လတ်တလောရိုက်ကူးထားတဲ့ကြေငြာတစ်ခုနဲ့ပတ်သတ်ပြီး​တော့ ပရိတ်သတ်တွေရဲ့​ဝေဖန် ပြစ်တင်မှုများစွာခံနေရ​သော ဖြူဖြူထွေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
လတ်တလောမှာ ကြော်ငြာမင်းသမီးဖြူဖြူးထွေကို ပြသနာအကြီးကြီး တက်သွားစေခဲ့ Secretary လေးတယောက်ရဲ့ ပြင်းပြင်းထန်ထန်ရှုံ့ချချက်။ ဖြူဖြူထွေးရဲ့ကြော်ငြာတစ်ခုနဲ့ပတ်သက်ပြီး လွဲမှားစွာသရုပ်ဆောင်ချက်များကြောင့် တကယ့်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့စက္ကထရီ
အမျိုးသမီးတစ်ဦးဟာသူမရဲ့ခံစားချက်ကို ” ဖြူဖြူထွေးနှင့်ဒါရိုက်တာ စတီးလ် သိစေရန် စက္ကထရီ Career ကိုထည့်သွင်းရိုက်ကူးပြီး professionalism ကို နားမလည်ဘဲစော်ကားပုံဖော်ထားတဲ့ ကြေညာကို ကျွန်မလုံးဝရှုံချပါတယ်။ Secretary လို့ပြောလာရင် ဟိုးအရင် မြန်မာပေါကားများ
လက်ထက်ထဲက ဒီလို misconcept တွေနဲ့တလွဲတွေရိုက်လာတာမနည်းတော့ပါဘူး။ ဒါတွေကို ပြန်ပြီးပြောချင်လို့ရယ်နဲ့ career ကို educate လုပ်ဖို့ ကျွန်မတို့ မြန်မာနိုင်ငံအတွင်းရေးမှူးများအသင်း MyanmarProfessionalSecretaryAssociation (MPSA) ကို ဖွဲ့စည်းခဲ့ပြီးပါပြီ။
လုပ်ငန်းခွင်မှာ မသင့်တော်တဲ့စကားလုံး အသုံးအနှုံးတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ဘယ်လို secretary တယောက်မှမလုပ်ပါဘူး၊ လုပ်လို့လဲမရပါဘူး” အနေအထိူင်အပြောအဆိုကအစ ဆင်ခြင်ပြီး သတိထားနေရတဲ့ Career ပါ။ ကျွန်မနဲ့သိတဲ့ အဖွဲ့အစည်း အသီးသီးက Secretary ပေါင်း
အယောက် (၂၀) နဲ့မနည်းရှိပြီးတော့ ကျွန်မတို့ MPSA မှာတင် member ပေါင်းအယောက် (၆၀) ကျော်ရှိတာတစ်ဦးတယောက်မှ အခုလောက်ထိ ရိုင်းစိုင်းပြီး ဗရမ်းပတာဖြစ်တဲ့သူတွေတယောက်မှ မပါပါဘူး။ Workplace harassment ပပျောက်ဖို့ လှုပ်ရှားကြတဲ့ခေတ်မှာသားပြောမယားပြော
ဒိုင်ယာလော့ခ်တွေဟာ အော်ဂလီဆန်နေပါပြီ။ အိုကြီးအိုမနဲ့ Secretary ဖြစ်ချင်သေးတဲ့ဆိုတာက ပါလိုက်သေးလို့ ကျွန်မတို့ Secretary မှာအပျို၊ အအို၊ အသက်အရွယ် အပိုင်းအခြားမရှိသလို အရည်အချင်းအပြည့်အဝနဲ့ လုပ်ကိုင်နေကြတဲ့ လေးစားရတဲ့စီနီယာ Secretary ကြီးများ ဒီ video ကို
ကြည့်မိပြီး စိတ်မကောင်း ဖြစ်သွားမှာကိုကျွန်မစိတ်ပူပါတယ်။ ”အနုပညာကိုပညာရှင်လို မဖန် တီးနိုင်ရင် ဆက်မလုပ်ပါနဲ့။ စားဝတ်နေရေး ခက်ခဲလို့ လုပ်မယ်ဆိုလည်းသူများကို မထိခိုက်ပါစေနဲ့။ ဒါကြောင့် ဒါရိုက်တာ စတီးလ်ရော ဖြူဖြူထွေးရော ဆင်ခြင်နိုင်ဖို့ ကျွန်မဒီနေရာကနေ
သတိပေးပါရစေ။ ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။ ကျွန်မSecretaryတစ်ဦးပါ Secretary Career ဟာ အခုလို အနှိမ့်ချခံ career တစ်ခု မဟုတ်ကြောင်း ပိုပြီးတွင်တွင် ကျယ်ကျယ်ပြောဖို့လိုနေပါပြီ။ ” ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါ တယ်။
ပရိသတ်ကြီးရဲ့အမြင်ကိုလည်း မှတ်ချက်လေး ရေးပေးခဲ့ပါဦး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်