ဒီဘဝအျပစ္ ဝဋ္ေႂကြးေက်ပါေစေတာ့ ေအးခ်မ္းပါရေစ ဝက္လက္ ၿမိဳ႕မေဈးကို မနက္တိုင္း ေဈးလာဝယ္တဲ့ ဥစၥာေစာင့္မေလး (ျဖစ္ရပ္မွန္)

”ကယ္ၾကပါအုံးေတာ္..ကယ္ၾကပါအုံးေတာ္”

ေအာ္သံၾကားလို႔ၾကည့္လိုက္တာအေဖ့ညီမေဒၚေလးျဖစ္သူေဒၚလုံးယဥ္(ေခၚ)ေဒၚစပ္ရဲ႕ေအာ္သံျဖစ္ေနပါတယ္။ေဒၚေလးအိမ္ကိုသြားၾကည့္လိုက္ေတာ့အိပ္ယာထဲမွာသတိေမ့ၿပီးေနပါတယ္။အိမ္နီးပတ္ဝန္းက်င္မွလူႀကီးမ်ားလူငယ္မ်ားလဲဝိုင္းအုံလာၿပီးယပ္ခပ္သူယပ္ခပ္၊ႏွိပ္ႏွယ္ေပးသူေပးႏွင့္ဝိုင္းအုံေနပါတယ္။ဆရာဝန္သြားေခၚဖို႔နဲ႕႐ြာဦးဘုန္းေတာ္ႀကီးပင့္ေလ်ာက္ဖို႔ေျပာေနၾကတာကိုလည္းၾကားေနရပါတယ္။မၾကာခင္ၿမိဳ႕မွဆရာဝန္ႀကီးေရာက္လာၿပီးလိုအပ္တာလုပ္ေဆာင္ေပးပါတယ္။ေဒၚေလးသတိရလာပါၿပီ။

ေဒၚေလးကသူ႕အျဖစ္ကိုအခုလိုေျပာျပပါတယ္။က်မဒီေန႕မနက္အိပ္ယာကထၿပီးၿမိဳ႕ကိုေဈးဝယ္သြားပါတယ္။ေဈးဝယ္ၿပီးေတာ့ျပန္အလာ႐ြာအေနာက္ဘက္မွာရွိတဲ့ခ်မ္းသာႀကီးဘုရားနားေရာက္ေတာ့“ေရာ့ပါေအ…ညည္းကိုခ်စ္လို႔ပါေအ”ဆိုတဲ့အသံကိုၾကားလို႔ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့အနီဝမ္းဆက္နဲ႕ေ႐ႊလင္ပန္းကိုေခါင္းမွာ႐ြက္ကာဆံပင္ဖြားလားခ်ထားတဲ့မိန္းကေလးျဖစ္ေနတာကိုေတြ႕ရပါတယ္။အဲ့ဒါနဲ႕က်မလည္းဘုန္းေတာ္ႀကီးေျပာတဲ့ဥစၥာေစာင့္ျဖစ္မွာပဲဆိုၿပီးေနာက္လွည့္မၾကည့္ေတာ့ပဲအိမ္ကိုေအာ္ၿပီးေျပးလာခဲ့ပါတယ္။

အဲ့ဒါကေတာ့လြန္ခဲ့တဲ့ႏွစ္၃၀ေလာက္ကျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။ေဒၚေလးအခုအသက္၇၂ႏွစ္ရွိပါၿပီ။သက္ရွိထင္ရွားရွိေနဆဲပါ။က်ေနာ္ဒီျဖစ္ရပ္မွန္ဇာတ္လမ္းကိုတင္ျပခ်င္ပင္မဲ့လည္းဥစၥာေစာင့္တို႔၊စုန္း၊တေစၦ၊သဘက္ကိစၥေတြဟာခရီးသြားလာရာမွာဘုရားဂုဏ္ေတာ္ေတြကိုသာအာ႐ုံျပဳၿပီးသြားတတ္တဲ့အေၾကာင္းမ်ားေၾကာင့္ဒီလိုကိစၥမ်ိဳးကိုေရးဖို႔အာ႐ုံမရခဲ့ပါဘူး။ဒါပင္မဲ့ကိုယ့္မ်က္စိနဲ႕မျမင္ရလို႔မရွိဘူး၊မေတြ႕ဘူးလို႔ေတာ့ေျပာလို႔မရပါဘူး။သာမန္မ်က္စိနဲ႕မျမင္ရလို႔ပါဝါမ်က္မွန္နဲ႕တပ္ၿပီး

