ခ်စ္ရပါ​ေသာ​ေကာင္မေလးကို တကၠသိုလ္တက္ဖို႔အတြက္​ အလုပ္လုပ္ၿပီးေက်ာင္းထားေပးခဲ့တဲ့ ေကာင္ေလး

ဖိလစ္ပိုင္နိုင္ငံ၊ San Jose Del Monte မွ Ador Adrian Gabrieles ႏွင့္ Aira Arcamo တို႔ႏွစ္ေယာက္က အထက္တန္းေက်ာင္းသား ဘဝထဲက ခ်စ္သူေတြျဖစ္လာခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ဟာ အခ်စ္နဲ႕ေအာင္ျမင္မႈကို ႀကိဳးစားရယူနိုင္ေၾကာင္း သက္ေသျပခဲ့တာပါ။ ဇာတ္လမ္းကေတာ့

Ador နဲ႔ Aira တို႔ဟာအထက္တန္းေက်ာင္း ၿပီးသြားတဲ့ ႏွစ္ကစခဲ့တာပါ။ ေကာင္မေလးက တစ္ရက္ေတာ့သူ႔ခ်စ္သူဆီလာၿပီး တကၠသိုလ္မတက္နိုင္ေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔အိမ္က သူ႔​ေမာင္ႏွမေတြအကုန္လုံး ေက်ာင္းအပ္နိုင္ခဲ့ေပမယ့္သူမကိုေတာ့

အိမ္ကမတတ္နိုင္လို႔ဆိုၿပီး ေက်ာင္းဆက္မတက္ခိုင္းေၾကာင္းေျပာၿပီး ငိုေနခဲ့ပါတယ္။ အဲ့လိုနဲ႕ Ador ဟာခ်စ္သူမ်က္ရည္က်တာကိုမျမင္ရက္တဲ့အတြက္ Aira ကိုေက်ာင္းတစ္ကယ္တက္ခ်င္ လားလို႔ေမးခဲ့ၿပီး Aira ဟာေခါင္းၿငိမ့္ျပတဲ့အတြက္ ခ်စ္သူေကာင္ေလးကေကာင္မေလးကို၊

ေက်ာင္းသြားအပ္ၿပီးတက္လိုက္ ဘြဲ႔ရတဲ့အထိ ေက်ာင္းစရိတ္နဲ႔က်ဴရွင္စရိတ္ကို ငါအကုန္ရွာေပးမယ္ဆိုၿပီးေကာင္မေလးကိုကတိေပးခဲ့ပါတယ္။ ဒီအခ်ိန္မွာေကာင္ေလးကအသက္ ၁၈ ႏွစ္သာရွိၿပီး ပညာအရည္အခ်င္းကလည္း အထက္တန္းေအာင္႐ုံသာ ရွိေသးသည္။ ဒါ့အျပင္

အဂၤလိပ္ဘာသာစကားကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္မတတ္ေသးေတာ့အင္တာဗ်ဴးတိုင္းဟာလည္း မေအာင္ျမင္ခဲ့ပါဘူး။ ဖိလစ္ပိုင္နိုင္ငံရဲ႕ ႐ုံးသုံးစကားဟာလည္း 90% ေလာက္ကအဂၤလိပ္လို ျဖစ္တဲ့အတြက္ ေကာင္ေလးဟာလည္း ေျပာေလ့ေျပာထမရွိတာေၾကာင့္အလုပ္ရဖို႔

အရမ္းခက္ခဲခဲ့ပါတယ္။ေနာက္ဆုံးမွာေတာ့ ရာထူးအနိမ့္ပိုင္းထဲက အေရာင္းဝန္ထမ္းလိုမ်ိဳး ဆိုင္ေတြနဲ႕ဆက္သြယ္၊ စာေပးစာယူလုပ္ရတဲ့အလုပ္ကို ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္းပစၥည္းေတြကို ထမ္းပို႔ရ အရပ္ထဲကလူေတြနဲ႔ဆက္ဆံရာမွာလည္း မတူသလိုမတန္သလို႐ြံသလိုလိုေတြ

