ONE Championship T-shirt နဲ့ Face mask များစွာ​ရောင်းချပြီး ကိုဗစ်လူနာတွေအား လှူဒါန်းသွားမယ့် အောင်လအာန်ဆိုင်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်ကြီးရေ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ONE Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ဂုဏ်ထူးအောင် အောင်လအာန်ဆိုင်း တစ်ယောက် ရှုံးနိမ့်သွားတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေအတော်လေး စိတ်မကောင်း
ဖြစ်ခဲ့ရပေမယ့် အောင်လကတော့နောက်ပွဲတွေမှာ မရှုံးနိမ့်အောင် ကြိုးစား ယှဉ်ပြိုင်သွားပါမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ လတ်တလောမှာတော့ ONE Championship အထူးသီးသန့် T-shirt အကျၤ ီနဲ့ Face mask များကို
Myanmar Plaza ရှိ MK Fashion Shop တွင်ရောင်းချလျက်ရှိတယ်လို့သိရပြီး Online order အနေနဲ့ မှာယူလို့ရတဲ့အကြောင်းကို အောင်လအာန်ဆိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။
ရောင်းရငွေရဲ့ ၁၀% ကိုဝေဘာဂီဆေးရုံရှိ ကိုဗစ်လူနာများအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ယခုလိုအချိန်မှာ သင့်အတွက်သေးငယ်တဲ့လုပ်ဆောင်မှု့ဟာတစ်စုံတစ်ယောက်အတွက်တော့
ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်သွားနိုင်ပါတယ် ဆိုတဲ့စာသားလေးနဲ့လည်း ဝယ်ယူအားပေးခြင်းဖြင့် ကိုဗစ်ရောဂါသည်တွေကို ကူညီရာရောက်ကြောင်းကို ပရိသတ်တွေကို
အသိပေးဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်