​ေတာင္ေပၚေဒသဆီက ဆြမ္းမပို႔တတ္ၾကတဲ့ ရြာက​ေလးမ်ားမွာ သာသနာျပဳရျခင္း

(ဆြမ္းမပို႔တဲ့ရြာ) ဗုဒၶဘာသာရြာမွန္ရင္ ဘုန္းေတာ္ႀကီးေတြရဲ႕ ဆြမ္းကြမ္းကိစၥအတြက္ကို ဒကာဒကာမေတြက ဆြမ္းပို႔ေပးၿပီးတာဝန္ယူၾကတာဟာ ေျမျပန္႔ေဒသေတြမွာေတာ့ဓေလ့ထုံးစံတစ္ခု၊ တာဝန္တစ္ရပ္လိုကို ျဖစ္ေနပါၿပီ။ ခ်င္းျပည္နယ္က တစ္ခ်ိဳ႕ေသာရြာေလးေတြမွာေတာ့ေျမျပန္႔က

သာသနာလာျပဳတဲ့ ရဟန္းေတြဟာဆြမ္းကြမ္းအတြက္ကို ကိုယ္တိုင္ခ်က္ၿပီးဘုဥ္းေပးၾကရပါတယ္။ ဒါကလည္း ခ်င္းျပည္နယ္မွာသာသနာျပဳတာဝန္က်တဲ့ ရဟန္းေတာ္ေတြအတြက္ အထူးအဆန္းေတာ့မဟုတ္ပါဘူး။ ခ်င္းျပည္နယ္ေတာင္ပိုင္းရဲ႕ ၿမိဳ႕ေတြျဖစ္တဲ့ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာ

ဆိုရင္သာသနာျပဳဌာနေပါင္း (၃၆)ဌာန႐ွိၿပီး မင္းတပ္ၿမိဳ႕နယ္ထဲမွာဆိုရင္ ဌာနေပါင္း (၅၀)ေက်ာ္ ႐ွိပါတယ္။ ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာေဒသခံ ခ်င္းတိုင္းရင္းသားေတြကဆြမ္းပို႔တဲ့ရြာေပါင္း (၂၀) ေလာက္႐ွိၿပီးမင္းတပ္ၿမိဳ႕နယ္ထဲမွာလည္း ေက်ာင္းေပါင္း(၂၀)ေလာက္႐ွိပါတယ္။

ဆြမ္းမပို႔လို႔ ကိုယ္တိုင္ခ်က္ဘုဥ္းေပးရတဲ့ ရြာေတြကေတာ့ ႏွစ္ၿမိဳ႕နယ္ေပါင္း (၅၀)ေက်ာ္႐ွိတာမို႔ အဲဒီရြာေတြမွာ တာဝန္က်တဲ့ ဦးဇင္းေတြကေတာ့ ခ်က္တတ္သည္ျဖစ္ေစ၊ မခ်က္တတ္သည္ျဖစ္ေစ ခ်က္ျပဳတ္နည္းကိုသင္ယူေလ့လာၿပီး ျဖစ္သလို ခ်က္စားၾကရေတာ့တာပါပဲ။ ကိုယ္ကေတာ့

မင္းတပ္နယ္ထဲက မဲင္းရြာေရာက္တိုင္း သူငယ္ခ်င္းနဲ႔အတူဝိုင္းဝန္းကူခ်က္ေလ့႐ွိပါတယ္။ ကိုယ့္ရြာက ဒကာဒကာမေတြကဆြမ္းပို႔တာေၾကာင့္ ဆြမ္းကြမ္းအတြက္ဘာမွမပူရလို႔တစ္ျခားအလုပ္ေတြ လုပ္ခ်ိန္ ပိုရပါတယ္။ စာေရးမလား၊ စာဖတ္မလား၊ ေက်ာင္းဝိုင္းသန္႔႐ွင္းေရးလုပ္မလား၊

