ယ​ေန႔ည​ေနခင္​းအခ်ိန္​မွာပဲ သာသနာ​ေဘာင္​သုိ႔ ဝင္​​ေရာက္​သြားခဲ့​တဲ့ အဆုိ​ေတာ္​ မ​ေနာ

ပရိတ္သတ္ႀကီးေရ အဆိုေတာ္မေနာကေတာ့ အလုပ္ေတြအားတဲ့အခ်ိန္မွာ ဘာသာေရးအက်ိဳးျပဳေဆာင္႐ြက္ရင္း ျဖတ္သန္းေနတာကို ေတြ႕ရပါတယ္။ မေနာဟာ စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္ဇီးကန္ေက်း႐ြာမွာသာသနာျပဳခဲ့တာကို

ေတြ႕ရပါတယ္။ သူဟာ ကြၽန္းဦး ပရိယတၱိစာသင္တိုက္မွာ(၁၀)ရက္အၾကာ တရားအားထုတ္ခဲ့တယ္လို႔ဆိုပါတယ္၊”မဂၤလာပါ (၇)ရက္ သားသမီးအားလုံးခ်မ္းသာ၊ ကိုယ္စိတ္ၿမဲပါေစေန႔စဥ္ ဆုမြန္ေကာင္းေတာင္းၿပီးေမတၱာပို႔ပါတယ္ခင္ဗ်ာ။

ကြၽန္ေတာ္တို႔ ဇီးကန္ေက်း႐ြာ၊ ကြၽန္းဦး ပရိယတၱိစာသင္တိုက္မွာ (၁၀) ရက္တာရဟန္းဝတ္ခဲ့ပါတယ္။ တစ္ေန႕ကုန္ျပန္ ငါ့႐ုပ္နာမ္ ေသရန္တစ္ေန႕နီးခဲ့ၿပီ” ဆိုၿပီးေတာ့ သူ႕ရဲ႕ေဖ့စ္ဘြတ္ေပ့ခ်္မွာ နိုဝင္ဘာလ (၂၅)ရက္ေန႔ညေနပိုင္းက

အမွတ္တရဓာတ္ပုံေလးေတြတင္ရင္း ပရိသတ္ကို အသိေပးလိုက္တာပါ။ မေနာကိုေတာ့ ပရိသတ္ေတြက ‘’မိေခ်ာေရ”၊ ‘’ဗိုလ္ေအာင္ဒင္” သီခ်င္းေတြကေနတဆင့္ ပရိသတ္စတင္သိရွိခဲ့တာပါ။ ဒီသီခ်င္းေတြကလည္း ကေလးတိုင္းသာမက၊

လူႀကီး၊ လူငယ္ေတြရဲ႕ပါးစပ္ဖ်ားမွာပါ ေရပန္းစားခဲ့တဲ့ သီခ်င္းပါ။ သူ သီဆိုထားတဲ့ ‘’မိေခ်ာေရ” သီခ်င္းကလည္း သၾကၤန္ေရာက္ၿပီဆိုရင္ မျဖစ္မေန ဖြင့္ရတဲ့ သီခ်င္းတစ္ပုဒ္လည္း ျဖစ္လို႔ေနပါၿပီ။ မေနာ( Ma Naw) ဟာ ျမန္မာသံစဥ္ေတးသီခ်င္း

​ေတြကို ျမဴးျမဴးႂကြႂကြ သီဆိုေလ့ရွိတဲ့ အဆိုေတာ္ပါ။ လက္ရွိမွာလည္း ပရိသတ္အခိုင္အမာနဲ႕ ရပ္တည္ေနတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လို႔ေနပါတယ္။ ကိုဗစ္ကာလမွာလည္း သူတတ္နိုင္သေလာက္ အလႉအတန္းေတြ

လုပ္ေနတာကိုလည္း ေတြ႕ရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိတ်သတ်ကြီးရေ အဆိုတော်မနောကတော့ အလုပ်တွေအားတဲ့အချိန်မှာ ဘာသာရေးအကျိုးပြုဆောင်ရွက်ရင်း ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ မနောဟာ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ဇီးကန်ကျေးရွာမှာသာသနာပြုခဲ့တာကို

တွေ့ရပါတယ်။ သူဟာ ကျွန်းဦး ပရိယတ္တိစာသင်တိုက်မှာ(၁၀)ရက်အကြာ တရားအားထုတ်ခဲ့တယ်လို့ဆိုပါတယ်၊”မင်္ဂလာပါ (၇)ရက် သားသမီးအားလုံးချမ်းသာ၊ ကိုယ်စိတ်မြဲပါစေနေ့စဉ် ဆုမွန်ကောင်းတောင်းပြီးမေတ္တာပို့ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ ဇီးကန်ကျေးရွာ၊ ကျွန်းဦး ပရိယတ္တိစာသင်တိုက်မှာ (၁၀) ရက်တာရဟန်းဝတ်ခဲ့ပါတယ်။ တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်နေ့နီးခဲ့ပြီ” ဆိုပြီးတော့ သူ့ရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ (၂၅)ရက်နေ့ညနေပိုင်းက

အမှတ်တရဓာတ်ပုံလေးတွေတင်ရင်း ပရိသတ်ကို အသိပေးလိုက်တာပါ။ မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ”၊ ‘’ဗိုလ်အောင်ဒင်” သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊

လူကြီး၊ လူငယ်တွေရဲ့ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ” သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။ မနော( Ma Naw) ဟာ မြန်မာသံစဉ်တေးသီချင်း

တွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။ ကိုဗစ်ကာလမှာလည်း သူတတ်နိုင်သလောက် အလှူအတန်းတွေ

လုပ်နေတာကိုလည်း တွေ့ရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်