တန်ဖိုးကြီးကျောက်စိမ်းလက်စွပ်တစ်ကွင်းအား ရိုးသားကြိုးစားလှတဲ့ချွန်တွန်းအဖွဲ့ဝင်တစ်ယောက်ကို ဆုချခဲ့တဲ့ဒိန်းဒေါင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိတ်သတ်ကြီးရေ ကိုယ်တိုင်လည်းပရဟတိအတွက် စွမ်းစွမ်းတမံကြိုးစားသလို အဖွဲ့ဝင်တွေအပေါ်မှာလည်း ရိုးသားကြိုးစားတဲ့အလျောက် ဆုချတတ်တဲ့ ဒိန်းဒေါင်တစ်ယောက် ဒီတစ်ခေါက်မှာလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့
အညာသား (ကိုပေါက်) ရဲ့ ရိုးသားကြိုးစားမှု ကြောင့် ကျောက်စိမ်းလက်စွပ်တစ်ကွင်း လက်ဆောင်ပေးခဲ့ပါတယ်။ ထမင်းချိန် ဟင်းချိန်တောင် မှန်အောင်မစားနိုင်တော့တဲ့အထိအလုပ်တွေကြိုးကြိုးစားစားလုပ်ပြီးအကျပ်အတည်းကာလတွေကို
အားလုံးကိုကူညီရင်း ရင်ဆိုင်ဖြတ်ကျော်နေခဲ့ကြပါ တယ်။ အဖွဲ့ကလည်း တက်ညီလက်ညီနဲ့ အားလုံးအတူတူ ကူညီနိုင်တဲ့စွမ်းအား ကြောင့် မပြေလည်တဲ့အခြေအနေတွေအများကြီးကို ကူညီပေးနိုင်ခဲ့ပါတယ်။ ရိုးသားကြိုးစားတဲ့အညာသားလေး
အတွက် ဆုချီးမြှင့်တဲ့ပုံကို ” နာမည်က(ကိုပေါက်) အညာသားရိုးသားတယ် ပရဟိတစိတ် အပြည့်ရှိတယ် ဂုဏ်ပြုတဲ့အနေနဲ့လက်စွပ်တကွင်း ချီးမြင့်ပါတယ်ဆက်လုပ်ပါ ” ဆိုပြီး ဒိန်းဒေါင်က ဝေမျှခဲ့ပါတယ်။ ကိုယ်တိုင်လည်း ကြိုးစားသလို
ကြိုးစားသူတွေကိုလည်း အမြဲတမ်း လက်တွဲခေါ်တတ်တဲ့ ပရဟိတသမားကြီး ရဲ့စိတ်ဓာတ်က လေးစားစရာပါနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်