ဘုရားတည္မလား၊ ေက်ာင္းေဆာက္မလား၊ သစ္ပင္စိုက္မလား ႀကိဳက္တာလုပ္ႏိုင္ပါတယ္။ ဆြမ္းပို႔ျခင္း၊ မပို႔ျခင္းက ဘယ္ေလာက္ကြာျခားသလဲဆိုတာကိုလည္း ကိုယ္တိုင္သိျမင္လာရပါတယ္။ ဆြမ္းကြမ္းခ်က္ေနရတာနဲ႔တင္ကို မနက္ပိုင္းတစ္ခုလုံးဟာ ကုန္မွန္းမသိကုန္သြားပါတယ္။

ေနာက္ၿပီး ရြာထဲကဒကာဒကာမေတြက ဆြမ္းမပို႔ေတာ့ ေက်ာင္းကို အေရာက္အေပါက္ နည္းၿပီး ဗုဒၶဘာသာ ရဟန္းသံဃာေတြနဲ႔ထိေတြ႔ခြင့္ နည္းပါးတာေၾကာင့္ လုံေလာက္တဲ့ခင္မင္ရင္းႏွီးမႈ၊ လုံေလာက္တဲ့ ၾကည္ညိဳေလးစားမႈလည္း နည္းပါးလွပါတယ္။ ဆြမ္းပို႔တဲ့ရြာေတြဆိုရင္

ရဟန္းသံဃာေတြဘက္ကလည္း”ဪ ဒီရြာထဲက ဒကာဒကာမေတြ လႉဒါန္းတဲ့ဆြမ္းကြမ္းကို အမွီျပဳၿပီး ငါ အသက္႐ွင္ရပ္တည္ေနရတယ္။ ငါ့အေပၚမွာ ဒကာဒကာမေတြရဲ႕ေက်းဇူးေတြ႐ွိတယ္။ ဒါေၾကာင့္ ငါေနခ်င္သလိုေနဖို႔မသင့္ဘူး။ ငါ လုပ္ခ်င္တာ လုပ္ဖို႔မသင့္ဘူး။ ငါ့အေပၚ

ေက်းဇူး႐ွိလို႔ သူတို႔အေပၚကိုလည္း ျပန္ၿပီး ေက်းဇူးျပဳႏိုင္ရင္ေကာင္းမွာပဲ” ဆိုတဲ့အေတြးေတြဟာ ရဟန္းတစ္ပါးရဲ႕စိတ္ကိုပိုၿပီး ပီသေစပါတယ္။ ဆြမ္းမပို႔တဲ့ ရြာေတြမွာက်ရဟန္းေတြနဲ႔ ဒကာဒကာမေတြဟာ ခပ္စိမ္းစိမ္းဆိုေတာ့ ေက်းဇူးဆိုတာလည္း သိပ္ၿပီးမ႐ွိလွသလိုပါပဲ။ ေက်းဇူးေတြ

နည္းပါးေတာ့တစ္ဖက္နဲ႔တစ္ဖက္ ေထာက္ထားငဲ့ညႇာစရာေတြလည္း သိပ္မလိုၾကလို႔ ခပ္စိမ္းစိမ္းဟာ ခပ္စိမ္းစိမ္းပဲ ေနခဲ့ၾကပါတယ္။ တစ္ဖက္နဲ႔တစ္ဖက္ ေက်းဇူးတရားေလးေတြ အျပန္အလွန္႐ွိမွသာလွ်င္ေနရထိုင္ရတာလည္းပိုၿပီးေပ်ာ္ေမြ႔စရာ ေကာင္းမယ္ထင္ပါတယ္။

ရဟန္းေတြဘက္ကလည္း “သူတို႔ပို႔တဲ့ဆြမ္းနဲ႔ အသက္႐ွင္ေနထိုင္ရတဲ့ဘဝမို႔ သူတို႔ဟာငါ့ရဲ႕ေက်းဇူး႐ွင္ေတြပါလား”ဆိုတဲ့အသိမ်ိဳးဝင္သင့္သလို လူေတြဘက္ကလည္း “ဦးဇင္း႐ွိလို႔ ဆြမ္းကြမ္းလႉရတာေၾကာင့္ ဒါနကုသိုလ္ေတြ ရတယ္။ ဦးဇင္း႐ွိလို႔ ဘုရားတည္ျဖစ္တယ္။

