အမှတ်၉ကျေးရွာအုပ်စုတွင် ရှားပါး “ကြံ့သူတော်” တစ်ကောင်အားတွေ့ရှိ၍ တာဝန်ရှိများထံ အပ်နှံခဲ့ကြ
ယူနီကုဒ်ဖြင့် ဖတ်ရန်
တနသ်ာရီမြို့နယ်၊ အမှတ်၉ ကျေးရွာအနီး (ဒေသအခေါ်) ဖောင်ဆိပ်ချောင်းဖျားတွင် ဥယျဉ်ခြံလုပ်ကိုင်နေသူတစ်ဦးတွင် ကြံ့သူတော်(ဒေသအခေါ်) တလာရှု့ တောရိုင်းတိရိစ္ဆာန်
တစ်ကောင်အား ဥယျဉ်ခြံအစပ်တွင် လက်ကြိုးတန်းလန်းဖြင့် တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး သစ်တောဌာန တာဝန်ရှိပုဂ္ဂိုလ်များထံသို့ သတင်းပို့ အကြောင်းကြားထားကြောင်းသိရှိရပါသည်။
အဆိုပါ “ကြံ့သူတော်” သည်အမြင့်ပေ ၃ပေခွဲ “အလျှား ၆ပေ၆လက္မ” ရှိကြောင်းသိရပါသည်။ ၎င်း၏ လက်တွင်ကြိုးသွတ်ကိုင်း မိထားတဲ့ဒဏ်ရာ ကြောင့် သွားလာနိုင်ခြင်းမရှိသေးဘဲ့
ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရပါသည်။ ဒေသခံများပြောကြားချက်အရ ကြံသူတော် သည်ဝါတွင်းကာလတွင် လူပုဂ္ဂိုလ်သီလများကဲ့သို့ ဝါတွင်း ၃လ တရားထိုင်သည်အနေဖြင့်
အစာရှာစားခြင်းမရှိဘဲ့ မိမိအနီးပတ်ဝန်းကျင် ၁၀ပေ ပတ်လည်ခန့်သာ အစားစား၍ ဥပုဒ်သိလယူသည့် ရှားပါးတိရိစ္ဆာန်တစ်ကောင် ဖြစ်ကြောင်းသိရပါသည်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Aye Min Ko