(3) ႏွစ္သားကေလး​ေလးရဲ႕ အသက္ကိုႏွုတ္ယူသြား​ေသာ ရွပ္အကၤ်ီက ေရႊၾကယ္သီးေလး

”ဆရာမရယ္ကြၽန္မသားေလးကို ကယ္ပါဦး” ကေလး မ်က္စိထဲဓာတ္မီးနဲ႔ထိုးၾကည့္ၿပီး ျပန္အလွည့္မွာ ကေလးအေမရဲ႕ ငိုသံစြက္ေနတဲ့စကားေၾကာင့္ သက္ျပင္းခိုးခ်လိုက္မိတယ္။ ကေလးရဲ႕ သူငယ္အိမ္ကတုန့္ျပန္မႈမရွိက်ယ္ႏွင့္ၿပီ။ ကေလးရဲ႕ ဦးေႏွာက္ကေသႏွင့္ၿပီဆိုတဲ့အေၾကာင္း

ဘယ္လိုအင္အားနဲ႔ရွင္းျပရပါ့။ ခုန္ေပါက္ေျပးလႊား​ေဆာ့ကစားေနတဲ့ သားျဖဴတုတ္ေလး နာရီဝက္ေလာက္အတြင္းဒီလိုအျဖစ္ဆိုးမ်ိဳးႀကဳံရမယ္လို႔ ဒီအေမဘယ္ထင္မိပါ့မလဲ။ တရားခံက သိပ္လွတဲ့ ”ၾကယ္သီးေလးတလုံး”ကေလးအေမကအဝတ္ေလွ်ာ္ေနခဲ့တယ္။ဧည့္ခန္းထဲမွာသားကေလး

ကစားေနတယ္။ အဝတ္ေလွ်ာ္ခါနီးအေဖလုပ္ သူရဲ႕ ရွပ္အက်ီကေ႐ႊၾကယ္သီးေလးကို အေမက တီဗီစင္ေပၚတင္ထားလိုက္တယ္။ ခဏေနေတာ့ ကေလးက တဂစ္ဂစ္နဲ႔လဲက်သြားတာေတြ႔လိုက္ရတယ္။ အေမမွာထမီရင္လ်ားနဲ႔အူယားဖားရား ေျပးလာၾကည့္လိုက္ေတာ့သားကေလးက

မ်က္ျဖဴလန္ၿပီးသတိလစ္ေနၿပီ။ တီဗီစင္ေပၚမွာ ၾကယ္သီးေလးကို မေတြ႔ရေတာ့။ အိမ္သားေတြကို ေအာ္ဟစ္ေခၚၿပီးကေလးကိုေဆး႐ုံကို အျမန္ဆုံးေခၚလာခဲ့။ အေရးေပၚ႒ာနကဆရာဝန္ေတြ ကေလးေရာက္လာခ်င္း လည္ေခ်ာင္းထဲၾကည့္တဲ့မွန္ေျပာင္းနဲ႔ၾကည့္လိုက္ေတာ့ေလႁပြန္အဝမွာ

တစ္ေနတဲ့ ၾကယ္သီးကိုေတြ႔။ အလ်င္အျမန္ထုတ္။ ၿပီးတာနဲ႔အသက္ရႈပိုက္ထည့္။ ႏွလုံးနဲ႔အဆုတ္ကို ျပန္အလုပ္လုပ္ေအာင္ အသက္ကယ္နည္းေတြနဲ႔ကုသ။ ဒါေတြအားလုံးၿပီးေတာ့ အထူးၾကပ္မတ္ကုသေဆာင္ကိုပို႔။ အသက္ရႉစက္တင္။ ႏွလုံးျပန္ခုန္လာ။ အသက္မရႉတာကို

အသက္ရႉစက္ကရႉေပးေန။ လိုအပ္တဲ့ေဆးဝါးေတြနဲ႔အေၾကာေဆးေတြေပးထား။ ေအာက္ဆီဂ်င္ျပတ္လပ္တာကိုငါးမိနစ္ထက္ပိုမခံနိုင္တဲ့ ဦးေႏွာက္ဆဲလ္ေတြက ထႂကြေသာင္းက်န္း။ တဒိုင္းဒိုင္းနဲ႔အေၾကာတက္။ အေၾကာတက္တာ ရပ္ေတာ့ ဘာအလုပ္မွမလုပ္ေတာ့။ ဦးေႏွာက္ေသၿပီ။

