စစ္ကိုင္းေခ်ာင္းဦး ေဆး႐ုံမွ ကိုဗစ္လူနာတဦး အျပင္ခိုးထြက္၊ ထိစပ္ခဲ့သူမ်ား Q ဝင္ေနရ

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာခရိုင္ေခ်ာင္းဦးၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံတြင္ လက္ရွိ တက္ေရာက္ကုသမႈ ခံယူေနေသာ ပိုးေတြ႕လူနာ တစ္ဦးက နိုဝင္ဘာလ (၁၈) ရက္ႏွင့္ (၁၉) ရက္ ညဦးပိုင္းက ေဆး႐ုံျပင္ပသို႔ တိတ္တဆိတ္ ခိုးထြက္၍ အစားအေသာက္ႏွင့္ လူသုံးကုန္ပစၥည္းမ်ား ဝယ္ယူခဲ့ေသာေၾကာင့္ ယင္းႏွင့္ထိေတြ႕သူမ်ားအား ကန႔္သတ္ေစာင့္ၾကည့္ေနရေၾကာင္း ေခ်ာင္းဦးၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ထုတ္ျပန္ ထားသည္။

ခိုးထြက္ေၾကာင့္ သတင္းရသျဖင့္ ဆက္လက္စုံစမ္းရာလူနာမွာခင္မြန္ေက်း႐ြာမွ ေခ်ာင္းဦးလူနာအမွတ္ (၁၅) ျဖစ္ေၾကာင္း ၊ အဆိုပါ လူနာသြားေရာက္ခဲ့ေသာ စားေသာက္ဆိုင္တစ္ဆိုင္ႏွင့္ စတိုးဆိုင္တစ္ဆိုင္မွ ေရာင္းခ် သူမ်ားအား အသြားအလာကန႔္သတ္ေစာင့္ၾကည့္ရန္စီစဥ္ထားရွိၿပီး ပိုးေတြ႕လူနာကိုလည္း လိုအပ္သလို ဆက္လက္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေခ်ာင္းဦးၿမိဳ႕နယ္အတြင္း ကိုဗစ္ ရွာေဖြကုသေရးလုပ္ငန္းႏွင့္ပတ္သက္၍ rtPCR Test – က်ား (၂၄၈) ဦး, မ (၈၇) ဦး စုစုေပါင္း (၃၃၅) ဦး ၊ COVID19 Ag Test – က်ား (၁၃၆) ဦး, မ (၁၅) ဦး စုစုေပါင္း (၁၅၁) ဦးစစ္ေဆးခဲ့ရာက်ား (၁၂) ဦး၊ မ (၅) ဦး စုစုေပါင္း (၁၇) ဦးတြင္ ကိုဗစ္ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး (၁၄) ဦး မွာ ေဆး႐ုံဆင္းခြင့္ ရရွိသြားၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ေဆး႐ုံတက္ေရာက္ ကုသမႈခံယူလွ်က္ရွိသူ (၃) ဦးမွာလည္း က်န္းမာေရးအေျခအေနေကာင္း မြန္လ်က္ရွိေၾကာင္း သိရသည္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် လက်ရှိ တက်ရောက်ကုသမှု ခံယူနေသော ပိုးတွေ့လူနာ တစ်ဦးက နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် ညဦးပိုင်းက ဆေးရုံပြင်ပသို့ တိတ်တဆိတ် ခိုးထွက်၍ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူခဲ့သောကြောင့် ယင်းနှင့်ထိတွေ့သူများအား ကန့်သတ်စောင့်ကြည့်နေရကြောင်း ချောင်းဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည်။

ခိုးထွက်ကြောင့် သတင်းရသဖြင့် ဆက်လက်စုံစမ်းရာလူနာမှာခင်မွန်ကျေးရွာမှ ချောင်းဦးလူနာအမှတ် (၁၅) ဖြစ်ကြောင်း ၊ အဆိုပါ လူနာသွားရောက်ခဲ့သော စားသောက်ဆိုင်တစ်ဆိုင်နှင့် စတိုးဆိုင်တစ်ဆိုင်မှ ရောင်းချ သူများအား အသွားအလာကန့်သတ်စောင့်ကြည့်ရန်စီစဉ်ထားရှိပြီး ပိုးတွေ့လူနာကိုလည်း လိုအပ်သလို ဆက်လက်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်း ကိုဗစ် ရှာဖွေကုသရေးလုပ်ငန်းနှင့်ပတ်သက်၍ rtPCR Test – ကျား (၂၄၈) ဦး, မ (၈၇) ဦး စုစုပေါင်း (၃၃၅) ဦး ၊ COVID19 Ag Test – ကျား (၁၃၆) ဦး, မ (၁၅) ဦး စုစုပေါင်း (၁၅၁) ဦးစစ်ဆေးခဲ့ရာကျား (၁၂) ဦး၊ မ (၅) ဦး စုစုပေါင်း (၁၇) ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့ပြီး (၁၄) ဦး မှာ ဆေးရုံဆင်းခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆေးရုံတက်ရောက် ကုသမှုခံယူလျှက်ရှိသူ (၃) ဦးမှာလည်း ကျန်းမာရေးအခြေအနေကောင်း မွန်လျက်ရှိကြောင်း သိရသည်။