ဆုံးပါးသွားခဲ့တာ တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့သရုပ်​​ဆောင်​ ကစ်ကစ်အတွက်သတိတရနဲ့ ရင်ဖွင့်လာတဲ့ခင်သဇင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကျောက်ကပ်ဝေဒနာကိုခံစားခဲ့ရပြီး အသက်ဆုံးပါးသွားတဲ့ ကစ်ကစ်ကို ပရိသတ်တွေက သတိရနေကြဆဲပါပဲ။ ဒီနေ့ဟာ သူမ ဆုံးပါးခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ မဆုံးပါးခင်က မော်ဒယ်သရုပ်ဆောင်ခင်သဇင်ကအစအဆုံး
ကူညီပေးခဲ့ပြီးဆုံးပါးသည်ထိ တာဝန်ယူပေးခဲ့ပါတယ်။ အစပိုင်းမှာတော့ လှူဒါန်းဖို့သက်သက်ပဲသွားခဲ့ပေမယ့် မကစ်ကိုမြင်လိုက်တဲ့အချိန်မှာ စာနာစိတ်အပြည့်နဲ့ အပြည့်အဝကူညီမယ်လို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း
ဆုံးပါးသွားတာမို့ ကိုယ့်မိခင်လိုသဘောထားပြီး အလှူငွေတွေလက်ခံပေးကာ လိုအပ်တဲ့ကုသမှုတွေကို အချိန်မီလုပ်ပေးခဲ့ပါတယ်။ မကစ်ရဲ့တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့လေးမှာ ”မကစ်ဆုံးတာတစ်နှစ်ပြည့် အမရေကောင်းရာဘဝမှာ
ရောက်နေပြီလို့ ယုံကြည်ပါတယ်နော် ရောက်လေရာဘဝတိုင်း အမအေးချမ်းပါစေ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခင်သဇင်ရဲ့ဆန္ဒနဲ့ ထပ်တူပါပဲ။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်