ၾကည့္မွျမင္ရတာေတြလဲရွိပါတယ္။စာေရးဆရာစစ္ကိုင္းဦးဖိုးသင္းေျပာတဲ့စကားလိုပဲဒီလိုကိစၥဆိုတာရွိတဲ့သူေတာ့ရွိမွာေပါ့တဲ့။က်ေနာ္တို႔႐ြာဦးဘုန္းေတာ္ႀကီးေျပာဖူးပါတယ္။႐ြာရဲ႕အေနာက္ဖက္မွာရွိတဲ့ေ႐ႊျမင္တင္ဘုရားနဲ႕ခ်မ္းသာႀကီးဘုရားႏွစ္ဆူဟာဟံလင္းျပဴမင္းၿပဳံးမင္းေမာင္ႏွမတစ္စုတည္ၾကတဲ့ဘုရားမ်ားျဖစ္ပါသတဲ့ဟံလင္းၿမိဳ႕ေဟာင္းကေနလွမ္းေမွ်ာ္ၾကည့္လိုက္ရင္ဒီဘုရားေတြျမင္ရပါသတဲ့။တည္တုန္းကတစ္ခ်ိန္တည္းတစ္ၿပိဳင္တည္းၿပီးေအာင္တည္ၾကတဲ့ဘုရားေတြျဖစ္ပါတယ္။

အဲ့ဒါေတြကေတာ့ဟံလင္းေ႐ႊဂူႀကီး၊ေ႐ႊျမင္တင္နဲ႕ဆင္းကြက္ကေ႐ႊဂူႀကီးဘုရားေတြျဖစ္ပါသတဲ့။ယခုေ႐ႊျမင္တင္ျမတ္စြာဘုရားဟာဟံလင္းမွေ႐ႊဂူႀကီးဘုရားနဲ႕တစ္ၿပိဳင္တည္းၿပီးစီးပါသတဲ့။ဟံလင္းၿမိဳ႕ေဟာင္းနဲ႕၇မိုင္ေလာက္ေဝးတဲ့ဆင္းကြက္႐ြာမွာတည္တဲ့ေ႐ႊဂူႀကီးဘုရားဟာအခ်ိန္မွီၿပီးစီးမႈမရွိပါဘူးတဲ့။အဲ့ဒါေၾကာင့္ၿပီးစီးေလဟန္နဲ႕ဘုရားကိုပိတ္ျဖဴပတ္ၿပီးျပထားလိုက္ပါသတဲ့။ခုခ်ိန္ထိအဲ့ဒီဆင္းကြက္ဘုရားပြဲဟာဘုရားပြဲက်င္းပတိုင္း႐ုတ္႐ုတ္သဲသဲနဲ႕တစ္ခုခုျဖစ္ရပါသတဲ့။ဒါကေတာ့ဘုန္းေတာ္ႀကီးေျပာျပဖူးတဲ့အတြက္သိရတာပါ။

ဥစၥာေစာင့္နဲ႕ပတိသတ္ၿပီး႐ြာဦးဘုန္ေတာ္ႀကီးေျပာျပတာကေတာ့…“နံနက္တိုင္းဝက္လက္ၿမိဳ႕မေဈးသြားၿပီးေဈးဝယ္ေလ့ရွိေၾကာင္း၊လူေတြလိုဝတ္စားထားလို႔ဥစၥာေစာင့္မွန္းမသိၾကတာျဖစ္ေၾကာင္း၊ဘုန္းႀကီးကိုအိမ္မက္ေပးၿပီးေငြလႉေလ့ရွိၾကေၾကာင္း၊အိမ္မက္အရခ်မ္းသာႀကီးဘုရားအနီးမွာရွိတဲ့ေက်ာက္တုံးေအာက္မွာလာယူပါဆိုလို႔နံနက္လင္းရင္သြားယူရေၾကာင္း၊အဲ့ဒီေငြနဲ႕ဘုန္းႀကီးကဘုရား၊ေက်ာင္း၊ကန္၊ျပဳျပင္ၿပီးအမွ်ေဝေပးရေၾကာင္း၊ဒကာမႀကီးကိုခ်စ္လို႔ေပးတာျဖစ္ေသာေၾကာင့္မယူလွ်င္ဘာမွမျဖစ္ေၾကာင္း၊