ထိန္းခ်ဳပ္အမိန့္ေပးမယ့္ ဦးေႏွာက္ေသမွေတာ့ အေႏွးနဲ႕အျမန္ႏွလုံးခုန္တျဖည္းျဖည္းရပ္ေတာ့မယ္။ တျခားအဂၤါေတြ အလုပ္လုပ္တာတျဖည္းျဖည္းရပ္ေတာ့မယ္။ ”နက္ျဖန္ဆို သားေလးရဲ႕သုံးႏွစ္ျပည့္ေမြးေန႔ပါ ဆရာမရယ္” အေျခအေနအရပ္ရပ္ကို ရွင္းျပၿပီးတဲ့အခါမ်က္ရည္ပိုးပိုး

​ေပါက္ေပါက္က်ရင္း ေျပာရွာတယ္။ လူ႕ေလာကထဲ သုံးႏွစ္ပဲေနခြင့္ရရွာတဲ့ ကေလးရယ္ေနာင္ဘဝ ဒီလို အျဖစ္မ်ိဳးေဝးပါေစကြယ္။ လတ္တေလာ ျဖစ္ရပ္မွန္ဇာတ္လမ္းပါ။ ”Chocking လည္ေခ်ာင္းထဲ တစ္ဆို႔ျခင္း” ကိုမိဘမ်ားသတိျပဳနိုင္ေအာင္ ရင္နာနာနဲ႔​ေရးရပါတယ္။ အေမကိုခြင့္ေတာင္းၿပီး

ရိုက္ထားတဲ့ ၾကယ္သီးေလးပါ။ Chocking နဲ႕ပတ္သက္လို႔ ”ကေလးႏွင့္ Chocking အႏၲရာယ္” ဆိုၿပီး (အပိုင္း ၅ပိုင္း) ေရးထားပါတယ္။ ျပန္ဖတ္နိုင္ပါတယ္။ ခ်စ္စရာရင္ေသြးငယ္တို႔ ေဘးကင္းၾကပါေစ။ ​ေရးသားသူ ေဒါက္တာသက္ထားေ႐ႊစင္ဝင္း (ကေလးဆရာဝန္) ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

”ဆရာမရယ်ကျွန်မသားလေးကို ကယ်ပါဦး” ကလေး မျက်စိထဲဓာတ်မီးနဲ့ထိုးကြည့်ပြီး ပြန်အလှည့်မှာ ကလေးအမေရဲ့ ငိုသံစွက်နေတဲ့စကားကြောင့် သက်ပြင်းခိုးချလိုက်မိတယ်။ ကလေးရဲ့ သူငယ်အိမ်ကတုန့်ပြန်မှုမရှိကျယ်နှင့်ပြီ။ ကလေးရဲ့ ဦးနှောက်ကသေနှင့်ပြီဆိုတဲ့အကြောင်း

ဘယ်လိုအင်အားနဲ့ရှင်းပြရပါ့။ ခုန်ပေါက်ပြေးလွှားဆော့ကစားနေတဲ့ သားဖြူတုတ်လေး နာရီဝက်လောက်အတွင်းဒီလိုအဖြစ်ဆိုးမျိုးကြုံရမယ်လို့ ဒီအမေဘယ်ထင်မိပါ့မလဲ။ တရားခံက သိပ်လှတဲ့ ”ကြယ်သီးလေးတလုံး”ကလေးအမေကအဝတ်လျှော်နေခဲ့တယ်။ဧည့်ခန်းထဲမှာသားကလေး

