အႏုပညာဝါသနာႀကီးလြန္းလွ​ေသာ သမီးငယ္ေလးေခတ္ဆည္းဆာ အေၾကာင္းေျပာလာခဲ့တဲ့ နိုင္လူရဲ႕ (႐ုပ္​သံ)

နိုင္လူကေတာ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ကိုယ္ပိုင္မိသားစု ဘဝေလးကို တည္ေဆာက္ထားသူျဖစ္ပါတယ္။ သူ႔လိုပဲ အႏုပညာအလုပ္ကို ဝါသနာပါသူကေတာ့အငယ္ဆုံး သမီးေလးေခတ္ဆည္းဆာပါ။ ေခတ္ဆည္းဆာရဲ႕ အႏုပညာပိုးအေပၚဖခင္ျဖစ္သူနိုင္လူကခုလိုေျပာျပခဲ့ပါတယ္။

“ သမီးေလးကအစ္ကို႔ေသြး အျပည့္ပါတယ္လို႔ေျပာလို႔ရတယ္။ ဒါေၾကာင့္ အႏုပညာနဲ႔ပတ္သက္ လာရင္ သူက အခုကတည္းက ဝါသနာပါတယ္။ သမီးအလတ္မေလးကေတာ့ Dancer လုပ္တာ ဝါသနာပါတယ္။ အငယ္ဆုံးေလးကသ႐ုပ္ေဆာင္ လုပ္တာဝါသနာပါတယ္။ တစ္ခါတေလက်ရင္

Tik Tok ေတြေဆာ့တယ္၊ အလြမ္းအေဆြး အမူအရာေတြလိုက္လုပ္တယ္။ တစ္ခါတေလက်ရင္ သူအမူအရာလုပ္ေနရင္ အစ္ကိုတို႔က တိတ္တိတ္ေလး ေခ်ာင္းၾကည့္ရတာ။ (၄) ႏွစ္ဆိုေတာ့လည္း သူ႕အ႐ြယ္မွာ သိတဲ့အရာေလးေတြကို သူလိုက္လုပ္ၾကည့္တာေပါ့ေနာ္။ သူ႔ကို

ဘာျဖစ္ခ်င္တာလဲသမီးေလးဆိုရင္ သ႐ုပ္ေဆာင္ေရာ၊ အဆိုေတာ္ေရာ ျဖစ္ခ်င္တယ္လို႔ သူက ေျပာတယ္” လို႔ဆိုပါတယ္။ ေခတ္ဆည္းဆာေလးရဲ႕ ဓာတ္ပုံေတြကို နိုင္လူက မၾကာခဏ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာတင္ေလ့ရွိပါတယ္။ သမီးေလးကိုခ်စ္တဲ့ပရိသတ္ေတြအမ်ားႀကီးရွိတယ္လို႔

ဆိုပါတယ္။ ဒါေပမယ့္ေခတ္ဆည္းဆာ ကိုယ္တိုင္ကလည္း အသက္(၄) ႏွစ္အ႐ြယ္ေလးနဲ႔ အရမ္းသိ၊ အရမ္းတတ္လြန္းတယ္လို႔လည္း နိုင္လူက သေဘာက်ရယ္ေမာရင္းေျပာျပခဲ့ပါတယ္။ “သူတို႔ေခတ္က်ရင္ေတာ့အႏုပညာေလာက ဘယ္လိုအေျခအေနျဖစ္လာမလဲမသိဘူးေပါ့ေနာ္။

သူ႔ကို ေမြးတာက Super Full Moon Day မွာေမြးတယ္။ ႏွစ္ေပါင္း(၇၅) ႏွစ္မွာမွ တစ္ႀကိမ္ျဖစ္တဲ့ လျပည့္ေပါ့ေနာ္။ ေမြးတုန္းကလည္း ၈ ေပါင္နဲ႔ ေမြးတယ္။ သူကအသားငါးထက္ပင္လယ္စာ စားတာမ်ားတယ္။ အခုဆို သူကေပါင္(၄၀) ရွိလာၿပီဆိုေတာ့သူ႔ကိုဝိတ္ထိန္းဖို႔ထက္သူကသူဘာသာ

ဝိတ္ခ်ေနတာတဲ့။ ညဘက္ဆိုသိပ္အစားမစားဘူးတဲ့ အဝလြန္မွာစိုးလို႔တဲ့။ ဒီေလာက္အထိ အတက္လြန္ေနေတာ့ေျပာရခက္တယ္။ သူဗိုက္ေခါက္ေတြထြက္မွာစိုးလို႔ ညဘက္က်ရင္ သံပုရာေရေဖ်ာ္ေပးပါလို႔ေျပာတယ္။ တစ္ခါတေလသူ႔ဆီကေန နည္းလမ္းေတြျပန္ေတာင္းေနရတယ္” လို႔

