ေက်ာင္းျပန္တက္ခ်င္ေနၾက​ေသာ ေက်ာင္းသားေက်ာင္းသူမ်ားနဲ႔မိဘေတြအတြက္ေတာ့ ဝမ္းသာစရာပဲဗ်ဴိ႕

ပညာသင္ႏွစ္ တစ္ႏွစ္ေအာက္မည္ဆိုသည္မွာ မဟုတ္ဘဲ ကိုဗစ္ကူးစက္မႈ႔အေပၚမူတည္၍ ေက်ာင္းမ်ား ျပန္ဖြင့္နိုင္ရန္ စီစဥ္ေနေၾကာင့္ အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားလိုက္ပါတယ္။ စာသင္ေက်ာင္းမ်ားျပန္ဖြင့္ရန္ေလာေလာဆယ္တြင္အစီအစဥ္မ်ားကို

ေရးဆြဲေနၿပီး ပညာေရးဝန္ႀကီးဌာနကအသိေပးသြားမည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းကဆိုပါတယ္။ “ဖြင့္နိုင္ မဖြင့္နိုင္ဆိုတာ ခ်က္ခ်င္းႀကီး ေကာက္ေျပာလို့ မရဘူးေလ။ ကိုဗစ္ကူးစက္မွုအေပၚ မူတည္တယ္။ အခုေလာေလာဆယ္ကေတာ့ ေစာင့္ၾကည့္ဆဲ ကာလလို့ပဲေျပာလို့ရတယ္။

ေလာေလာဆယ္ အစီအစဥ္ဆြဲတာေတြေတာ့ လုပ္ေနၾကတယ္။ ခုအခ်ိန္မွာေတာ့ မထုတ္ျပန္ေသးဘူး။ ထုတ္ျပန္တဲ့အခ်ိန္အသိေပးလိုက္မယ္” ဟု ညႊန္ၾကားေရး မွူးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။ စာသင္ေက်ာင္းမ်ားပိတ္ထားရေသာေၾကာင့္ ပညာေရးဝန္ႀကီးဌာနဟာအေျခခံပညာအတန္း

မ်ား၏ သင္ရိုးညႊန္းတမ္းမ်ားကို႐ုပ္သံလိုင္းမ်ားက တစ္ဆင့္ထုတ္လႊင့္ျပသရန္စီစဥ္ေနပါတယ္။ Free to Air ႐ုပ္သံမီဒီယာမ်ားမွ အထက္တန္း၊ အလယ္တန္းႏွင့္ မူလတန္း မ်ား၏ သင္ရိုးညႊန္းတမ္းမ်ား ထုတ္လႊင့္ျပသရန္ စီစဥ္ေနၿပီးလၽွပ္စစ္မီးႏွင့္ တီဗီမရွိသည့္ ေဒသမ်ားတြင္ေရဒီယိုမ်ားက

တစ္ဆင့္ ပို့ခ် သြားမွာ ျဖစ္ပါတယ္။ “ဘာပဲျဖစ္ျဖစ္ေက်ာင္းဖြင့္သည္ ျဖစ္ေစ မဖြင့္သည္ျဖစ္ေစ ကေလးကေတာ့ အိမ္မွာသင္ယူေနရင္ သူတို့အတြက္က အက်ိဳးရွိသြားၿပီ။ ေက်ာင္းဖြင့္တာကို ေစာင့္ရင္းနဲ႔အိမ္ မွာပဲ သင္ယူေနေစခ်င္တယ္” လို့ ညႊန္ၾကားေရးမွူးခ်ဳပ္ကဆိုပါတယ္။ ၾသဂုတ္လ

၂၇ ရက္မွစတင္ၿပီး တစ္နိုင္ငံလုံးတြင္ ဖြင့္လွစ္ထားရွိသည့္ အေျခခံပညာ အထက္တန္းေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ ေက်ာင္းပညာေရးေက်ာင္းႏွင့္ ပုဂၢလိက ေက်ာင္း၊ စုစုေပါင္းေက်ာင္းေပါင္း ၆၅၂၆ ေက်ာင္းကို ပိတ္ရန္ ကိုဗစ္ဗဟိုေကာ္မတီက ညႊန္ၾကားခဲ့သည္။

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပညာသင်နှစ် တစ်နှစ်အောက်မည်ဆိုသည်မှာ မဟုတ်ဘဲ ကိုဗစ်ကူးစက်မှု့အပေါ်မူတည်၍ ကျောင်းများ ပြန်ဖွင့်နိုင်ရန် စီစဉ်နေကြောင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားလိုက်ပါတယ်။ စာသင်ကျောင်းများပြန်ဖွင့်ရန်လောလောဆယ်တွင်အစီအစဉ်များကို

ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနကအသိပေးသွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုပါတယ်။ “ဖွင့်နိုင် မဖွင့်နိုင်ဆိုတာ ချက်ချင်းကြီး ကောက်ပြောလို့ မရဘူးလေ။ ကိုဗစ်ကူးစက်မှုအပေါ် မူတည်တယ်။ အခုလောလောဆယ်ကတော့ စောင့်ကြည့်ဆဲ ကာလလို့ပဲပြောလို့ရတယ်။

လောလောဆယ် အစီအစဉ်ဆွဲတာတွေတော့ လုပ်နေကြတယ်။ ခုအချိန်မှာတော့ မထုတ်ပြန်သေးဘူး။ ထုတ်ပြန်တဲ့အချိန်အသိပေးလိုက်မယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ စာသင်ကျောင်းများပိတ်ထားရသောကြောင့် ပညာရေးဝန်ကြီးဌာနဟာအခြေခံပညာအတန်း

များ၏ သင်ရိုးညွှန်းတမ်းများကိုရုပ်သံလိုင်းများက တစ်ဆင့်ထုတ်လွှင့်ပြသရန်စီစဉ်နေပါတယ်။ Free to Air ရုပ်သံမီဒီယာများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း များ၏ သင်ရိုးညွှန်းတမ်းများ ထုတ်လွှင့်ပြသရန် စီစဉ်နေပြီးလျှပ်စစ်မီးနှင့် တီဗီမရှိသည့် ဒေသများတွင်ရေဒီယိုများက

တစ်ဆင့် ပို့ချ သွားမှာ ဖြစ်ပါတယ်။ “ဘာပဲဖြစ်ဖြစ်ကျောင်းဖွင့်သည် ဖြစ်စေ မဖွင့်သည်ဖြစ်စေ ကလေးကတော့ အိမ်မှာသင်ယူနေရင် သူတို့အတွက်က အကျိုးရှိသွားပြီ။ ကျောင်းဖွင့်တာကို စောင့်ရင်းနဲ့အိမ် မှာပဲ သင်ယူနေစေချင်တယ်” လို့ ညွှန်ကြားရေးမှူးချုပ်ကဆိုပါတယ်။ သြဂုတ်လ

၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း ၆၅၂၆ ကျောင်းကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။