လူစားလဲခံရတယ္ဆိုသည္မွာမမွန္ကန္ပါေၾကာင္း”ဆရာေတာ္အမိန႔္ရွိပါတယ္။ေဒၚေလးစိတ္သက္သာရာရဖို႔ေျပာသလားမသိပါ။က်ေနာ္သူငယ္တန္းမွစတုတၳတန္းအထိပညာသင္ခဲ့ရတဲ့ကာလေတြမွာညေနေက်ာင္းဆင္းတိုင္းဘုရားျပင္ဖို႔အုတ္သယ္၊ေက်ာက္ေကာက္ခဲ့ရတာေတြကိုျပန္ၿပီးသတိရမိပါတယ္။ေဒၚေလးကေတာ့အဲ့ဒီဘုရားရွိတဲ့လမ္းကေဈးဝယ္မသြားေတာ့တာဒီေန႕အထိပါပဲ။က်ေနာ္တို႔႐ြာကၿမိဳ႕ကိုေဈးဝယ္သြားရင္အထက္လမ္းေအာက္လမ္းဆိုၿပီးရွိပါတယ္။ၿမိဳ႕နဲ႕တစ္မိုင္ေလာက္ေဝးပါတယ္။

ဝက္လက္ၿမိဳ႕ရဲ႕အေရွ႕ဘက္ေျမသားလမ္းေျဖာင့္ေျဖာင့္ျဖဴးျဖဴးနဲ႕ျမင္ေတာ္စံျပေက်း႐ြာပါ။ေတာင္ကုန္းျမင့္ေပၚမွာတည္ထားတာပါ။႐ြာအေရွ႕ဘက္အင္းႀကီးကလည္းဟံလင္းၿမိဳ႕ေဟာင္းထိေလွနဲ႕အရင္ကသြားလို႔ရပါတယ္။အင္းထဲကေနေလွေပၚကၾကည့္ရင္ဧရာဝတီနဲ႕စစ္ကိုင္းေတာင္လိုၾကည့္လို႔အလြန္လွတဲ့႐ြာပါ။ဒီအေၾကာင္းကိုကိုယ္တိုင္သိရွိလိုပါက႐ြာကိုလာေရာက္ေမးျမန္းလို႔ရပါတယ္။

ရတနာဦး(ဝက္လက္)

ယူနီကုဒ် ဖြင့် ဖတ်ရန်

”ကယ်ကြပါအုံးတော်..ကယ်ကြပါအုံးတော်”

အော်သံကြားလို့ကြည့်လိုက်တာအဖေ့ညီမဒေါ်လေးဖြစ်သူဒေါ်လုံးယဉ်(ခေါ်)ဒေါ်စပ်ရဲ့အော်သံဖြစ်နေပါတယ်။ဒေါ်လေးအိမ်ကိုသွားကြည့်လိုက်တော့အိပ်ယာထဲမှာသတိမေ့ပြီးနေပါတယ်။အိမ်နီးပတ်ဝန်းကျင်မှလူကြီးများလူငယ်များလဲဝိုင်းအုံလာပြီးယပ်ခပ်သူယပ်ခပ်၊နှိပ်နှယ်ပေးသူပေးနှင့်ဝိုင်းအုံနေပါတယ်။ဆရာဝန်သွားခေါ်ဖို့နဲ့ရွာဦးဘုန်းတော်ကြီးပင့်လျောက်ဖို့ပြောနေကြတာကိုလည်းကြားနေရပါတယ်။မကြာခင်မြို့မှဆရာဝန်ကြီးရောက်လာပြီးလိုအပ်တာလုပ်ဆောင်ပေးပါတယ်။ဒေါ်လေးသတိရလာပါပြီ။