ဆက္ဆံံရခံခဲ့ရၿပီးလစာလည္းနည္းလြန္းတာေၾကာင့္ လုံးဝကို အဆင္မေျပျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ ခ်စ္သူေကာင္မေလးရဲ႕မ်က္ႏွာေၾကာင့္သာ ဒီအလုပ္ကိုပဲ ႀကိဳးစားလုပ္ကိုင္ရင္းတစ္ဖက္မွာလည္း သူအားနည္းတဲ့ အဂၤလိပ္ဘာသာရပ္ကို အျပင္းအထန္ေလ့လာခဲ့ပါတယ္။ အလုပ္လုပ္ရင္း

အလုပ္ပိတ္ရက္ေတြမွာအင္တာဗ်ဴးေတြလိုက္ေျဖရင္း တစ္ရက္မွာေတာ့ Call Center တစ္ခုမွာ အလုပ္တစ္ေနရာရခဲ့ပါတယ္။ လစာကလည္း အသင့္အတင့္ရရွိၿပီး အရင္လို ကာယအားနဲ႕ ေနပူထဲမွာ ပင္ပင္ပန္းပန္းေတြ မလုပ္ရေတာ့တာမို႔ ေကာင္ေလးဟာ ဒီအလုပ္မွာပဲအေျခခ်ၿပီး

လုုပ္ကိုင္ခဲ့ပါတယ္။ ေကာင္ေလးက သူအလုပ္ႀကိဳးစားရတာနဲ႔တန္ေအာင္သူရဲ႕ခ်စ္သူေကာင္မေလးကိုတစ္ႏွစ္တစ္တန္း မွန္မွန္ေအာင္ေအာင္ ႀကိဳးစားေပးၿပီးလိမ္လိမ္မာမာေနေပးခဲ့တဲ့အတြက္ ခ်ီးက်ဴးတဲ့စာေလးကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာပါ။ သို႔ေပမယ့္လူမႈကြန္ရက္

အသုံးျပဳသူေတြက ေဝဖန္အျပစ္တင္ခဲ့ၾကၿပီး ေကာင္ေလးက ​ႀကိဳးႀကိဳးစားစားအလုပ္လုပ္ၿပီး ေက်ာင္းထားေပးခဲ့ေပမယ့္ ခ်စ္သူေကာင္မေလးက အလုပ္ရတာနဲ႔ ေကာင္ေလးကိုပစ္သြားမွာဆိုၿပီး ေျပာဆိုေနခဲ့ပါတယ္။ ဒီလိုနဲ႕ Ador နဲ႕ Aria တို႔ ႏွစ္ေယာက္ဟာလိုလိုလားလားနဲ႔

သေဘာတူညီမႈတစ္ခု ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါကေတာ့ ေကာင္မေလးဘြဲ႔ရလို႔ လစာအဆင္ေျပတဲ့ အလုပ္တစ္ခုရခဲ့ရင္ ေကာင္ေလးကတစ္လွည့္ အလုပ္ထြက္ၿပီးေက်ာင္းျပန္တတ္မွာပါ။ ဒါကိုေတာ့ သူတို႔ခ်စ္သူႏွစ္ဦးတစ္ေယာက္ကိုတစ္ေယာက္ သေဘာတူညီခ်က္ျဖစ္ၿပီး

သူတို႔ၾကားထဲက အတြင္းေရးကိုမသိၾကပဲ ေဝဖန္ေနခဲ့ၾကတဲ့သူေတြကိုေတာ့ သူတို႔ခ်စ္သူႏွစ္ေယာက္လုံးကလုံးဝလ်စ္လ်ဴရႉထားခဲ့ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈ႕အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္းပတ္ဝန္းက်င္ကေသြးထိုးတဲ့ ၾကားစကားေတြကိုပစ္ပယ္ၿပီးတစ္ေယာက္ကိုတစ္ေယာက္

