မႏၲေလးတြင္လမ္းေဘး ေသဆုံးေနသည့္ေတာင္းရမ္းစားေသာက္သူတစ္ဦးကိုစစ္ေဆးရာ ကိုဗစ္ပိုးေတြ႕႐ွိခဲ့ျခင္​းရဲ႕​ေနာက္​ဆက္​တြဲသတင္​း

မႏၲေလးၿမိဳ့ ခ်မ္းျမသာစည္ၿမိဳ့နယ္ဦးပြားခုံးေက်ာ္ အနီး နိုဝင္ဘာ(၂၁)ရက္က ေသဆုံးေနခဲ့သည့္ ေတာင္းရမ္းစားေသာက္သူ အသက္ (၁၅)ႏွစ္ဝန္းက်င္အရြယ္အမ်ိဳးသားတစ္ဦး၏ အေလာင္းကိုစစ္ေဆးရာ COVID-19ေရာဂါ Positive (ပိုးေတြ႕) အေျဖထြက္ေၾကာင္းခ်မ္းျမသာစည္ၿမိဳ့နယ္၊

COVID-19 ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီဝင္တစ္ဦးကေျပာသည္။ “ဒီဟာနဲ႔ပတ္သက္ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးေတြက သတင္းေပးပို့လာေတာ့ ဒီအေလာင္းကိုလူမွုကူညီေရး အသင္းကားနဲ႔ ေဆး႐ုံႀကီးကိုပို့တယ္။ ပို့တဲ့အခါ COVID-19 ေရာဂါရွိ၊ မရွိ စစ္ေဆးတဲ့အခါမွာ

Positive ေတြ႔ရွိတယ္” ဟုအထက္ပါ ေကာ္မတီဝင္က​ေျပာသည္။ ေသဆုံးသူအမ်ိဳးသားသည္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားေနသည့္ အတြက္ ေရာဂါ ျပန႔္ပြားမွု မရွိေစေရး အနီးဝန္းက်င္ရွိ ေတာင္းရမ္းစားေသာက္သူ ကေလးငယ္မ်ားကို လိုက္လံရွာေဖြကာ လမ္းဆုံမီးပြိဳင့္မ်ား၌

ေတာင္းရမ္းစားေသာက္သူမ်ား ျဖစ္ေသာ အသက္သုံးႏွစ္မွ (၁၅)ႏွစ္အရြယ္ကေလးငယ္ ကိုးဦးကို ကြာရန္တင္း ထားရွိေၾကာင္း၊ အဆိုပါ ကေလးငယ္မ်ား၏စားေသာက္ေနထိုင္ေရးႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မွုမ်ားအတြက္ ၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာန၊

ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးမ်ားကေဆာင္ရြက္ေပးေနသည္ဟု၎က ဆိုသည္။ “Q Center ကိုပို့လို့ရွိရင္လည္း သူတို့အတြက္လည္း အခက္အခဲျဖစ္မယ္။ က်န္တဲ့သူအတြက္လည္းအခက္အခဲျဖစ္မယ္။ သီးျခားအေနနဲ႔ ဓမၼာ႐ုံမွာ Q ေဆာင္ရြက္ေနပါတယ္” ဟု

ခ်မ္းျမသာစည္ၿမိဳ့နယ္၊ ဒု-ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးစိုးေဇယ်ာထြန္းက ေျပာသည္။ ဦးပြားဘုရား၊ ဦးပြားခုံးေက်ာ္တံတားႏွင့္ သံလမ္းအနီးဝန္းက်င္တြင္ ေတာင္းရမ္းစားေသာက္သူ ကေလးငယ္မ်ား၊ ေကာ္ရွုသည့္ ကေလးငယ္မ်ား ေရာက္ရွိေနတတ္ေၾကာင္း ေဒသခံမ်ားကေျပာသည္။

