ယခုကိုဗစ္ကာလအတြင္းမွာ ခ်စ္​ပရိသတ္မ်ားအားထာဝရ ႏွုတ္ဆက္ထြက္ခြာသြားခဲ့ၾကတဲ့ အႏုပညာရွင္မ်ား

ၿပီးခဲ့တဲ့ႏွစ္​ ဒီဇင္ဘာလလယ္ေလာက္ကတည္းက စတင္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ တစ္ကမာၻလုံး စိတ္ဒုကၡေရာက္ခဲ့ရသလို ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြကိုအားေပးခ်စ္ခင္ၾကတဲ့

ပရိသတ္ေတြအတြက္လည္း ဆုံးရႈံးမႈမ်ားခဲ့တဲ့ ႏွစ္တစ္ႏွစ္ပါ။ (၂၀၂၀) ခုႏွစ္ ကိုဗစ္ကာလအတြင္း ပရိသတ္ကိုႏႈတ္ဆက္သြားၾကတဲ့ အႏုပညာရွင္ေတြကေတာ့​ေအာက္​ပါအတုိင္​းျဖစ္​ပါတယ္​​ေနာ္​။

(၁) ဦးဇင္းကိတၳိသာရ

ေခတ္တစ္ေခတ္ရဲ႕အေအာင္ျမင္ခဲ့ဆုံးမင္းသားတစ္လက္လို႔ဆိုရမယ့္ သဘာဝမင္းသားႀကီးေက်ာ္ ဟိန္းကေတာ့ အႏုပညာေလာကမွာဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြသိမ္းပိုက္ခဲ့သူျဖစ္ေပမယ့္ သံသရာအေရးအတြက္ (၂၀၀၈) ခုႏွစ္ကစၿပီး ဘုန္းႀကီးဝတ္နဲ႔ တရားအားထုတ္ခဲ့သူပါ။

ေက်ာ္ဟိန္းဟာ ဦးဇင္းကိတၳိသာရဘဝနဲ႔ သက္ေတာ္(၇၃) ႏွစ္မွာပဲ ၾသစေတးလ်ႏိုင္ငံ၊ ကမ္ဘာရာၿမိဳ႕မွာ ပ်ံလြန္ေတာ္မူခဲ့တာျဖစ္ၿပီး တူျဖစ္သူေဒြးကြယ္လြန္တဲ့ေန႔ (၁၃) ႏွစ္တိတိျပည့္တဲ့ေန႔မွာ တိုက္တိုက္ဆိုင္ဆိုင္ ႏႈတ္ဆက္သြားခဲ့တာပါ။

(၂) ဟာသသ႐ုပ္ေဆာင္ဦးမန္းဝင္း

ႏွစ္ေပါင္းမ်ားစြာ ဟာသလူ႐ႊင္ေတာ္၊ဟာသသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ရဲ႕ဘဝအေမာေတြေျဖေဖ်ာက္ေပးခဲ့တဲ့ ဦးမန္းဝင္းကေတာ့ (၂၀၂၀) ႏွစ္ဦးပိုင္းေလာက္ကတည္းက

႐ုတ္တရက္ႏွလုံးရပ္ကာ ေဆး႐ုံတင္ခဲ့ရတဲ့အထိ က်န္းမာေရးအေျခအေနခ်ိဳ႕ယြင္းခဲ့တာ ျဖစ္ၿပီး ဇူလိုင္လ(၁၃) ရက္ေန႔မနက္မွာေတာ့ ပရိသတ္ကိုအၿပီးအပိုင္ႏႈတ္ဆက္ထြက္ခြာခဲ့တာ ျဖစ္ပါတယ္။

(၃) မီးမီးခဲ

ႏွစ္ေပါင္းမ်ားစြာ ပရိသတ္ပါးစပ္ဖ်ားမွာေရပန္းစားတဲ့ သီခ်င္းမ်ားစြာကို သီဆိုခဲ့သူမီးမီးခဲကေတာ့ ကင္ဆာေရာဂါကို ႏွစ္ရွည္လမ်ားစြာ ခံစားခဲ့ရသူျဖစ္ၿပီး ေအာက္တိုဘာလ(၁၆) ရက္ေန႔မွာပဲ သူေနထိုင္ရာၾသစေတးလ်ႏိုင္ငံမွာ

ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ မကြယ္လြန္ခင္ ေနာက္ဆုံးအေနနဲ႔ ျမန္မာႏိုင္ငံမွာ တစ္ကိုယ္ေတာ္ရႈိးပြဲတစ္ပြဲ ျပဳလုပ္ႏိုင္ခဲ့ၿပီး မီးမီးခဲရဲ႕ ေသဆုံးမႈဟာ သီခ်င္းခ်စ္သူေတြအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခု ျဖစ္ခဲ့ပါတယ္။

