လူပီသခ်င္ၿပီဆုိတဲ့အေၾကာင္းေတြကို ရင္​ဖြင္​့ကာေျပာျပလာတဲ့ ထူးအယ္လင္းရဲ႕ (႐ုပ္​သံ)

ထူးအယ္လင္းကေတာ့ အခုခ်ိန္မွာ ပရဟိတအလုပ္ေတြ လုပ္ရင္း ေပ်ာ္ေမြ႕ေနသူတစ္ေယာက္ျဖစ္ပါတယ္။ ေငြထက္အေရးႀကီးတဲ့အရာေတြကို လုပ္ေဆာင္ရတဲ့ ကုသိုလ္ေရးေတြအတြက္ သူကိုယ္တိုင္ကလည္း လူပီသခ်င္တဲ့ ဆႏၵျဖစ္ေပၚေနတယ္လို႔ ဆိုပါတယ္။ “ ေငြထက္အေရးႀကီးတဲ့

အရာေတြကို ကြၽန္ေတာ္ကိုယ္တိုင္ရွာေတြ႕ခဲ့ပါတယ္။ ပိုက္ဆံဆိုတာ ကြၽန္ေတာ္တို႔အတြက္ေတာ့ ေပါင္းကူးတံတားတစ္ခုပါပဲ။ မနက္ျဖန္ဆိုတဲ့ အရာကို ကြၽန္ေတာ္ မပိုင္ပါဘူး။ မနက္ျဖန္ကို စိုးရိမ္ေနမယ့္အစား ဒီေန႕မွာ လူတစ္ေယာက္ကို ၿပဳံးျပလိုက္ပါ၊ ရင္ထဲမွာေၾကကြဲမႈေပါင္းစုံ၊ ေသာက

ေပါင္းစုံ ရွိေနရင္ေတာင္မွ ဒီလို ၿပဳံးျပလိုက္တာဟာ ကုသိုလ္တစ္ခုပါပဲ။ ကြၽန္ေတာ္ အရက္၊ ဝီစကီ ရာသက္ပန္ မေသာက္ေတာ့ပါဘူး။ မႀကိဳက္လည္း မႀကိဳက္ဘူး။ ၿပီးေတာ့ ေဆးေတြလည္း ကြၽမ္းကြၽမ္းက်င္က်င္ သုံးခဲ့ဖူးပါတယ္။ မႀကိဳက္လို႔ စြန႔္ပစ္ခဲ့ၿပီးပါၿပီ။ ေလာကမွာ လူရယ္လို႔ျဖစ္လာရင္

ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးသိမွရပါမယ္။ နာမည္ႀကီးတာ မႀကီးတာ၊ ပိုက္ဆံရွာနိုင္တာ၊ မရွာနိုင္တာ ခဏထား ကြၽန္ေတာ္တို႔မွာ လုပ္နိုင္တဲ့ ကုသိုလ္ေတြ အမ်ားႀကီး ရွိတယ္ေနာ္။ ကြၽန္ေတာ္ဒီ့ထက္ ပိုၿပီး လူူပီသခ်င္တယ္” လို႔ ဆိုပါတယ္။ သူဟာ ဂီတေလာကမွာေအာင္ျမင္ခဲ့ဖူးသူတစ္ေယာက္

ျဖစ္တာေၾကာင့္ အခုခ်ိန္မွာေအာင္ျမင္မႈ ဆိုတာထက္ ကုသိုလ္ေရးကို ပိုဦးစားေပးလုပ္ေဆာင္ေနတယ္လို႔ ထူးအယ္လင္းက ဆိုပါတယ္။ အခုခ်ိန္မွာ ေအာင္ျမင္ေနတဲ့အႏုပညာရွင္ေတြအေနနဲ႔ ကိုယ့္ပရိသတ္ေတြအတြက္ တစ္ဖက္တစ္လမ္းက အက်ိဳးျပဳဖို႔ ပရဟိတေတြလုပ္သင့္တယ္လို႔လည္း

နိုဝင္ဘာလ ၂၄ ရက္ေန႔မနက္ ၁၂ နာရီေက်ာ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာခဲ့တာပါ။ “ကြၽန္ေတာ့္ကို ထူးအယ္လင္းျဖစ္လာေအာင္ အားေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္တယ္။ ကြၽန္ေတာ္ ဆိုးခဲ့တာေတြ ေတာ္ေတာ္မ်ားပါတယ္။ လူတိုင္းကေတာ့ မျပည့္စုံပါဘူး။

