Covid 19 ေရာဂါပိုးကူးစက္ျခင္းခံလိုက္ရျပီျဖစ္ေၾကာင္း၀မ္းနည္းစြာ ေျပာျပလာ​ေသာ ေနလင္း

ပရိတ္သတ္ျကီးေရ တစ္ကမာၻလုံး ရင္ဆိုင္ေနရတဲ့ ကိုဗစ္ကပ္ေရာဂါႀကီးကိုေတာ့ ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ႏိုင္ငံေတြမွာေတာင္ ေရွာင္လြဲမရႏိုင္တာမို႔ ကိုယ္ပိုင္အသိ၊ သတိနဲ႔ မကူးစက္ေအာင္ကာကြယ္ၾကရမွာက လူတိုင္းရဲ႕တာဝန္ပါ။ ဒါေပမယ့္ အခုလို သတိႀကီးႀကီးထားေနရင္းေတာင္

သတိလြတ္သြားတဲ့ခဏမွာ ကူးစက္ခံလိုက္ရသူေတြလည္း အမ်ားအျပားပါ။ ျမန္မာႏိုင္ငံမွာလည္း ေန႔စဥ္လူေထာင္ေက်ာ္ ေရာဂါပိုးေတြ႕ရွိေနၿပီး ပိုးေတြ႕လူနာေတြထဲမွာ ျပည္သူခ်စ္အႏုပညာရွင္ေတြလည္း တစ္ေယာက္ၿပီးတစ္ေယာက္ ပါဝင္လာခဲ့ပါတယ္။ မၾကာေသးခင္ကပရဟိတမင္းသားႀကီး

ဦးေက်ာ္သူနဲ႔ထြန္းကိုကိုတို႔မွာ ပိုးေတြ႔ရွိခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ဦးမိုးဒီမွာကိုဗစ္ပိုးေတြ႔ရွိခဲ့ပါတယ္။ ဒီေန႔မွာလည္း ေနာက္တစ္ေယာက္အေနနဲ႔ ဇာတ္ပို႔ဇာတ္ရံ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သူ ေနလင္း ကေတာ့ သူလည္း Positive ထိသြားၿပီျဖစ္ေၾကာင္း ပရိသတ္ႀကီးကို

အသိေပးမွ်ေဝလာပါတယ္။ ဧရာဝတီစင္တာမွာ ကိုဗစ္ပိုးသြားေရာက္စစ္ေဆးရာမွ Positive ေတြ႔ခဲ့ေၾကာင္း မွ်ေဝခဲ့တာျဖစ္ၿပီး ဘယ္ကကူးစက္ခံခဲ့ရေၾကာင္းကိုေတာ့ ေျပာၾကားထားျခင္းမရွိေသးပါဘူး။ ပရိသတ္ေတြကေတာ့ေနလင္းတစ္ေယာက္ ဘယ္ကကူးစက္ခံခဲ့ရသလဲ

စိုးရိမ္စြာ ေမးျမန္းခဲ့ၾကသလို အျမန္ဆုံးသက္သာေပ်ာက္ကင္းသြားေစဖို႔လည္း ဆုေတာင္းေပးခဲ့ၾကပါတယ္။ လတ္တေလာ ကိုဗစ္ပိုးကူးစက္ခံထားရတဲ့ ပရိသတ္အခ်စ္ေတာ္ ဦးမိုးဒီနဲ႔ ကိုေနလင္းတို႔ ႏွစ္ေယာက္စလုံး အျမန္ဆုံးျပန္လည္

သက္သာေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိတ်သတ်ကြီးရေ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကိုတော့ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာတောင် ရှောင်လွဲမရနိုင်တာမို့ ကိုယ်ပိုင်အသိ၊ သတိနဲ့ မကူးစက်အောင်ကာကွယ်ကြရမှာက လူတိုင်းရဲ့တာဝန်ပါ။ ဒါပေမယ့် အခုလို သတိကြီးကြီးထားနေရင်းတောင်

သတိလွတ်သွားတဲ့ခဏမှာ ကူးစက်ခံလိုက်ရသူတွေလည်း အများအပြားပါ။ မြန်မာနိုင်ငံမှာလည်း နေ့စဉ်လူထောင်ကျော် ရောဂါပိုးတွေ့ရှိနေပြီး ပိုးတွေ့လူနာတွေထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာခဲ့ပါတယ်။ မကြာသေးခင်ကပရဟိတမင်းသားကြီး

ဦးကျော်သူနဲ့ထွန်းကိုကိုတို့မှာ ပိုးတွေ့ရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဦးမိုးဒီမှာကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း နောက်တစ်ယောက်အနေနဲ့ ဇာတ်ပို့ဇာတ်ရံ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်သူ နေလင်း ကတော့ သူလည်း Positive ထိသွားပြီဖြစ်ကြောင်း ပရိသတ်ကြီးကို

အသိပေးမျှဝေလာပါတယ်။ ဧရာဝတီစင်တာမှာ ကိုဗစ်ပိုးသွားရောက်စစ်ဆေးရာမှ Positive တွေ့ခဲ့ကြောင်း မျှဝေခဲ့တာဖြစ်ပြီး ဘယ်ကကူးစက်ခံခဲ့ရကြောင်းကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ ပရိသတ်တွေကတော့နေလင်းတစ်ယောက် ဘယ်ကကူးစက်ခံခဲ့ရသလဲ

စိုးရိမ်စွာ မေးမြန်းခဲ့ကြသလို အမြန်ဆုံးသက်သာပျောက်ကင်းသွားစေဖို့လည်း ဆုတောင်းပေးခဲ့ကြပါတယ်။ လတ်တလော ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ပရိသတ်အချစ်တော် ဦးမိုးဒီနဲ့ ကိုနေလင်းတို့ နှစ်ယောက်စလုံး အမြန်ဆုံးပြန်လည်

သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်