(၄) ေတးသံရွင္ရန္ပိုင္စိုး

ျမန္မာသံေတးသီခ်င္းအဆိုေတာ္တစ္ေယာက္ျဖစ္သူ ရန္ပိုင္စိုးကေတာ့ ဆိုၾကမယ္ ေပ်ာ္ၾကမယ္ အစီအစဥ္ကေနတဆင့္ ပရိသတ္နဲ႔ရင္းႏွီးမႈရွိခဲ့တဲ့သူတစ္ေယာက္ျဖစ္တဲ့အျပင္ မဂၤလာအခမ္းအနားမႉး၊ အစီအစဥ္မႉးတစ္ေယာက္အျဖစ္နဲ႔

ႏွစ္ေပါင္းမ်ားစြာ ပရိသတ္နဲ႔ထိေတြ႕ခဲ့သူတစ္ေယာက္ပါ။ ကိုဗစ္ဒုတိယလႈိင္းမွာပဲ ပိုးကူးစက္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာ(၂၁) ရက္ေန႔က ဆုံးပါးသြားခဲ့တာ ျဖစ္ပါတယ္။

(၄) ဦးၾကည္စိုး(IC)

သ႐ုပ္ေဆာင္ဦးၾကည္စိုးကေတာ့ ျမန္မာ႐ုပ္ရွင္၊ ဗြီဒီယိုဇာတ္ကားေတြမွာ ဆရာဝန္၊လုပ္ငန္းရွင္ စတဲ့ဇာတ္႐ုပ္ေတြနဲ႔ ပရိသတ္နဲ႔ရင္းႏွီးခဲ့သူတစ္ေယာက္ပါ။ တစ္ကမာၻလုံးမွာ ျဖစ္ပြားေနတဲ့ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့

​ေအာက္တိုဘာလ (၃၀) ရက္ေန႔ သူ႔အသက္(၇၂) ႏွစ္မွာပဲ ဆုံးပါးသြားခဲ့တာပါ။ သ႐ုပ္ေဆာင္အလုပ္သာမက အိမ္ၿခံေျမသင္တန္းပို႔ခ်သူတစ္ေယာက္အေနနဲ႔ပါ ဘဝကိုျဖတ္သန္းခဲ့ပါတယ္။

(၅) ဇာတ္​ပုိ႔သ႐ုပ္​​ေဆာင္​ ဂ်ာရစ္

ဂ်ာရစ္ကေတာ့ ျမန္မာဗြီဒီယိုဇာတ္ကားခ်စ္သူေတြရဲ႕ အားေပးမႈအျပည့္အဝရထားတဲ့ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္ပါ။ ေနထူးႏိုင္ရဲ႕ ဇာတ္ကားေတြမွာ အမ်ားဆုံးေတြ႕ရသလို ဂ်ာရစ္မရွိေတာ့တာကေတာ့ ေနထူးႏိုင္အတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ေစခဲ့မွာ အမွန္ပါပဲ။

သူကေတာ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ(၇) ရက္ေန႔မွာပဲ အသည္းေရာဂါနဲ႔ ဆုံးပါးခဲ့တာျဖစ္ၿပီး စိတ္ေကာင္းရွိၿပီး အမ်ားကိုကူညီတတ္သူတစ္ေယာက္မို႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပရိသတ္ပါ မ်ားစြာစိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

ယခုႏွစ္အတြင္း ဆုံးပါးသြားၾကတဲ့အႏုပညာရွင္ေတြထဲမွာ အခ်ိန္တန္လို႔ ႏႈတ္ဆက္ခဲ့ရသူေတြရွိသလို အခ်ိန္မတန္ေသးဘဲ ခ်စ္ရတဲ့ပရိသတ္ကို ႏႈတ္ဆက္ခဲ့ရသူေတြလည္း ပါဝင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူခ်စ္အႏုပညာရွင္ေတြအေနနဲ႔ ပရိသတ္ေတြရဲ႕

ႏွလုံးသားတစ္ေထာင့္တစ္ေနရာမွာ အၿမဲရွိေနဦးမွာကေတာ့ အေသအခ်ာပါပဲ။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး စိတ်ဒုက္ခရောက်ခဲ့ရသလို မြန်မာနိုင်ငံက အနုပညာရှင်တွေကိုအားပေးချစ်ခင်ကြတဲ့

ပရိသတ်တွေအတွက်လည်း ဆုံးရှုံးမှုများခဲ့တဲ့ နှစ်တစ်နှစ်ပါ။ (၂၀၂၀) ခုနှစ် ကိုဗစ်ကာလအတွင်း ပရိသတ်ကိုနှုတ်ဆက်သွားကြတဲ့ အနုပညာရှင်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်နော်။

(၁) ဦးဇင်းကိတ္ထိသာရ

ခေတ်တစ်ခေတ်ရဲ့အအောင်မြင်ခဲ့ဆုံးမင်းသားတစ်လက်လို့ဆိုရမယ့် သဘာဝမင်းသားကြီးကျော် ဟိန်းကတော့ အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့သူဖြစ်ပေမယ့် သံသရာအရေးအတွက် (၂၀၀၈) ခုနှစ်ကစပြီး ဘုန်းကြီးဝတ်နဲ့ တရားအားထုတ်ခဲ့သူပါ။