သူကဆိုပါတယ္။ သ႐ုပ္ေဆာင္နိုင္လူကိုေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူ႕ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ ၂၀ ေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာလည္း နိုင္လူကအႏုပညာအလုပ္ေတြ

လုပ္တာ သိပ္မေတြ႔ရေတာ့ပါဘူး။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

နိုင်လူကတော့ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးကို တည်ဆောက်ထားသူဖြစ်ပါတယ်။ သူ့လိုပဲ အနုပညာအလုပ်ကို ဝါသနာပါသူကတော့အငယ်ဆုံး သမီးလေးခေတ်ဆည်းဆာပါ။ ခေတ်ဆည်းဆာရဲ့ အနုပညာပိုးအပေါ်ဖခင်ဖြစ်သူနိုင်လူကခုလိုပြောပြခဲ့ပါတယ်။

“ သမီးလေးကအစ်ကို့သွေး အပြည့်ပါတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် အနုပညာနဲ့ပတ်သက် လာရင် သူက အခုကတည်းက ဝါသနာပါတယ်။ သမီးအလတ်မလေးကတော့ Dancer လုပ်တာ ဝါသနာပါတယ်။ အငယ်ဆုံးလေးကသရုပ်ဆောင် လုပ်တာဝါသနာပါတယ်။ တစ်ခါတလေကျရင်

Tik Tok တွေဆော့တယ်၊ အလွမ်းအဆွေး အမူအရာတွေလိုက်လုပ်တယ်။ တစ်ခါတလေကျရင် သူအမူအရာလုပ်နေရင် အစ်ကိုတို့က တိတ်တိတ်လေး ချောင်းကြည့်ရတာ။ (၄) နှစ်ဆိုတော့လည်း သူ့အရွယ်မှာ သိတဲ့အရာလေးတွေကို သူလိုက်လုပ်ကြည့်တာပေါ့နော်။ သူ့ကို

ဘာဖြစ်ချင်တာလဲသမီးလေးဆိုရင် သရုပ်ဆောင်ရော၊ အဆိုတော်ရော ဖြစ်ချင်တယ်လို့ သူက ပြောတယ်” လို့ဆိုပါတယ်။ ခေတ်ဆည်းဆာလေးရဲ့ ဓာတ်ပုံတွေကို နိုင်လူက မကြာခဏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတင်လေ့ရှိပါတယ်။ သမီးလေးကိုချစ်တဲ့ပရိသတ်တွေအများကြီးရှိတယ်လို့

ဆိုပါတယ်။ ဒါပေမယ့်ခေတ်ဆည်းဆာ ကိုယ်တိုင်ကလည်း အသက်(၄) နှစ်အရွယ်လေးနဲ့ အရမ်းသိ၊ အရမ်းတတ်လွန်းတယ်လို့လည်း နိုင်လူက သဘောကျရယ်မောရင်းပြောပြခဲ့ပါတယ်။ “သူတို့ခေတ်ကျရင်တော့အနုပညာလောက ဘယ်လိုအခြေအနေဖြစ်လာမလဲမသိဘူးပေါ့နော်။

သူ့ကို မွေးတာက Super Full Moon Day မှာမွေးတယ်။ နှစ်ပေါင်း(၇၅) နှစ်မှာမှ တစ်ကြိမ်ဖြစ်တဲ့ လပြည့်ပေါ့နော်။ မွေးတုန်းကလည်း ၈ ပေါင်နဲ့ မွေးတယ်။ သူကအသားငါးထက်ပင်လယ်စာ စားတာများတယ်။ အခုဆို သူကပေါင်(၄၀) ရှိလာပြီဆိုတော့သူ့ကိုဝိတ်ထိန်းဖို့ထက်သူကသူဘာသာ

ဝိတ်ချနေတာတဲ့။ ညဘက်ဆိုသိပ်အစားမစားဘူးတဲ့ အဝလွန်မှာစိုးလို့တဲ့။ ဒီလောက်အထိ အတက်လွန်နေတော့ပြောရခက်တယ်။ သူဗိုက်ခေါက်တွေထွက်မှာစိုးလို့ ညဘက်ကျရင် သံပုရာရေဖျော်ပေးပါလို့ပြောတယ်။ တစ်ခါတလေသူ့ဆီကနေ နည်းလမ်းတွေပြန်တောင်းနေရတယ်” လို့

သူကဆိုပါတယ်။ သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူကအနုပညာအလုပ်တွေ

လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်