊ တုံ့ပြန်မှုမလိုတဲ့အပြုံး၊ သင့်ကိုကျေနပ်စေမယ့်အပြုံး၊ ရင်ထဲကပျောက် ဆုံးနေတဲ့အလှကို သင်ပြန်ရှာတွေ့စေမယ့်အပြုံးဖြစ်တယ်”တဲ့။ သူမ နိုင်ငံတော်တော်များများ

သွားဖူးတဲ့ တကယ့်ပရော်ဖက်ရှင်နယ် ခရီးသွားတွေဟာ နိုင်ငံတစ်နိုင်ငံကိုရောက်ရင်လူကိုယ်တိုင်ဖန်တီးထားတဲ့ အလှတွေထက် အဲဒီနိုင်ငံရဲ့ ရိုးရာဓလေ့၊ လူနေမှု၊ ယဉ်ကျေးမှု၊ သဘာဝကို ပိုစိတ်ဝင် စားကြတာပါ။ဖွံ့ဖြိုးတိုးတက်နေတဲ့ သူတို့ရဲ့ မြို့ပြကြီးကိုခွာပြီးတကယ့်သဘာဝတရားနဲ့

ထိတွေ့လို့ရနိုင်မယ့်နေရာကို ပိုကြိုက်ကြပါတယ် ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားကြသူတွေဟာ ဟိုတယ်ကြီးမှာထက် လူနေရပ်ကွက်လေးမှာ ဖွင့်ထားတဲ့ ဧည့်ရိပ်သာမှာ တည်းရတာကိုကြိုက်တယ်။ တကယ့် အထင်ကရနေရာတွေထက် ရပ်ကွက်ထဲ၊ မြို့သူမြို့သားနဲ့

ပိုနီးစပ်နိုင်မယ့်နေရာတွေကို ပိုပြီးစိတ်ဝင်စားကြတာပါ။ဒါမှ ဒီနိုင်ငံရဲ့ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေ့လာရပြီး လာလည်ရကျိုးနပ်မှာလေ။ သူငယ်ချင်းတွေနဲ့ ခရီးသွားကြတဲ့အခါ ကျွန်မတို့လည်းအတတ်နိုင်ဆုံး မြို့ပြထက် သဘာဝနဲ့ ပိုနီးစပ်နိုင်မယ့် တောရွာတောတောင်တွေကိုပိုဦးစားပေးပြီး

ရွေးဖြစ်တယ်။ ဒီတစ်ခေါက်ကမ္ဘာကြီးကျန်းမာလာတဲ့အခါ ဘူတန်ကို သွားလည်ချင်ပါသေးတယ်။ ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ့်နိုင်ငံရဲ့သဘာဝအလှတရားတွေ မပျောက်ပျက်ခင် မဖျက်စီးခံရခင် ကိုယ်ကိုယ်တိုင်က ကိုယ့်ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုပါတယ်။

တချို့သော ရိုးရာဓလေ့တွေဟာလည်း ပျောက်ပျက်လုနီးပါး ဖြစ်နေပါပြီ။ ဒါ့ကြောင့် သဘာဝတရားနဲ့ ရိုးရာဓလေ့လေးတွေ မပျောက်ပျက်အောင်ထိန်းသိမ်းထားကြဖို့ မေတ္တာရပ်အပ်ခံပါတယ် ပရိသတ်ကြီးအားလုံးကိုယ်စိတ်နှစ်ဖြာ

ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။