ဒေါ်လေးကသူ့အဖြစ်ကိုအခုလိုပြောပြပါတယ်။ကျမဒီနေ့မနက်အိပ်ယာကထပြီးမြို့ကိုဈေးဝယ်သွားပါတယ်။ဈေးဝယ်ပြီးတော့ပြန်အလာရွာအနောက်ဘက်မှာရှိတဲ့ချမ်းသာကြီးဘုရားနားရောက်တော့“ရော့ပါအေ…ညည်းကိုချစ်လို့ပါအေ”ဆိုတဲ့အသံကိုကြားလို့နောက်ကိုလှည့်ကြည့်လိုက်တော့အနီဝမ်းဆက်နဲ့ရွှေလင်ပန်းကိုခေါင်းမှာရွက်ကာဆံပင်ဖွားလားချထားတဲ့မိန်းကလေးဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒါနဲ့ကျမလည်းဘုန်းတော်ကြီးပြောတဲ့ဥစ္စာစောင့်ဖြစ်မှာပဲဆိုပြီးနောက်လှည့်မကြည့်တော့ပဲအိမ်ကိုအော်ပြီးပြေးလာခဲ့ပါတယ်။

အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်၃၀လောက်ကဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒေါ်လေးအခုအသက်၇၂နှစ်ရှိပါပြီ။သက်ရှိထင်ရှားရှိနေဆဲပါ။ကျနော်ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကိုတင်ပြချင်ပင်မဲ့လည်းဥစ္စာစောင့်တို့၊စုန်း၊တစ္ဆေ၊သဘက်ကိစ္စတွေဟာခရီးသွားလာရာမှာဘုရားဂုဏ်တော်တွေကိုသာအာရုံပြုပြီးသွားတတ်တဲ့အကြောင်းများကြောင့်ဒီလိုကိစ္စမျိုးကိုရေးဖို့အာရုံမရခဲ့ပါဘူး။ဒါပင်မဲ့ကိုယ့်မျက်စိနဲ့မမြင်ရလို့မရှိဘူး၊မတွေ့ဘူးလို့တော့ပြောလို့မရပါဘူး။သာမန်မျက်စိနဲ့မမြင်ရလို့ပါဝါမျက်မှန်နဲ့တပ်ပြီး

ကြည့်မှမြင်ရတာတွေလဲရှိပါတယ်။စာရေးဆရာစစ်ကိုင်းဦးဖိုးသင်းပြောတဲ့စကားလိုပဲဒီလိုကိစ္စဆိုတာရှိတဲ့သူတော့ရှိမှာပေါ့တဲ့။ကျနော်တို့ရွာဦးဘုန်းတော်ကြီးပြောဖူးပါတယ်။ရွာရဲ့အနောက်ဖက်မှာရှိတဲ့ရွှေမြင်တင်ဘုရားနဲ့ချမ်းသာကြီးဘုရားနှစ်ဆူဟာဟံလင်းပြူမင်းပြုံးမင်းမောင်နှမတစ်စုတည်ကြတဲ့ဘုရားများဖြစ်ပါသတဲ့ဟံလင်းမြို့ဟောင်းကနေလှမ်းမျှော်ကြည့်လိုက်ရင်ဒီဘုရားတွေမြင်ရပါသတဲ့။တည်တုန်းကတစ်ချိန်တည်းတစ်ပြိုင်တည်းပြီးအောင်တည်ကြတဲ့ဘုရားတွေဖြစ်ပါတယ်။