မႏၲေလးတြင္ COVID-19 ေရာဂါကူးစက္မွု ျမင့္တက္ေနၿပီး ေန႔စဥ္ပိုးေတြ႔လူနာ လူ(၁၀၀)ေက်ာ္ တိုးေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။ နိုဝင္ဘာ(၂၁)ရက္အထိ မႏၲေလးခရိုင္ ခုႏွစ္ၿမိဳ့နယ္အတြင္း COVID-19 ေရာဂါအတည္ျပဳလူနာ(၃၁၀၀)

၀န္းက်င္ ရွိသည္။ မႏၲေလးတစ္တိုင္းလုံး အေနျဖင့္ နိုဝင္ဘာ(၂၁)ရက္အထိ COVID-19 အတည္ျပဳလူနာ (၄၀၀၀)နီးပါးရွိၿပီး ၎တို့အနက္ ေဆး႐ုံဆင္းခြင့္ရသူ (၂၅၀၀)ေက်ာ္၊ ကုသမွုခံယူေနဆဲ (၁၃၀၀)ေက်ာ္ႏွင့္ေသဆုံးသူ (၂၁)ဦး ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး COVID-19

ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သတင္းရရွိသည္။ သတင္​း​ေနာက္​ဆက္​တြဲမွာညေနက ဦးပြားအေနာက္မွာေသတဲ့ေကာ္ရွူကေလးရဲ့ အထိအစပ္က အရမ္းမ်ားနိုင္ပါတယ္။ ခန္႔မွန္း ၄၀၊ ၅၀ ခန္႔ရွိမယ္ထင္ပါတယ္၊ အကုန္လုံးက

ကိုယ္ခံအားနည္းၾကပီးကူးစပ္ခံရဖို့ ရာခိုင္ႏွုန္း အမ်ားဆုံး အေနအထားပါ၊ ညေနကေသတဲ့ခေလးရဲ႕ေဘးမွာေတာင္ထမင္းစားမပ်က္ဘဲ ေအးေဆးေနေနၾကတာပါ။ သက္ဆိုင္ရာက Qဝင္ဖို့ လာေခၚေတာ့ ထြက္ေျပး ၾကတာေၾကာင့္ အနည္းငယ္သာ ေခၚသြားနိုင္ခဲ့ပါတယ္။ အခု

အဲ့ထိစပ္မွု ရွိေနတဲ့ ခေလးေတြအကုန္လုံးက ေနရာအႏွံ့မွာ ေလၽွာက္သြားေနၾကပါဘီ။ ဒါေၾကာင့္မို့ အတတ္နိုင္ဆုံး အျပင္မထြက္ၾကပါနဲ႔၊ ေကာ္ရွူခေလးေတြကိုအတတ္နိုင္ဆုံးဂ႐ုစိုက္ေရွာင္ၾကပါလို႔ သတိေပးႏွိုးေဆာ္ခ်င္ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဦးပွားခုံးကျော် အနီး နိုဝင်ဘာ(၂၁)ရက်က သေဆုံးနေခဲ့သည့် တောင်းရမ်းစားသောက်သူ အသက် (၁၅)နှစ်ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး၏ အလောင်းကိုစစ်ဆေးရာ COVID-19ရောဂါ Positive (ပိုးတွေ့) အဖြေထွက်ကြောင်းချမ်းမြသာစည်မြို့နယ်၊

COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်တစ်ဦးကပြောသည်။ “ဒီဟာနဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သတင်းပေးပို့လာတော့ ဒီအလောင်းကိုလူမှုကူညီရေး အသင်းကားနဲ့ ဆေးရုံကြီးကိုပို့တယ်။ ပို့တဲ့အခါ COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးတဲ့အခါမှာ

Positive တွေ့ရှိတယ်” ဟုအထက်ပါ ကော်မတီဝင်ကပြောသည်။ သေဆုံးသူအမျိုးသားသည် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့် အတွက် ရောဂါ ပြန့်ပွားမှု မရှိစေရေး အနီးဝန်းကျင်ရှိ တောင်းရမ်းစားသောက်သူ ကလေးငယ်များကို လိုက်လံရှာဖွေကာ လမ်းဆုံမီးပွိုင့်များ၌

