Q စင္တာတြင္ မိန္းကေလးေရခ်ိဳးေနသည္ကို ဖုန္းျဖင့္ဗီဒီယို ေခ်ာင္းရိုက္​ေနသူအား ဖမ္းဆီးရမိ

ဒဂုံတကၠသိုလ္ Q စင္တာတြင္ ေရခ်ိဳးေနသူ မိန္းကေလးကို ဗြီဒီယိုခိုးရိုက္ခဲ့သည့္ Q ဝင္ေနသူကိုခံဝန္လက္မွတ္ေရးထိုးေစၿပီး အေဆာင္ေျပာင္းအေရးယူခဲ့ေၾကာင္း သိရပါတယ္။ ျဖစ္စဥ္မွာ နိုဝင္ဘာ ၂၃ ရက္နံနက္ ၇ နာရီခြဲအခ်ိန္ ဒဂုံတကၠသိုလ္ Q စင္တာ(ဆရာမမ်ားအေဆာင္)တြင္

Q ဝင္ေရာက္ေနသူလွိုင္ၿမိဳ႕နယ္ေနအသက္ (၂၆) ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္၎ေနထိုင္ရာအေဆာင္ ေရခ်ိဳးခန္းအမွတ္(၄)တြင္ ေရခ်ိဳးခဲ့ပါတယ္။ ထိုသို႔ေရခ်ိဳးေနစဥ္ ေရခ်ိဳးခန္းအမွတ္ ၂ အတြင္းမွ လူတစ္ဦးက ေရခ်ိဳးခန္းေဘာင္ေပၚမွ လက္ေက်ာ္၍ဖုန္းျဖင့္ဗီဒီယိုမွတ္တမ္း

ရိုက္ကူးေနသည္ကိုေတြ႔ရွိသျဖင့္ေၾကာက္လန႔္ၿပီ းေအာ္ဟစ္အကူအညီ ေတာင္းခဲ့ပါတယ္။ Q စင္တာတြင္ေစတနာ့ဝန္ထမ္းအျဖစ္ ေဆာင္႐ြက္ေနေသာ ေဒါက္တာထက္ထက္ေဇာ္(လ/ထ ကထိက)ဒဂုံတကၠသိုလ္ပါ ဝန္ထမ္းမ်ားမွ ေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ

ဗီဒီယိုခိုးရိုက္သူမွာလမ္းမေတာ္ၿမိဳ႕နယ္ေန လြင္ေမာင္ေမာင္(၂၄)ႏွစ္ အခန္းအမွတ္ ၃ တြင္ Q ဝင္ေရာက္ေနသူ ျဖစ္ေၾကာင္းစစ္ေဆးေတြ႕ရွိရပါတယ္။ ၎၏ ဖုန္းကိုေစတနာ့ဝန္ထမ္းမ်ားက ထပ္မံစစ္ေဆးခဲ့ရာဖုန္းအတြင္း၌တိုင္ၾကားသူမိန္းကေလးေရခ်ိဳးေနသည့္ဗီဒီယိုရိုက္ကူးထားသည္ကို

ေတြ႔ရွိရၿပီးအဆိုပါ မွတ္တမ္းဗီဒီယိုအား ဖ်က္ဆီးပစ္ခဲ့ပါတယ္။ ၎အေျခအေနႏွင့္ ပတ္သက္၍ ကာယကံရွင္မွ အမႈဖြင့္တိုင္ၾကားလိုျခင္း မရွိသျဖင့္ ေနာက္ေနာင္ထိုသို႔ ထပ္မံမျပဳလုပ္ရန္ ဝန္ခံကတိ လက္မွတ္ေရးထိုးပါက ေက်နပ္ေၾကာင္းေျပာဆိုခဲ့ပါတယ္။ က်ဴးလြန္သူ လြင္ေမာင္ေမာင္ကို

မြန္းလြဲ ၂ နာရီ ၅၀ မိနစ္ (၅၂) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေနာက္ေနာင္ထိုသို႔ထပ္မံ မျပဳလုပ္ရန္ ခံဝန္ကတိေရးထိုးခိုင္းၿပီး အေဆာင္ေျပာင္း အေရးယူခဲ့ေၾကာင္းသိရပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးခဲ့တဲ့ ပရိသတ္ႀကီးတို႔ကိုလည္း ေက်းဇူးတင္ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဒဂုံတက္ကသိုလ် Q စင်တာတွင် ရေချိုးနေသူ မိန်းကလေးကို ဗွီဒီယိုခိုးရိုက်ခဲ့သည့် Q ဝင်နေသူကိုခံဝန်လက်မှတ်ရေးထိုးစေပြီး အဆောင်ပြောင်းအရေးယူခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက်နံနက် ၇ နာရီခွဲအချိန် ဒဂုံတက္ကသိုလ် Q စင်တာ(ဆရာမများအဆောင်)တွင်

Q ဝင်ရောက်နေသူလှိုင်မြို့နယ်နေအသက် (၂၆) နှစ်အရွယ် အမျိုးသမီးသည်၎င်းနေထိုင်ရာအဆောင် ရေချိုးခန်းအမှတ်(၄)တွင် ရေချိုးခဲ့ပါတယ်။ ထိုသို့ရေချိုးနေစဉ် ရေချိုးခန်းအမှတ် ၂ အတွင်းမှ လူတစ်ဦးက ရေချိုးခန်းဘောင်ပေါ်မှ လက်ကျော်၍ဖုန်းဖြင့်ဗီဒီယိုမှတ်တမ်း

ရိုက်ကူးနေသည်ကိုတွေ့ရှိသဖြင့်ကြောက်လန့်ပြီ းအော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ Q စင်တာတွင်စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသော ဒေါက်တာထက်ထက်ဇော်(လ/ထ ကထိက)ဒဂုံတက္ကသိုလ်ပါ ဝန်ထမ်းများမှ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ

ဗီဒီယိုခိုးရိုက်သူမှာလမ်းမတော်မြို့နယ်နေ လွင်မောင်မောင်(၂၄)နှစ် အခန်းအမှတ် ၃ တွင် Q ဝင်ရောက်နေသူ ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ ၎င်း၏ ဖုန်းကိုစေတနာ့ဝန်ထမ်းများက ထပ်မံစစ်ဆေးခဲ့ရာဖုန်းအတွင်း၌တိုင်ကြားသူမိန်းကလေးရေချိုးနေသည့်ဗီဒီယိုရိုက်ကူးထားသည်ကို

တွေ့ရှိရပြီးအဆိုပါ မှတ်တမ်းဗီဒီယိုအား ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၎င်းအခြေအနေနှင့် ပတ်သက်၍ ကာယကံရှင်မှ အမှုဖွင့်တိုင်ကြားလိုခြင်း မရှိသဖြင့် နောက်နောင်ထိုသို့ ထပ်မံမပြုလုပ်ရန် ဝန်ခံကတိ လက်မှတ်ရေးထိုးပါက ကျေနပ်ကြောင်းပြောဆိုခဲ့ပါတယ်။ ကျူးလွန်သူ လွင်မောင်မောင်ကို

မွန်းလွဲ ၂ နာရီ ၅၀ မိနစ် (၅၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နောက်နောင်ထိုသို့ထပ်မံ မပြုလုပ်ရန် ခံဝန်ကတိရေးထိုးခိုင်းပြီး အဆောင်ပြောင်း အရေးယူခဲ့ကြောင်းသိရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ခရက်ဒစ်