ေရထဲကိုခုန္ခ်ဖို႔ ႀကံစည္တဲ့အမ်ိဳးသမီးတစ္​ဦးသည္​ ျမစ္ထဲမွာ မိေက်ာင္းရွိေနလို႔တဲ့ စိတ္ကူးေျပာင္းသြားခဲ့ရ

မေလးရွားနိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ ေရထဲကို ခုန္ခ်ဖိဳ႕ ႀကံစည္ခဲ့ေပမယ့္ အႀကံအစည္ ပ်က္ခဲ့ရေၾကာင္း သိရပါတယ္။ အဆိုပါ အမ်ိဳးသမီးကိုေဘးကလူေတြကဝိုင္းဝန္းေျဖာင္းဖ်လို႔ အႀကံအစည္ပ်က္ခဲ့ရတာမ်ိဳး မဟုတ္ပါဘူး။ တကယ္ တမ္းက ခုန္ခ်တဲ့အထိစိတ္ကူးကို

အေကာင္အထည္ေဖာ္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အနီးအနားမွာမိေက်ာင္းတစ္ေကာင္ဟိုဟိုသည္သည္ကူးေနတာကို ျမင္ၿပီးေနာက္ ေၾကာက္လန့္တၾကားပဲနီးရာကမ္းစပ္ဆီကို တတ္သေလာက္မွတ္သေလာက္နဲ႔ ေရအျမန္ကူးခဲ့ရတာလို႔ ဆိုပါတယ္။ အဲဒီမွာကတည္းကသူမတကယ္

မေသခ်င္ေသးဘူူးဆိုတာ ေသခ်ာသြားတာပါတဲ့။အဆိုပါ အမ်ိဳးသမီးဟာအင္ဂ်င္နီယာတစ္ေယာက္လို႔ သိရပါတယ္။ အမည္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ သူမဟာပုဂၢလိကကုမၸဏီတစ္ခုမွာ အလုပ္လုပ္ကိုင္ၿပီး၊ စိတ္ပိုင္းဆိုင္ရာ ဖိအားေတြ ခံစားေနရသူလို႔ သိရပါတယ္။ သူမဟာ

စိတ္ဖိအားေတြကို မခံခ်င္ေတာ့တဲ့အဆုံး ျမစ္ထဲကို ခုန္ခ်ခဲ့တာပါ။ အနီးအနားလူေတြက ေျဖာင္းဖ်ေပမယ့္ မထိေရာက္ခဲ့ပါဘူး။ ဒါေပမယ့္ ဗိုက္ ဆာေနတဲ့ မိေက်ာင္းတစ္ေကာင္ကအသင့္ေစာင့္ဆိုင္းေနတဲ့အတြက္ သူမဟာအဲဒီအခါမွ မရႈမလွျဖစ္ရမယ့္အေရးကိုေတြးမိၿပီး၊ စိတ္ကူးကို

ျပန္လည္ျပင္ဆင္ကာအျမန္ကူးၿပီး လြတ္လမ္းကို ရွာခဲ့ရတာလို႔ဆိုပါတယ္။ အမ်ိဳးသမီးဟာ အသက္ (၃၄)ႏွစ္ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ နိုဝင္ဘာလ(၂၃)ရက္က ဒီအျဖစ္ ျဖစ္ခဲ့တာပါ။ သူမကို အနီးအနားရွိ တာဝန္သိသူေတြကလည္း အျမန္ကယ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ Klang ၿမိဳ႕၊

Jalan Dato Mohd Sidin မွာတည္ရွိတဲ့ တံတားတစ္စင္းေပၚမွာ ျဖစ္ပြားခဲ့တာပါ။ အမ်ိဳးသမီးကေတာ့ အခုအခ်ိန္မွာေဘးကင္းလုံၿခဳံေနပါတယ္။ South Klang District Police ရဲတပ္ဖြဲ႕မွ အႀကီးအကဲျဖစ္သူ လက္ေထာက္မဟာရဲမင္းႀကီး Shamsul Amar Ramli ကလည္းဒီျဖစ္စဥ္တကယ္ျဖစ္ခဲ့တာလို႔