တောင်းရမ်းစားသောက်သူများ ဖြစ်သော အသက်သုံးနှစ်မှ (၁၅)နှစ်အရွယ်ကလေးငယ် ကိုးဦးကို ကွာရန်တင်း ထားရှိကြောင်း၊ အဆိုပါ ကလေးငယ်များ၏စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဆောင်ရွက်ပေးနေသည်ဟု၎င်းက ဆိုသည်။ “Q Center ကိုပို့လို့ရှိရင်လည်း သူတို့အတွက်လည်း အခက်အခဲဖြစ်မယ်။ ကျန်တဲ့သူအတွက်လည်းအခက်အခဲဖြစ်မယ်။ သီးခြားအနေနဲ့ ဓမ္မာရုံမှာ Q ဆောင်ရွက်နေပါတယ်” ဟု

ချမ်းမြသာစည်မြို့နယ်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောသည်။ ဦးပွားဘုရား၊ ဦးပွားခုံးကျော်တံတားနှင့် သံလမ်းအနီးဝန်းကျင်တွင် တောင်းရမ်းစားသောက်သူ ကလေးငယ်များ၊ ကော်ရှုသည့် ကလေးငယ်များ ရောက်ရှိနေတတ်ကြောင်း ဒေသခံများကပြောသည်။

မန္တလေးတွင် COVID-19 ရောဂါကူးစက်မှု မြင့်တက်နေပြီး နေ့စဉ်ပိုးတွေ့လူနာ လူ(၁၀၀)ကျော် တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ(၂၁)ရက်အထိ မန္တလေးခရိုင် ခုနှစ်မြို့နယ်အတွင်း COVID-19 ရောဂါအတည်ပြုလူနာ(၃၁၀၀)

ဝန်းကျင် ရှိသည်။ မန္တလေးတစ်တိုင်းလုံး အနေဖြင့် နိုဝင်ဘာ(၂၁)ရက်အထိ COVID-19 အတည်ပြုလူနာ (၄၀၀၀)နီးပါးရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၂၅၀၀)ကျော်၊ ကုသမှုခံယူနေဆဲ (၁၃၀၀)ကျော်နှင့်သေဆုံးသူ (၂၁)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19

ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။ သတင်းနောက်ဆက်တွဲမှာညနေက ဦးပွားအနောက်မှာသေတဲ့ကော်ရှူကလေးရဲ့ အထိအစပ်က အရမ်းများနိုင်ပါတယ်။ ခန့်မှန်း ၄၀၊ ၅၀ ခန့်ရှိမယ်ထင်ပါတယ်၊ အကုန်လုံးက

ကိုယ်ခံအားနည်းကြပီးကူးစပ်ခံရဖို့ ရာခိုင်နှုန်း အများဆုံး အနေအထားပါ၊ ညနေကသေတဲ့ခလေးရဲ့ဘေးမှာတောင်ထမင်းစားမပျက်ဘဲ အေးဆေးနေနေကြတာပါ။ သက်ဆိုင်ရာက Qဝင်ဖို့ လာခေါ်တော့ ထွက်ပြေး ကြတာကြောင့် အနည်းငယ်သာ ခေါ်သွားနိုင်ခဲ့ပါတယ်။ အခု

အဲ့ထိစပ်မှု ရှိနေတဲ့ ခလေးတွေအကုန်လုံးက နေရာအနှံ့မှာ လျှောက်သွားနေကြပါဘီ။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး အပြင်မထွက်ကြပါနဲ့၊ ကော်ရှူခလေးတွေကိုအတတ်နိုင်ဆုံးဂရုစိုက်ရှောင်ကြပါလို့ သတိပေးနှိုးဆော်ချင်ပါတယ်။ ခရက်ဒစ်