ပိုက္ဆံရွာၿပီးေတာ့မွ တကယ္ခ်မ္းသာ လုပ္ငန္းရွင္ေတြကလည္း အၿမဲတမ္းပိုက္ဆံရွာေနရတာပဲ။ ဒါေပမယ့္ သူတို႔မွာ Plan ေတြရွိတယ္။ ကြၽန္ေတာ္တို႔ Plan ကက်ေတာ့ ပိုက္ဆံနဲ႕လႉနိုင္မွ သဒၵါမဟုတ္ပါဘူး။ စိတ္ေစတနာအျပည့္နဲ႕ ၿပဳံးျပလိုက္ရင္ေတာင္မွ သဒၵါ ေစတနာ ျဖစ္ပါတယ္။

နာမည္ႀကီးတဲ့ သူေတြကပရဟိတအလုပ္ေတြ ပိုလုပ္သင့္တယ္။ သူတို႔ကို အားေပးတဲ့ ပရိသတ္ေတြအတြက္ အက်ိဳးျပန္ျပဳသင့္တယ္။ အခုဆို ကိုေဝဠုေက်ာ္ သူ႕ဘာသာသူ ေကာင္းေကာင္း မေကာင္းေကာင္း၊ သူ႕လမ္းသူ ေလွ်ာက္တယ္ ဒါကိုသေဘာက်တယ္။ ပရိသတ္ကိုမက္ေဆ့ခ်္

ေပးခ်င္တာက ခင္ဗ်ားတို႔အထင္နဲ႕ ဆုံးျဖတ္လိုက္တဲ့ ကိစၥေတြကလြဲေနတာေတြ အမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ္က နာမည္ႀကီးခ်င္တဲ့ ဆႏၵက လြန္ခဲ့တဲ့ ၂၇ ႏွစ္ေလာက္က ေအာင္ျမင္ခဲ့ဖူးပါၿပီ။ အဲဒီေနာက္ကြယ္မွာ ျပႆနာေတြ အမ်ားႀကီးရွိတယ္ ဒါကိုခံနိုင္ရည္ရွိဖို႔ လိုပါတယ္” လို႔

ဆိုပါတယ္။ ထူးအယ္လင္း(Htoo El Lin)ဟာ လက္ရွိမွာ ဂီတအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကိုစြမ္းစြမ္းတမံလုပ္ေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႕ မီးေဘးသင့္ေဒသေတြသာမက ေရေဘးသင့္ေဒသေတြ၊ မီးသၿဂိဳဟ္စက္ လိုအပ္တဲ့ေနရာေတြ၊ လူနာတင္ယာဥ္လိုအပ္တဲ့ေနရာေတြမွာ

လည္း လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။အဲဒီေနာက္ ဘုရားေစတီတည္ျခင္း၊ ေက်ာင္းေဆာက္လႉဒါန္းျခင္း၊ စာသင္ေက်ာင္းမ်ားမွာ ရွိတဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးျခင္းျဖင့္ ကုသိုလ္အလႉေတြ လုပ္ေလ့ရွိပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ထူးအယ်လင်းကတော့ အခုချိန်မှာ ပရဟိတအလုပ်တွေ လုပ်ရင်း ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ ငွေထက်အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်ရတဲ့ ကုသိုလ်ရေးတွေအတွက် သူကိုယ်တိုင်ကလည်း လူပီသချင်တဲ့ ဆန္ဒဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ “ ငွေထက်အရေးကြီးတဲ့

အရာတွေကို ကျွန်တော်ကိုယ်တိုင်ရှာတွေ့ခဲ့ပါတယ်။ ပိုက်ဆံဆိုတာ ကျွန်တော်တို့အတွက်တော့ ပေါင်းကူးတံတားတစ်ခုပါပဲ။ မနက်ဖြန်ဆိုတဲ့ အရာကို ကျွန်တော် မပိုင်ပါဘူး။ မနက်ဖြန်ကို စိုးရိမ်နေမယ့်အစား ဒီနေ့မှာ လူတစ်ယောက်ကို ပြုံးပြလိုက်ပါ၊ ရင်ထဲမှာကြေကွဲမှုပေါင်းစုံ၊ သောက