ယုံၾကည္ၿပီးနားလည္စြာနဲ႔ ေရွ႕ဆက္နိုင္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီစာထဲက ေကာင္​ေလးနဲ႔ေကာင္မေလး ရဲ႕ လုပ္ရပ္ေလးေတြက အရမ္းကို ေလးစားၿပီး ခ်ီးက်ဴးဖို႔ေကာင္းပါတယ္ေနာ္။ ပရိသတ္ႀကီးအားလုံးလည္းကိုယ္စိတ္ႏွစ္ျဖာ

က်န္းမာ ခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဖိလစ်ပိုင်နိုင်ငံ၊ San Jose Del Monte မှ Ador Adrian Gabrieles နှင့် Aira Arcamo တို့နှစ်ယောက်က အထက်တန်းကျောင်းသား ဘဝထဲက ချစ်သူတွေဖြစ်လာခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အချစ်နဲ့အောင်မြင်မှုကို ကြိုးစားရယူနိုင်ကြောင်း သက်သေပြခဲ့တာပါ။ ဇာတ်လမ်းကတော့

Ador နဲ့ Aira တို့ဟာအထက်တန်းကျောင်း ပြီးသွားတဲ့ နှစ်ကစခဲ့တာပါ။ ကောင်မလေးက တစ်ရက်တော့သူ့ချစ်သူဆီလာပြီး တက္ကသိုလ်မတက်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အိမ်က သူ့မောင်နှမတွေအကုန်လုံး ကျောင်းအပ်နိုင်ခဲ့ပေမယ့်သူမကိုတော့

အိမ်ကမတတ်နိုင်လို့ဆိုပြီး ကျောင်းဆက်မတက်ခိုင်းကြောင်းပြောပြီး ငိုနေခဲ့ပါတယ်။ အဲ့လိုနဲ့ Ador ဟာချစ်သူမျက်ရည်ကျတာကိုမမြင်ရက်တဲ့အတွက် Aira ကိုကျောင်းတစ်ကယ်တက်ချင် လားလို့မေးခဲ့ပြီး Aira ဟာခေါင်းငြိမ့်ပြတဲ့အတွက် ချစ်သူကောင်လေးကကောင်မလေးကို၊

ကျောင်းသွားအပ်ပြီးတက်လိုက် ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်နဲ့ကျူရှင်စရိတ်ကို ငါအကုန်ရှာပေးမယ်ဆိုပြီးကောင်မလေးကိုကတိပေးခဲ့ပါတယ်။ ဒီအချိန်မှာကောင်လေးကအသက် ၁၈ နှစ်သာရှိပြီး ပညာအရည်အချင်းကလည်း အထက်တန်းအောင်ရုံသာ ရှိသေးသည်။ ဒါ့အပြင်

အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မတတ်သေးတော့အင်တာဗျူးတိုင်းဟာလည်း မအောင်မြင်ခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံရဲ့ ရုံးသုံးစကားဟာလည်း 90% လောက်ကအင်္ဂလိပ်လို ဖြစ်တဲ့အတွက် ကောင်လေးဟာလည်း ပြောလေ့ပြောထမရှိတာကြောင့်အလုပ်ရဖို့

အရမ်းခက်ခဲခဲ့ပါတယ်။နောက်ဆုံးမှာတော့ ရာထူးအနိမ့်ပိုင်းထဲက အရောင်းဝန်ထမ်းလိုမျိုး ဆိုင်တွေနဲ့ဆက်သွယ်၊ စာပေးစာယူလုပ်ရတဲ့အလုပ်ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းပစ္စည်းတွေကို ထမ်းပို့ရ အရပ်ထဲကလူတွေနဲ့ဆက်ဆံရာမှာလည်း မတူသလိုမတန်သလိုရွံသလိုလိုတွေ