ကစားနေတယ်။ အဝတ်လျှော်ခါနီးအဖေလုပ် သူရဲ့ ရှပ်အကျီကရွှေကြယ်သီးလေးကို အမေက တီဗီစင်ပေါ်တင်ထားလိုက်တယ်။ ခဏနေတော့ ကလေးက တဂစ်ဂစ်နဲ့လဲကျသွားတာတွေ့လိုက်ရတယ်။ အမေမှာထမီရင်လျားနဲ့အူယားဖားရား ပြေးလာကြည့်လိုက်တော့သားကလေးက

မျက်ဖြူလန်ပြီးသတိလစ်နေပြီ။ တီဗီစင်ပေါ်မှာ ကြယ်သီးလေးကို မတွေ့ရတော့။ အိမ်သားတွေကို အော်ဟစ်ခေါ်ပြီးကလေးကိုဆေးရုံကို အမြန်ဆုံးခေါ်လာခဲ့။ အရေးပေါ်ဋ္ဌာနကဆရာဝန်တွေ ကလေးရောက်လာချင်း လည်ချောင်းထဲကြည့်တဲ့မှန်ပြောင်းနဲ့ကြည့်လိုက်တော့လေပြွန်အဝမှာ

တစ်နေတဲ့ ကြယ်သီးကိုတွေ့။ အလျင်အမြန်ထုတ်။ ပြီးတာနဲ့အသက်ရှုပိုက်ထည့်။ နှလုံးနဲ့အဆုတ်ကို ပြန်အလုပ်လုပ်အောင် အသက်ကယ်နည်းတွေနဲ့ကုသ။ ဒါတွေအားလုံးပြီးတော့ အထူးကြပ်မတ်ကုသဆောင်ကိုပို့။ အသက်ရှူစက်တင်။ နှလုံးပြန်ခုန်လာ။ အသက်မရှူတာကို

အသက်ရှူစက်ကရှူပေးနေ။ လိုအပ်တဲ့ဆေးဝါးတွေနဲ့အကြောဆေးတွေပေးထား။ အောက်ဆီဂျင်ပြတ်လပ်တာကိုငါးမိနစ်ထက်ပိုမခံနိုင်တဲ့ ဦးနှောက်ဆဲလ်တွေက ထကြွသောင်းကျန်း။ တဒိုင်းဒိုင်းနဲ့အကြောတက်။ အကြောတက်တာ ရပ်တော့ ဘာအလုပ်မှမလုပ်တော့။ ဦးနှောက်သေပြီ။

ထိန်းချုပ်အမိန့်ပေးမယ့် ဦးနှောက်သေမှတော့ အနှေးနဲ့အမြန်နှလုံးခုန်တဖြည်းဖြည်းရပ်တော့မယ်။ တခြားအင်္ဂါတွေ အလုပ်လုပ်တာတဖြည်းဖြည်းရပ်တော့မယ်။ ”နက်ဖြန်ဆို သားလေးရဲ့သုံးနှစ်ပြည့်မွေးနေ့ပါ ဆရာမရယ်” အခြေအနေအရပ်ရပ်ကို ရှင်းပြပြီးတဲ့အခါမျက်ရည်ပိုးပိုး

ပေါက်ပေါက်ကျရင်း ပြောရှာတယ်။ လူ့လောကထဲ သုံးနှစ်ပဲနေခွင့်ရရှာတဲ့ ကလေးရယ်နောင်ဘဝ ဒီလို အဖြစ်မျိုးဝေးပါစေကွယ်။ လတ်တလော ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ”Chocking လည်ချောင်းထဲ တစ်ဆို့ခြင်း” ကိုမိဘများသတိပြုနိုင်အောင် ရင်နာနာနဲ့ရေးရပါတယ်။ အမေကိုခွင့်တောင်းပြီး

ရိုက်ထားတဲ့ ကြယ်သီးလေးပါ။ Chocking နဲ့ပတ်သက်လို့ ”ကလေးနှင့် Chocking အန္တရာယ်” ဆိုပြီး (အပိုင်း ၅ပိုင်း) ရေးထားပါတယ်။ ပြန်ဖတ်နိုင်ပါတယ်။ ချစ်စရာရင်သွေးငယ်တို့ ဘေးကင်းကြပါစေ။ ရေးသားသူ ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်) ခရက်ဒစ်