ကျော်ဟိန်းဟာ ဦးဇင်းကိတ္ထိသာရဘဝနဲ့ သက်တော်(၇၃) နှစ်မှာပဲ သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး တူဖြစ်သူဒွေးကွယ်လွန်တဲ့နေ့ (၁၃) နှစ်တိတိပြည့်တဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် နှုတ်ဆက်သွားခဲ့တာပါ။

(၂) ဟာသသရုပ်ဆောင်ဦးမန်းဝင်း

နှစ်ပေါင်းများစွာ ဟာသလူရွှင်တော်၊ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့ဘဝအမောတွေဖြေဖျောက်ပေးခဲ့တဲ့ ဦးမန်းဝင်းကတော့ (၂၀၂၀) နှစ်ဦးပိုင်းလောက်ကတည်းက

ရုတ်တရက်နှလုံးရပ်ကာ ဆေးရုံတင်ခဲ့ရတဲ့အထိ ကျန်းမာရေးအခြေအနေချို့ယွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင်လ(၁၃) ရက်နေ့မနက်မှာတော့ ပရိသတ်ကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

(၃) မီးမီးခဲ

နှစ်ပေါင်းများစွာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့ သီချင်းများစွာကို သီဆိုခဲ့သူမီးမီးခဲကတော့ ကင်ဆာရောဂါကို နှစ်ရှည်လများစွာ ခံစားခဲ့ရသူဖြစ်ပြီး အောက်တိုဘာလ(၁၆) ရက်နေ့မှာပဲ သူနေထိုင်ရာသြစတေးလျနိုင်ငံမှာ

ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မကွယ်လွန်ခင် နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကိုယ်တော်ရှိုးပွဲတစ်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မီးမီးခဲရဲ့ သေဆုံးမှုဟာ သီချင်းချစ်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

(၄) တေးသံရှင်ရန်ပိုင်စိုး

မြန်မာသံတေးသီချင်းအဆိုတော်တစ်ယောက်ဖြစ်သူ ရန်ပိုင်စိုးကတော့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကနေတဆင့် ပရိသတ်နဲ့ရင်းနှီးမှုရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မင်္ဂလာအခမ်းအနားမှူး၊ အစီအစဉ်မှူးတစ်ယောက်အဖြစ်နဲ့

နှစ်ပေါင်းများစွာ ပရိသတ်နဲ့ထိတွေ့ခဲ့သူတစ်ယောက်ပါ။ ကိုဗစ်ဒုတိယလှိုင်းမှာပဲ ပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁) ရက်နေ့က ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

(၄) ဦးကြည်စိုး(IC)

သရုပ်ဆောင်ဦးကြည်စိုးကတော့ မြန်မာရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေမှာ ဆရာဝန်၊လုပ်ငန်းရှင် စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်နဲ့ရင်းနှီးခဲ့သူတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့

အောက်တိုဘာလ (၃၀) ရက်နေ့ သူ့အသက်(၇၂) နှစ်မှာပဲ ဆုံးပါးသွားခဲ့တာပါ။ သရုပ်ဆောင်အလုပ်သာမက အိမ်ခြံမြေသင်တန်းပို့ချသူတစ်ယောက်အနေနဲ့ပါ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။

(၅) ဇာတ်ပို့သရုပ်ဆောင် ဂျာရစ်

ဂျာရစ်ကတော့ မြန်မာဗွီဒီယိုဇာတ်ကားချစ်သူတွေရဲ့ အားပေးမှုအပြည့်အဝရထားတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ပါ။ နေထူးနိုင်ရဲ့ ဇာတ်ကားတွေမှာ အများဆုံးတွေ့ရသလို ဂျာရစ်မရှိတော့တာကတော့ နေထူးနိုင်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေခဲ့မှာ အမှန်ပါပဲ။

သူကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ(၇) ရက်နေ့မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး စိတ်ကောင်းရှိပြီး အများကိုကူညီတတ်သူတစ်ယောက်မို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်ပါ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ယခုနှစ်အတွင်း ဆုံးပါးသွားကြတဲ့အနုပညာရှင်တွေထဲမှာ အချိန်တန်လို့ နှုတ်ဆက်ခဲ့ရသူတွေရှိသလို အချိန်မတန်သေးဘဲ ချစ်ရတဲ့ပရိသတ်ကို နှုတ်ဆက်ခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ်အနုပညာရှင်တွေအနေနဲ့ ပရိသတ်တွေရဲ့

နှလုံးသားတစ်ထောင့်တစ်နေရာမှာ အမြဲရှိနေဦးမှာကတော့ အသေအချာပါပဲ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်