ေက်ာင္းေဆာက္ျဖစ္တယ္။ ဦးဇင္း႐ွိလို႔ ဘာသာေရးအသိေတြ ပိုသိလာရတယ္။ တရားနာရတယ္” ဆိုတဲ့အျပန္အလွန္ေက်းဇူးတရားေလးေတြ ႐ွိေနႏိုင္ရင္ေတာ့ပိုေကာင္းမယ္ ထင္ပါတယ္။ ခ်င္းေတာင္ေပၚက ဆြမ္းမပို႔တဲ့ ရြာေလးေတြကိုလည္း အျပစ္မဆိုသာပါဘူး။ တကယ္ေတာ့

သူတို႔ရြာေလးေတြဟာဗုဒၶဘာသာသက္တမ္း အင္မတန္ ႏုနယ္ၾကပါေသးတယ္။ ရြာထဲမွာ ခရစ္ယာန္တစ္ဝက္၊ ဗုဒၶဘာသာတစ္ဝက္မို႔ ဗုဒၶဘာသာကလည္း ခရစ္ယာန္ထဲအခ်ိန္မေရြး ဝင္သြားႏိုင္သလို ခရစ္ယာန္ကလည္း ဗုဒၶဘာသာထဲကို အခ်ိန္မေရြးဝင္လာႏိုင္ပါတယ္။

ဒီသူတို႔ေလးေတြမွာ ဘာသာေရးနဲ႔ပတ္သက္ၿပီး ခံစားခ်က္ သိပ္မ႐ွိၾကတာကိုလည္း ေတြ႔ရပါတယ္။ လူသာသနာျပဳပုဂၢဳိလ္နဲ႔ မတည့္လို႔ ခရစ္ယာန္ထဲ ေျပာင္းသြားရတာနဲ႔၊ ဘုန္းႀကီးနဲ႔ မရင္းႏွီးလို႔ တစ္ျခားဘာသာထဲ ေျပာင္းသြားရတာနဲ႔။ သူတို႔အတြက္ကေတာ့ ဘာသာတစ္ခုကေနတစ္ခုကို

ကူးေျပာင္းကိုးကြယ္ဖို႔က ေရေသာက္သေလာက္ေတာင္ ခက္ပုံမရပါဘူး။ ဘာေတြ ဘယ္လိုပဲျဖစ္ျဖစ္ ဗုဒၶဘာသာသက္တမ္းႏုေသးတဲ့ ခ်င္းေတာင္ေပၚက ရြာေလးေတြမွာ ဆြမ္းကြမ္းကို ကိုယ္တိုင္ခ်က္ၿပီး ဘုဥ္းေပးရပ္တည္ေနရတဲ့ သူငယ္ခ်င္း၊ ညီေတာ္၊ ေနာင္ေတာ္အားလုံးကို ေလးစားမိပါေၾကာင္း။ ေမာင္ေခမိန္(မေကြး) ၂၃၊ ၁၁၊ ၂၀၂၀

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

(ဆွမ်းမပို့တဲ့ရွာ) ဗုဒ္ဓဘာသာရွာမှန်ရင် ဘုန်းတော်ကြီးတွေရဲ့ ဆွမ်းကွမ်းကိစ္စအတွက်ကို ဒကာဒကာမတွေက ဆွမ်းပို့ပေးပြီးတာဝန်ယူကြတာဟာ မြေပြန့်ဒေသတွေမှာတော့ဓလေ့ထုံးစံတစ်ခု၊ တာဝန်တစ်ရပ်လိုကို ဖြစ်နေပါပြီ။ ချင်းပြည်နယ်က တစ်ချို့သောရွာလေးတွေမှာတော့မြေပြန့်က

သာသနာလာပြုတဲ့ ရဟန်းတွေဟာဆွမ်းကွမ်းအတွက်ကို ကိုယ်တိုင်ချက်ပြီးဘုဉ်းပေးကြရပါတယ်။ ဒါကလည်း ချင်းပြည်နယ်မှာသာသနာပြုတာဝန်ကျတဲ့ ရဟန်းတော်တွေအတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။ ချင်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တွေဖြစ်တဲ့ကန်ပက်လက်မြို့နယ်ထဲမှာ