ဆက်ဆံံရခံခဲ့ရပြီးလစာလည်းနည်းလွန်းတာကြောင့် လုံးဝကို အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ချစ်သူကောင်မလေးရဲ့မျက်နှာကြောင့်သာ ဒီအလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်ရင်းတစ်ဖက်မှာလည်း သူအားနည်းတဲ့ အင်္ဂလိပ်ဘာသာရပ်ကို အပြင်းအထန်လေ့လာခဲ့ပါတယ်။ အလုပ်လုပ်ရင်း

အလုပ်ပိတ်ရက်တွေမှာအင်တာဗျူးတွေလိုက်ဖြေရင်း တစ်ရက်မှာတော့ Call Center တစ်ခုမှာ အလုပ်တစ်နေရာရခဲ့ပါတယ်။ လစာကလည်း အသင့်အတင့်ရရှိပြီး အရင်လို ကာယအားနဲ့ နေပူထဲမှာ ပင်ပင်ပန်းပန်းတွေ မလုပ်ရတော့တာမို့ ကောင်လေးဟာ ဒီအလုပ်မှာပဲအခြေချပြီး

လုုပ်ကိုင်ခဲ့ပါတယ်။ ကောင်လေးက သူအလုပ်ကြိုးစားရတာနဲ့တန်အောင်သူရဲ့ချစ်သူကောင်မလေးကိုတစ်နှစ်တစ်တန်း မှန်မှန်အောင်အောင် ကြိုးစားပေးပြီးလိမ်လိမ်မာမာနေပေးခဲ့တဲ့အတွက် ချီးကျူးတဲ့စာလေးကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။ သို့ပေမယ့်လူမှုကွန်ရက်

အသုံးပြုသူတွေက ဝေဖန်အပြစ်တင်ခဲ့ကြပြီး ကောင်လေးက ကြိုးကြိုးစားစားအလုပ်လုပ်ပြီး ကျောင်းထားပေးခဲ့ပေမယ့် ချစ်သူကောင်မလေးက အလုပ်ရတာနဲ့ ကောင်လေးကိုပစ်သွားမှာဆိုပြီး ပြောဆိုနေခဲ့ပါတယ်။ ဒီလိုနဲ့ Ador နဲ့ Aria တို့ နှစ်ယောက်ဟာလိုလိုလားလားနဲ့

သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒါကတော့ ကောင်မလေးဘွဲ့ရလို့ လစာအဆင်ပြေတဲ့ အလုပ်တစ်ခုရခဲ့ရင် ကောင်လေးကတစ်လှည့် အလုပ်ထွက်ပြီးကျောင်းပြန်တတ်မှာပါ။ ဒါကိုတော့ သူတို့ချစ်သူနှစ်ဦးတစ်ယောက်ကိုတစ်ယောက် သဘောတူညီချက်ဖြစ်ပြီး

သူတို့ကြားထဲက အတွင်းရေးကိုမသိကြပဲ ဝေဖန်နေခဲ့ကြတဲ့သူတွေကိုတော့ သူတို့ချစ်သူနှစ်ယောက်လုံးကလုံးဝလျစ်လျူရှူထားခဲ့ပါတယ်။ အချိန်ပေးပြီး ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်းပတ်ဝန်းကျင်ကသွေးထိုးတဲ့ ကြားစကားတွေကိုပစ်ပယ်ပြီးတစ်ယောက်ကိုတစ်ယောက်

ယုံကြည်ပြီးနားလည်စွာနဲ့ ရှေ့ဆက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ ဒီစာထဲက ကောင်လေးနဲ့ကောင်မလေး ရဲ့ လုပ်ရပ်လေးတွေက အရမ်းကို လေးစားပြီး ချီးကျူးဖို့ကောင်းပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်းကိုယ်စိတ်နှစ်ဖြာ

ကျန်းမာ ချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။