သူနဲ႕အတူ အဓိဌာန္ဝင္သူတိုင္းအတြက္ လက္ေဆာင္မဲေလးေတြေဖာက္ေပးသြားမယ့္ စမိုင္းလ္

ကုသိုလ္ေရးအတြက္ဆို အၿမဲလက္မေႏွးတတ္သူ စမိုင္းလ္ကေတာ့ အလႉႀကီးအတန္းႀကီးေတြ မၾကာခဏျပဳလုပ္ေလ့ရွိသူတစ္ေယာက္ျဖစ္သလို ခ်စ္ခင္ရတဲ့ပရိသတ္ေတြေပ်ာ္႐ႊင္ဖို႔ အတြက္လည္း ကံစမ္းမဲအစီအစဥ္ေတြျပဳလုပ္ေပးေလ့ရွိသူတစ္ေယာက္ပါ။ လူခ်စ္လူခင္မ်ားတဲ့အႏုပညာရွင္တစ္ေယာက္ပီပီ ကုသိုလ္ေရးကိစၥေတြနဲ႕ပတ္သက္ရင္လည္း ေရွ႕ကဦးေဆာင္ကာ

အင္တိုက္အားတိုက္လုပ္ေလ့ရွိသူပါ။ကိုဗစ္ကာလမတိုင္ခင္မွာလည္း ေထာင္ခ်ီနဲ႕ပရိသတ္ေတြနဲ႕ အဓိဌာန္ေတြဆက္တိုက္ျပဳလုပ္လာခဲ့တဲ့စမိုင္းလ္ကေတာ့ လတ္တေလာအိမ္မွာေနရတဲ့ကာလကိုလည္း အဓိဌာန္ေတြဆက္တိုက္ျပဳလုပ္ရင္း အက်ိဳးရွိရွိျဖတ္သန္းေနပါတယ္။ မေန႕ကေတာ့ မဟာသမယသုတ္(၁၀) ရက္အဓိဌာန္ေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး သူနဲ႕အတူ အဓိဌာန္

ဝင္ခဲ့တဲ့ ပရိသတ္ေတြအတြက္ ဓမၼဒါနလက္ေဆာင္အေနနဲ႕ မဟာပဌာန္းက်မ္းႀကီး(၅) အုပ္တြဲ အစုံ(၅) စုံကို မဲေဖာက္ေပးသြားမယ္လို႔ သိရပါတယ္။ဒီေန႕ည(၈) နာရီခြဲအခ်ိန္မွာေတာ့ Facebook Live ေလးျပဳလုပ္ကာ မဲေဖာက္ေပးသြားမွာျဖစ္ၿပီး အဓိဌာန္ဝင္တဲ့သူေတြအကုန္လုံးကို ေစာင့္ၾကည့္ၾကဖို႔ ေရးသားမွ်ေဝလာတဲ့အျပင္ အဓိဌာန္ဝင္သူေတြထဲက (၁၀) ေယာက္ကိုလည္း

ဖုန္းေဘလ္ မဲေဖာက္ေပးသြားဦးမွာပါတဲ့ ပရိသတ္ႀကီးေရ.. ဒါ့အျပင္ ကိုဗစ္ကာလမွာ ဝိတ္တက္ကုန္တဲ့သူေတြအတြက္လည္း Spicy Coffee ေလးေတြလက္ေဆာင္ေပးသြားဦးမွာပါတဲ့ေနာ္။ စမိုင္းလ္နဲ႕အတူ ကုသိုလ္ယူခဲ့ၾကတဲ့သူေတြကေတာ့ ကုသိုလ္လည္းရ၊ လက္ေဆာင္လည္းရမယ့္အစီအစဥ္ေလးမို႔ ေပ်ာ္ေနၾကမွာ အမွန္ပါပဲေနာ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ကုသိုလ်ရေးအတွက်ဆို အမြဲလက်မနှေးတတ်သူ စမိုင်းလ်ကတော့ အလှူကြီးအတန်းကြီးတွေ မကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်သလို ချစ်ခင်ရတဲ့ပရိသတ်တွေပျော်ရွှင်ဖို့ အတွက်လည်း ကံစမ်းမဲအစီအစဉ်တွေပြုလုပ်ပေးလေ့ရှိသူတစ်ယောက်ပါ။ လူချစ်လူခင်များတဲ့အနုပညာရှင်တစ်ယောက်ပီပီ ကုသိုလ်ရေးကိစ္စတွေနဲ့ပတ်သက်ရင်လည်း ရှေ့ကဦးဆောင်ကာ

အင်တိုက်အားတိုက်လုပ်လေ့ရှိသူပါ။ကိုဗစ်ကာလမတိုင်ခင်မှာလည်း ထောင်ချီနဲ့ပရိသတ်တွေနဲ့ အဓိဌာန်တွေဆက်တိုက်ပြုလုပ်လာခဲ့တဲ့စမိုင်းလ်ကတော့ လတ်တလောအိမ်မှာနေရတဲ့ကာလကိုလည်း အဓိဌာန်တွေဆက်တိုက်ပြုလုပ်ရင်း အကျိုးရှိရှိဖြတ်သန်းနေပါတယ်။ မနေ့ကတော့ မဟာသမယသုတ်(၁၀) ရက်အဓိဌာန်အောင်မြင်ခဲ့ပြီဖြစ်ပြီး သူနဲ့အတူ အဓိဌာန်

ဝင်ခဲ့တဲ့ ပရိသတ်တွေအတွက် ဓမ္မဒါနလက်ဆောင်အနေနဲ့ မဟာပဌာန်းကျမ်းကြီး(၅) အုပ်တွဲ အစုံ(၅) စုံကို မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။ဒီနေ့ည(၈) နာရီခွဲအချိန်မှာတော့ Facebook Live လေးပြုလုပ်ကာ မဲဖောက်ပေးသွားမှာဖြစ်ပြီး အဓိဌာန်ဝင်တဲ့သူတွေအကုန်လုံးကို စောင့်ကြည့်ကြဖို့ ရေးသားမျှဝေလာတဲ့အပြင် အဓိဌာန်ဝင်သူတွေထဲက (၁၀) ယောက်ကိုလည်း။

ဖုန်းဘေလ် မဲဖောက်ပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ.. ဒါ့အပြင် ကိုဗစ်ကာလမှာ ဝိတ်တက်ကုန်တဲ့သူတွေအတွက်လည်း Spicy Coffee လေးတွေလက်ဆောင်ပေးသွားဦးမှာပါတဲ့နော်။ စမိုင်းလ်နဲ့အတူ ကုသိုလ်ယူခဲ့ကြတဲ့သူတွေကတော့ ကုသိုလ်လည်းရ၊ လက်ဆောင်လည်းရမယ့်အစီအစဉ်လေးမို့ ပျော်နေကြမှာ အမှန်ပါပဲနော်။