Covid ကာလကြီးမှာတောင် သိန်းပေါင်းထောင်ချီတန်တဲ့ ကားအသစ်ကြီးကိုဝယ်ယူလိုက်တဲ့ နေခြည်ဦး
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိတ်သတ်ကြီးရေမင်းသမီးချောလေး နေခြည်ဦးကတော့အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်တွေကလည်း လက်ခံအားပေးသူတစ်ယောက်ပါ။ နေခြည်ဦးကိုပရိသတ်တွေက ချီချီလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး Beauty Blogger
တစ်ယောက်အဖြစ်ရပ်တည်ကတည်းက ချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။ ချီချီကငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တွေကို ဦးစီး လုပ်ဆောင်နိုင်သူလေးဖြစ်သလို အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါပဲနော်။ ဒါ့အပြင်
ပရိသတ်တွေအတွက် အလှအပရေးရာနဲ့ပတ်သက်ပြီး ဗဟုသုတတွေကိုလည်းအမြဲဝေမျှပေးနေတဲ့ နေခြည်ဦးက Beauty Blogger အဖြစ်လည်း ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့သူမကိုယ်ပိုင်ဝင်ငွေနဲ့
ဝယ်ယူထားတဲ့ တန်ဖိုးကြီးကားအမိုက်စားကြီးပေါ်မှာအထာကျကျ ပို့စ်တွေပေးကာမိမိုက်နေတဲ့ ပုံလေးတွေနဲ့အတူဒီအချိန်က ကားဝယ်ဖို့ အကောင်းဆုံးအချိန်ဆိုတာကိုလက်ခံလားဟင်၊ ကားကိုအရင်က ရူးသွပ်တဲ့သူထဲမှာ မပါပေမယ့်
အခုအသက်အရွယ်ရောက်လာတော့ ကားတွေ အိမ်တွေ ခြံမြေတွေ ကျောက်မျက်ရတနာတွေ အရမ်းကို စိတ်ဝင်စားလာပြီ။ ပိုက်ဆံတွေရှိလာရင် assets တွေဝယ်ပါတဲ့။ ဝယ်လိုက်တဲ့ assets တွေက ကိုယ့်ကိုယ်ပိုက်ဆံပြန်ရှာပေးနိုင်မယ့်
assets တွေဖြစ်ဖို့တော့ လိုတယ်လို့ ဖေဖေဆုံးမတာတွေအခုမှနားလည်လာတယ်။Work Hard Play Harder naychioo beautybynaychi naychilifestyle” ဆိုတဲ့စာလေးကိုဖော်ပြခဲ့ရာ လေးစားအားကျမိတာအမှန်ပါပဲနော်။
ပရိသတ်ကြီးအတွက် နေခြည်ဦးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်