အဲ့ဒါတွေကတော့ဟံလင်းရွှေဂူကြီး၊ရွှေမြင်တင်နဲ့ဆင်းကွက်ကရွှေဂူကြီးဘုရားတွေဖြစ်ပါသတဲ့။ယခုရွှေမြင်တင်မြတ်စွာဘုရားဟာဟံလင်းမှရွှေဂူကြီးဘုရားနဲ့တစ်ပြိုင်တည်းပြီးစီးပါသတဲ့။ဟံလင်းမြို့ဟောင်းနဲ့၇မိုင်လောက်ဝေးတဲ့ဆင်းကွက်ရွာမှာတည်တဲ့ရွှေဂူကြီးဘုရားဟာအချိန်မှီပြီးစီးမှုမရှိပါဘူးတဲ့။အဲ့ဒါကြောင့်ပြီးစီးလေဟန်နဲ့ဘုရားကိုပိတ်ဖြူပတ်ပြီးပြထားလိုက်ပါသတဲ့။ခုချိန်ထိအဲ့ဒီဆင်းကွက်ဘုရားပွဲဟာဘုရားပွဲကျင်းပတိုင်းရုတ်ရုတ်သဲသဲနဲ့တစ်ခုခုဖြစ်ရပါသတဲ့။ဒါကတော့ဘုန်းတော်ကြီးပြောပြဖူးတဲ့အတွက်သိရတာပါ။

ဥစ္စာစောင့်နဲ့ပတိသတ်ပြီးရွာဦးဘုန်တော်ကြီးပြောပြတာကတော့…“နံနက်တိုင်းဝက်လက်မြို့မဈေးသွားပြီးဈေးဝယ်လေ့ရှိကြောင်း၊လူတွေလိုဝတ်စားထားလို့ဥစ္စာစောင့်မှန်းမသိကြတာဖြစ်ကြောင်း၊ဘုန်းကြီးကိုအိမ်မက်ပေးပြီးငွေလှူလေ့ရှိကြကြောင်း၊အိမ်မက်အရချမ်းသာကြီးဘုရားအနီးမှာရှိတဲ့ကျောက်တုံးအောက်မှာလာယူပါဆိုလို့နံနက်လင်းရင်သွားယူရကြောင်း၊အဲ့ဒီငွေနဲ့ဘုန်းကြီးကဘုရား၊ကျောင်း၊ကန်၊ပြုပြင်ပြီးအမျှဝေပေးရကြောင်း၊ဒကာမကြီးကိုချစ်လို့ပေးတာဖြစ်သောကြောင့်မယူလျှင်ဘာမှမဖြစ်ကြောင်း၊

လူစားလဲခံရတယ်ဆိုသည်မှာမမှန်ကန်ပါကြောင်း”ဆရာတော်အမိန့်ရှိပါတယ်။ဒေါ်လေးစိတ်သက်သာရာရဖို့ပြောသလားမသိပါ။ကျနော်သူငယ်တန်းမှစတုတ္ထတန်းအထိပညာသင်ခဲ့ရတဲ့ကာလတွေမှာညနေကျောင်းဆင်းတိုင်းဘုရားပြင်ဖို့အုတ်သယ်၊ကျောက်ကောက်ခဲ့ရတာတွေကိုပြန်ပြီးသတိရမိပါတယ်။ဒေါ်လေးကတော့အဲ့ဒီဘုရားရှိတဲ့လမ်းကဈေးဝယ်မသွားတော့တာဒီနေ့အထိပါပဲ။ကျနော်တို့ရွာကမြို့ကိုဈေးဝယ်သွားရင်အထက်လမ်းအောက်လမ်းဆိုပြီးရှိပါတယ်။မြို့နဲ့တစ်မိုင်လောက်ဝေးပါတယ်။

ဝက်လက်မြို့ရဲ့အရှေ့ဘက်မြေသားလမ်းဖြောင့်ဖြောင့်ဖြူးဖြူးနဲ့မြင်တော်စံပြကျေးရွာပါ။တောင်ကုန်းမြင့်ပေါ်မှာတည်ထားတာပါ။ရွာအရှေ့ဘက်အင်းကြီးကလည်းဟံလင်းမြို့ဟောင်းထိလှေနဲ့အရင်ကသွားလို့ရပါတယ်။အင်းထဲကနေလှေပေါ်ကကြည့်ရင်ဧရာဝတီနဲ့စစ်ကိုင်းတောင်လိုကြည့်လို့အလွန်လှတဲ့ရွာပါ။ဒီအကြောင်းကိုကိုယ်တိုင်သိရှိလိုပါကရွာကိုလာရောက်မေးမြန်းလို့ရပါတယ်။

ရတနာဦး(ဝက်လက်)