ေခ်းေငြလာေကာက္သူကို အေႂကြးမဆပ္ဘဲ ပါလာတဲ့​ေငြ သိန္း ၁၀၀ ကိုပါ ျပန္လုထားလိုက္တဲ့ ျဖစ္​ရပ္​

ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊ ကလားမေတာင္ေက်း႐ြာတြင္ အေသးစားေငြေခ်းလုပ္ငန္းမွ ဝန္ထမ္း ၁ ဦးသည္ေခ်းေငြလာေရာက္ ေကာက္ခံရာတြင္ မဆပ္ႏိုင္ေသးေၾကာင္းေျပာဆိုရာ မရသျဖင့္ ေကာက္ခံထားသည့္ ေငြက်ပ္သိန္း ၁၀၀ ကိုလုယက္မႈ ခံခဲ့ရေၾကာင္း

ငပုေတာ ၿမိဳ႕မရဲစခန္းမွသိရပါတယ္။ အဆိုပါ ေခ်းေငြဝန္ထမ္း ဦးေဇာ္ထိုက္လြင္သည္ ႏိုဝင္ဘာလ ၁၈ ရက္က ေငြေခ်းေငြေကာက္ခံေရး လုပ္ငန္းအတြက္ ကုလားမေတာင္ေက်း႐ြာကို သြားေရာက္ၿပီးပိုက္ဆံသိမ္းေနစဥ္႐ြာခံ ၁ ဦး၏အမ်ိဳးသမီးကကိုဗစ္ကာလေခ်းေငြျပန္မဆပ္ႏိုင္​ေ​ၾကာင္း

ေျပာရာမွာအဆင္မေျပျဖစ္ၿပီးလုယက္ခံရျခင္းျဖစ္ကာ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးထားၿပီျဖစ္ေၾကာင္း ငပုေတာ့ၿမိဳ႕မရဲစခန္းမွသိရပါတယ္။ “ကလားမေတာင္ ေက်း႐ြာကိုအေသးစားေငြေခ်းလုပ္ငန္း ဝန္ထမ္းကေရာက္လာၿပီးေတာ့ ေခ်းေငြေတာင္းယူတာေတြလုပ္ပါတယ္။

လုယက္မႈကို က်ဴးလြန္သူရဲ႕အမ်ိဳးသမီးက ေခ်းေငြဆပ္ေပးရမွာ ျဖစ္ပါတယ္။ ဆပ္စရာမရွိပါေၾကာင္း ေျပာေနတုန္း အမ်ိဳးသားေရာက္လာၿပီးအခုလိုျဖစ္တာပါ”ဟု ငပုေတာ့ၿမိဳ႕မရဲစခန္း တာဝန္ရွိသူတစ္ဦးထံမွ သိရပါတယ္။ အဆိုပါ ျပစ္မႈက်ဴးလြန္သည့္ အမ်ိဳးသာသည္ဒါးျပၿပီး ထိုးမည္ဟု

​ေျပာဆိုကာ ပိုက္ဆံထည့္ထားသည့္ ေက်ာပိုးအိတ္ႏွင့္ ဖုန္းမ်ား လုယူထြက္ေျပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားကို ပုသိမ္ခ႐ိုင္ ဒုစ႐ိုက္နိမ္နင္းေရးရဲတပ္ဖြဲ႔မွရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္နယ္ေျမခံရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းၿပီးဖမ္းဆီးခဲ့ေၾကာင္းသိရပါတယ္။

အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကလားမတောင်ကျေးရွာတွင် အသေးစားငွေချေးလုပ်ငန်းမှ ဝန်ထမ်း ၁ ဦးသည်ချေးငွေလာရောက် ကောက်ခံရာတွင် မဆပ်နိုင်သေးကြောင်းပြောဆိုရာ မရသဖြင့် ကောက်ခံထားသည့် ငွေကျပ်သိန်း ၁၀၀ ကိုလုယက်မှု ခံခဲ့ရကြောင်း

ငပုတော မြို့မရဲစခန်းမှသိရပါတယ်။ အဆိုပါ ချေးငွေဝန်ထမ်း ဦးဇော်ထိုက်လွင်သည် နိုဝင်ဘာလ ၁၈ ရက်က ငွေချေးငွေကောက်ခံရေး လုပ်ငန်းအတွက် ကုလားမတောင်ကျေးရွာကို သွားရောက်ပြီးပိုက်ဆံသိမ်းနေစဉ်ရွာခံ ၁ ဦး၏အမျိုးသမီးကကိုဗစ်ကာလချေးငွေပြန်မဆပ်နိုင်ကြောင်း

ပြောရာမှာအဆင်မပြေဖြစ်ပြီးလုယက်ခံရခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ငပုတော့မြို့မရဲစခန်းမှသိရပါတယ်။ “ကလားမတောင် ကျေးရွာကိုအသေးစားငွေချေးလုပ်ငန်း ဝန်ထမ်းကရောက်လာပြီးတော့ ချေးငွေတောင်းယူတာတွေလုပ်ပါတယ်။

လုယက်မှုကို ကျူးလွန်သူရဲ့အမျိုးသမီးက ချေးငွေဆပ်ပေးရမှာ ဖြစ်ပါတယ်။ ဆပ်စရာမရှိပါကြောင်း ပြောနေတုန်း အမျိုးသားရောက်လာပြီးအခုလိုဖြစ်တာပါ”ဟု ငပုတော့မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ အဆိုပါ ပြစ်မှုကျူးလွန်သည့် အမျိုးသာသည်ဒါးပြပြီး ထိုးမည်ဟု

ပြောဆိုကာ ပိုက်ဆံထည့်ထားသည့် ကျောပိုးအိတ်နှင့် ဖုန်းများ လုယူထွက်ပြေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားကို ပုသိမ်ခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များနှင့်နယ်မြေခံရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီးဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်