ဆိုရင်သာသနာပြုဌာနပေါင်း (၃၆)ဌာနရှိပြီး မင်းတပ်မြို့နယ်ထဲမှာဆိုရင် ဌာနပေါင်း (၅၀)ကျော် ရှိပါတယ်။ ကန်ပက်လက်မြို့နယ်ထဲမှာဒေသခံ ချင်းတိုင်းရင်းသားတွေကဆွမ်းပို့တဲ့ရွာပေါင်း (၂၀) လောက်ရှိပြီးမင်းတပ်မြို့နယ်ထဲမှာလည်း ကျောင်းပေါင်း(၂၀)လောက်ရှိပါတယ်။

ဆွမ်းမပို့လို့ ကိုယ်တိုင်ချက်ဘုဉ်းပေးရတဲ့ ရွာတွေကတော့ နှစ်မြို့နယ်ပေါင်း (၅၀)ကျော်ရှိတာမို့ အဲဒီရွာတွေမှာ တာဝန်ကျတဲ့ ဦးဇင်းတွေကတော့ ချက်တတ်သည်ဖြစ်စေ၊ မချက်တတ်သည်ဖြစ်စေ ချက်ပြုတ်နည်းကိုသင်ယူလေ့လာပြီး ဖြစ်သလို ချက်စားကြရတော့တာပါပဲ။ ကိုယ်ကတော့

မင်းတပ်နယ်ထဲက မဲင်းရွာရောက်တိုင်း သူငယ်ချင်းနဲ့အတူဝိုင်းဝန်းကူချက်လေ့ရှိပါတယ်။ ကိုယ့်ရွာက ဒကာဒကာမတွေကဆွမ်းပို့တာကြောင့် ဆွမ်းကွမ်းအတွက်ဘာမှမပူရလို့တစ်ခြားအလုပ်တွေ လုပ်ချိန် ပိုရပါတယ်။ စာရေးမလား၊ စာဖတ်မလား၊ ကျောင်းဝိုင်းသန့်ရှင်းရေးလုပ်မလား၊

ဘုရားတည်မလား၊ ကျောင်းဆောက်မလား၊ သစ်ပင်စိုက်မလား ကြိုက်တာလုပ်နိုင်ပါတယ်။ ဆွမ်းပို့ခြင်း၊ မပို့ခြင်းက ဘယ်လောက်ကွာခြားသလဲဆိုတာကိုလည်း ကိုယ်တိုင်သိမြင်လာရပါတယ်။ ဆွမ်းကွမ်းချက်နေရတာနဲ့တင်ကို မနက်ပိုင်းတစ်ခုလုံးဟာ ကုန်မှန်းမသိကုန်သွားပါတယ်။

နောက်ပြီး ရွာထဲကဒကာဒကာမတွေက ဆွမ်းမပို့တော့ ကျောင်းကို အရောက်အပေါက် နည်းပြီး ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေနဲ့ထိတွေ့ခွင့် နည်းပါးတာကြောင့် လုံလောက်တဲ့ခင်မင်ရင်းနှီးမှု၊ လုံလောက်တဲ့ ကြည်ညိုလေးစားမှုလည်း နည်းပါးလှပါတယ်။ ဆွမ်းပို့တဲ့ရွာတွေဆိုရင်

ရဟန်းသံဃာတွေဘက်ကလည်း”ဪ ဒီရွာထဲက ဒကာဒကာမတွေ လှူဒါန်းတဲ့ဆွမ်းကွမ်းကို အမှီပြုပြီး ငါ အသက်ရှင်ရပ်တည်နေရတယ်။ ငါ့အပေါ်မှာ ဒကာဒကာမတွေရဲ့ကျေးဇူးတွေရှိတယ်။ ဒါကြောင့် ငါနေချင်သလိုနေဖို့မသင့်ဘူး။ ငါ လုပ်ချင်တာ လုပ်ဖို့မသင့်ဘူး။ ငါ့အပေါ်

ကျေးဇူးရှိလို့ သူတို့အပေါ်ကိုလည်း ပြန်ပြီး ကျေးဇူးပြုနိုင်ရင်ကောင်းမှာပဲ” ဆိုတဲ့အတွေးတွေဟာ ရဟန်းတစ်ပါးရဲ့စိတ်ကိုပိုပြီး ပီသစေပါတယ်။ ဆွမ်းမပို့တဲ့ ရွာတွေမှာကျရဟန်းတွေနဲ့ ဒကာဒကာမတွေဟာ ခပ်စိမ်းစိမ်းဆိုတော့ ကျေးဇူးဆိုတာလည်း သိပ်ပြီးမရှိလှသလိုပါပဲ။ ကျေးဇူးတွေ