ပေါင်းစုံ ရှိနေရင်တောင်မှ ဒီလို ပြုံးပြလိုက်တာဟာ ကုသိုလ်တစ်ခုပါပဲ။ ကျွန်တော် အရက်၊ ဝီစကီ ရာသက်ပန် မသောက်တော့ပါဘူး။ မကြိုက်လည်း မကြိုက်ဘူး။ ပြီးတော့ ဆေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးခဲ့ဖူးပါတယ်။ မကြိုက်လို့ စွန့်ပစ်ခဲ့ပြီးပါပြီ။ လောကမှာ လူရယ်လို့ဖြစ်လာရင်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးသိမှရပါမယ်။ နာမည်ကြီးတာ မကြီးတာ၊ ပိုက်ဆံရှာနိုင်တာ၊ မရှာနိုင်တာ ခဏထား ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ ကုသိုလ်တွေ အများကြီး ရှိတယ်နော်။ ကျွန်တော်ဒီ့ထက် ပိုပြီး လူူပီသချင်တယ်” လို့ ဆိုပါတယ်။ သူဟာ ဂီတလောကမှာအောင်မြင်ခဲ့ဖူးသူတစ်ယောက်

ဖြစ်တာကြောင့် အခုချိန်မှာအောင်မြင်မှု ဆိုတာထက် ကုသိုလ်ရေးကို ပိုဦးစားပေးလုပ်ဆောင်နေတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။ အခုချိန်မှာ အောင်မြင်နေတဲ့အနုပညာရှင်တွေအနေနဲ့ ကိုယ့်ပရိသတ်တွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုဖို့ ပရဟိတတွေလုပ်သင့်တယ်လို့လည်း

နိုဝင်ဘာလ ၂၄ ရက်နေ့မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ “ကျွန်တော့်ကို ထူးအယ်လင်းဖြစ်လာအောင် အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ကျွန်တော် ဆိုးခဲ့တာတွေ တော်တော်များပါတယ်။ လူတိုင်းကတော့ မပြည့်စုံပါဘူး။

ပိုက်ဆံရှာပြီးတော့မှ တကယ်ချမ်းသာ လုပ်ငန်းရှင်တွေကလည်း အမြဲတမ်းပိုက်ဆံရှာနေရတာပဲ။ ဒါပေမယ့် သူတို့မှာ Plan တွေရှိတယ်။ ကျွန်တော်တို့ Plan ကကျတော့ ပိုက်ဆံနဲ့လှူနိုင်မှ သဒ္ဒါမဟုတ်ပါဘူး။ စိတ်စေတနာအပြည့်နဲ့ ပြုံးပြလိုက်ရင်တောင်မှ သဒ္ဒါ စေတနာ ဖြစ်ပါတယ်။

နာမည်ကြီးတဲ့ သူတွေကပရဟိတအလုပ်တွေ ပိုလုပ်သင့်တယ်။ သူတို့ကို အားပေးတဲ့ ပရိသတ်တွေအတွက် အကျိုးပြန်ပြုသင့်တယ်။ အခုဆို ကိုဝေဠုကျော် သူ့ဘာသာသူ ကောင်းကောင်း မကောင်းကောင်း၊ သူ့လမ်းသူ လျှောက်တယ် ဒါကိုသဘောကျတယ်။ ပရိသတ်ကိုမက်ဆေ့ချ်

ပေးချင်တာက ခင်ဗျားတို့အထင်နဲ့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စတွေကလွဲနေတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်က နာမည်ကြီးချင်တဲ့ ဆန္ဒက လွန်ခဲ့တဲ့ ၂၇ နှစ်လောက်က အောင်မြင်ခဲ့ဖူးပါပြီ။ အဲဒီနောက်ကွယ်မှာ ပြဿနာတွေ အများကြီးရှိတယ် ဒါကိုခံနိုင်ရည်ရှိဖို့ လိုပါတယ်” လို့

ဆိုပါတယ်။ ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကိုစွမ်းစွမ်းတမံလုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ်လိုအပ်တဲ့နေရာတွေမှာ

လည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်