အတည္ျပဳခဲ့ပါတယ္။ သူတို႔ရဲတပ္ဖြဲ႔ဆီကို ဖုန္းဆက္သြယ္ တိုင္ၾကားမႈလည္း ရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြအေနနဲ႕ အျမန္သြားေရာက္ခဲ့ေပမယ့္ အခင္းျဖစ္ေနရာကိုအေရာက္မွာ အမ်ိဳးသမီးက ေဘးကင္းလုံျခဳေနပါၿပီတဲ့။ အမ်ိဳးသမီးဟာ

လူလြတ္တစ္ဦးျဖစ္ၿပီး၊ ရဲက တျခားစစ္ေမးမႈေတြ ျပဳလုပ္ေနပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ရေထဲကို ခုန်ချဖို့ ကြံစည်ခဲ့ပေမယ့် အကြံအစည် ပျက်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးကိုဘေးကလူတွေကဝိုင်းဝန်းဖြောင်းဖျလို့ အကြံအစည်ပျက်ခဲ့ရတာမျိုး မဟုတ်ပါဘူး။ တကယ် တမ်းက ခုန်ချတဲ့အထိစိတ်ကူးကို

အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနီးအနားမှာမိကျောင်းတစ်ကောင်ဟိုဟိုသည်သည်ကူးနေတာကို မြင်ပြီးနောက် ကြောက်လန့်တကြားပဲနီးရာကမ်းစပ်ဆီကို တတ်သလောက်မှတ်သလောက်နဲ့ ရေအမြန်ကူးခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီမှာကတည်းကသူမတကယ်

မသေချင်သေးဘူူးဆိုတာ သေချာသွားတာပါတဲ့။အဆိုပါ အမျိုးသမီးဟာအင်ဂျင်နီယာတစ်ယောက်လို့ သိရပါတယ်။ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သူမဟာပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ခံစားနေရသူလို့ သိရပါတယ်။ သူမဟာ

စိတ်ဖိအားတွေကို မခံချင်တော့တဲ့အဆုံး မြစ်ထဲကို ခုန်ချခဲ့တာပါ။ အနီးအနားလူတွေက ဖြောင်းဖျပေမယ့် မထိရောက်ခဲ့ပါဘူး။ ဒါပေမယ့် ဗိုက် ဆာနေတဲ့ မိကျောင်းတစ်ကောင်ကအသင့်စောင့်ဆိုင်းနေတဲ့အတွက် သူမဟာအဲဒီအခါမှ မရှုမလှဖြစ်ရမယ့်အရေးကိုတွေးမိပြီး၊ စိတ်ကူးကို

ပြန်လည်ပြင်ဆင်ကာအမြန်ကူးပြီး လွတ်လမ်းကို ရှာခဲ့ရတာလို့ဆိုပါတယ်။ အမျိုးသမီးဟာ အသက် (၃၄)နှစ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၃)ရက်က ဒီအဖြစ် ဖြစ်ခဲ့တာပါ။ သူမကို အနီးအနားရှိ တာဝန်သိသူတွေကလည်း အမြန်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Klang မြို့၊

Jalan Dato Mohd Sidin မှာတည်ရှိတဲ့ တံတားတစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အမျိုးသမီးကတော့ အခုအချိန်မှာဘေးကင်းလုံခြုံနေပါတယ်။ South Klang District Police ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ လက်ထောက်မဟာရဲမင်းကြီး Shamsul Amar Ramli ကလည်းဒီဖြစ်စဉ်တကယ်ဖြစ်ခဲ့တာလို့

အတည်ပြုခဲ့ပါတယ်။ သူတို့ရဲတပ်ဖွဲ့ဆီကို ဖုန်းဆက်သွယ် တိုင်ကြားမှုလည်း ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်သွားရောက်ခဲ့ပေမယ့် အခင်းဖြစ်နေရာကိုအရောက်မှာ အမျိုးသမီးက ဘေးကင်းလုံခြုနေပါပြီတဲ့။ အမျိုးသမီးဟာ

လူလွတ်တစ်ဦးဖြစ်ပြီး၊ ရဲက တခြားစစ်မေးမှုတွေ ပြုလုပ်နေပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်