နည်းပါးတော့တစ်ဖက်နဲ့တစ်ဖက် ထောက်ထားငဲ့ညှာစရာတွေလည်း သိပ်မလိုကြလို့ ခပ်စိမ်းစိမ်းဟာ ခပ်စိမ်းစိမ်းပဲ နေခဲ့ကြပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ကျေးဇူးတရားလေးတွေ အပြန်အလှန်ရှိမှသာလျှင်နေရထိုင်ရတာလည်းပိုပြီးပျော်မွေ့စရာ ကောင်းမယ်ထင်ပါတယ်။

ရဟန်းတွေဘက်ကလည်း “သူတို့ပို့တဲ့ဆွမ်းနဲ့ အသက်ရှင်နေထိုင်ရတဲ့ဘဝမို့ သူတို့ဟာငါ့ရဲ့ကျေးဇူးရှင်တွေပါလား”ဆိုတဲ့အသိမျိုးဝင်သင့်သလို လူတွေဘက်ကလည်း “ဦးဇင်းရှိလို့ ဆွမ်းကွမ်းလှူရတာကြောင့် ဒါနကုသိုလ်တွေ ရတယ်။ ဦးဇင်းရှိလို့ ဘုရားတည်ဖြစ်တယ်။

ကျောင်းဆောက်ဖြစ်တယ်။ ဦးဇင်းရှိလို့ ဘာသာရေးအသိတွေ ပိုသိလာရတယ်။ တရားနာရတယ်” ဆိုတဲ့အပြန်အလှန်ကျေးဇူးတရားလေးတွေ ရှိနေနိုင်ရင်တော့ပိုကောင်းမယ် ထင်ပါတယ်။ ချင်းတောင်ပေါ်က ဆွမ်းမပို့တဲ့ ရွာလေးတွေကိုလည်း အပြစ်မဆိုသာပါဘူး။ တကယ်တော့

သူတို့ရွာလေးတွေဟာဗုဒ္ဓဘာသာသက်တမ်း အင်မတန် နုနယ်ကြပါသေးတယ်။ ရွာထဲမှာ ခရစ်ယာန်တစ်ဝက်၊ ဗုဒ္ဓဘာသာတစ်ဝက်မို့ ဗုဒ္ဓဘာသာကလည်း ခရစ်ယာန်ထဲအချိန်မရွေး ဝင်သွားနိုင်သလို ခရစ်ယာန်ကလည်း ဗုဒ္ဓဘာသာထဲကို အချိန်မရွေးဝင်လာနိုင်ပါတယ်။

ဒီသူတို့လေးတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ခံစားချက် သိပ်မရှိကြတာကိုလည်း တွေ့ရပါတယ်။ လူသာသနာပြုပုဂ္ဂိုလ်နဲ့ မတည့်လို့ ခရစ်ယာန်ထဲ ပြောင်းသွားရတာနဲ့၊ ဘုန်းကြီးနဲ့ မရင်းနှီးလို့ တစ်ခြားဘာသာထဲ ပြောင်းသွားရတာနဲ့။ သူတို့အတွက်ကတော့ ဘာသာတစ်ခုကနေတစ်ခုကို

ကူးပြောင်းကိုးကွယ်ဖို့က ရေသောက်သလောက်တောင် ခက်ပုံမရပါဘူး။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာသက်တမ်းနုသေးတဲ့ ချင်းတောင်ပေါ်က ရွာလေးတွေမှာ ဆွမ်းကွမ်းကို ကိုယ်တိုင်ချက်ပြီး ဘုဉ်းပေးရပ်တည်နေရတဲ့ သူငယ်ချင်း၊ ညီတော်၊ နောင်တော်အားလုံးကို လေးစားမိပါကြောင်း။ မောင်ခေမိန်(မကွေး) ၂၃၊ ၁၁၊ ၂၀၂၀