သူေျပလည္ခ်ိန္မွာ မစံစားခဲ့ရတဲ့ မိခင္ျဖစ္သူ အေၾကာင္း စိတ္မေကာင္းစြာမွ်ေဝလာတဲ့ ဧရာ

ပရိသတ္ႀကီးတို႔ေရ ဒီေန႕နိုဝင္ဘာလ(၂၀) ရက္ေန႕ေလးကေတာ့ ဟာသပညာနဲ႕ပရိသတ္ခ်စ္ျခင္းေမတၱာေတြသိမ္းပိုက္နိုင္ခဲ့တဲ့ လူ႐ႊင္ေတာ္ဦးဧရာရဲ႕ အသက္(၆၀) ျပည့္ေမြးေန႕ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ သူကေတာ့ ပရိသတ္အတြက္ သူတတ္ကြၽမ္းတဲ့ဟာသပညာရပ္နဲ႕ ဘဝအေမာေတြေျဖေဖ်ာက္ေပးဖို႔ အသင့္ရွိသူတစ္ေယာက္ျဖစ္ၿပီး လတ္တေလာကိုဗစ္ကာလမွာေတာ့ ထီဆိုင္ေလးဖြင့္ကာ အသက္ေမြးဝမ္းေက်ာင္းေနပါတယ္။

ဒီေန႕သူ႕ရဲ႕ေမြးေန႕ရက္ေလးမွာေတာ့ ေမြးေန႕အမွတ္တရအေနနဲ႕ မိဘႏွစ္ပါးနဲ႕ပတ္သက္တဲ့အေၾကာင္းအရာေလးေတြကို ေရးသားမွ်ေဝခဲ့ပါတယ္။ ရာရာ့ေမြးေန႕မွာ ေက်းဇူးရွင္ ေဖေဖနဲ႕ေမေမ့ကို ရိုေသျမတ္နိုးလက္စုံမိုးလို႔ ရွိခိုးပူေဇာ္ဖူးေမွ်ာ္မာန္ေလ်ာ့ကန္ေတာ့ပါတယ္ခင္ဗ်ာ…. ေဖေဖနဲ႕ေမေမကို လူပ်ိဳေပါက္ဘဝကေန ေဖေဖေမေမတို႔ေနဝင္ခ်ိန္အထိ လုပ္ေကြၽးခြင့္ရလိုက္ေပမယ့္ သားအားမရခဲ့ပါဘူးဗ်ာ အထူးသျဖင့္ ေမေမကိုေပါ့ …

သားပရိသတ္အခ်စ္ကိုရလို႔ အိမ္ဌားဘဝကလြတ္ၿပီ းဒီအိမ္ေလးဝယ္နိုင္တဲ့အခ်ိန္၊ ဆရာဝန္ႀကီးေတြနဲ႕ျပနိုင္တဲ့အခ်ိန္၊စားခ်င္တာဝယ္ေကြၽးနိုင္တဲ့အခ်ိန္က်မွ ဆုံရႈံးခဲ့ရတယ္ေမေမရယ္ ၊ေဖေဖကိုေတာ့ေမေမျဖစ္ေစခ်င္တဲ့အတိုင္း…အိမ္ဦးခန္းမွာထားၿပီး တတ္နိုင္သမွ်ေက်းဇူးဆပ္ခြင့္ရခဲ့တယ္… ေနာင္ဘဝဆိုတာမ်ားရွိခဲ့လို႔လူျပန္ျဖစ္ခြင့္ရရင္ ေဖေဖနဲ႕ေမေမရဲ႕သားပဲျဖစ္ပါရေစလို႔ဆုေတာင္းပါတယ္ဗ်ာ. ဆိုၿပီး ေရးသားမွ်ေဝလာခဲပပါတယ္။

သားသမီးတိုင္းကေတာ့ မိဘေတြကို အေကာင္းဆုံးေတြနဲ႕ ပဲ ေက်းဇူးဆပ္ခ်င္ၾကမွာအမွန္ပါ။ ဦးဧရာကိုယ္တိုင္လည္း သူေျပလည္လာခ်ိန္မွာမွ လူ႕ေလာကက ထြက္ခြာသြားခဲ့တဲ့ မိခင္ျဖစ္သူကို လုပ္ေကြၽးျပဳစုရတာ အားမရခဲ့ပါဘူးဆိုတဲ့အေၾကာင္း သူ႕ရဲ႕ေမြးေန႕ရက္ေလးမွာ မိဘႏွစ္ပါးကို သတိရတမ္းတစိတ္နဲ႕ ေရးသားမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။ေမြးေန႕ရက္ေလးကစၿပီး ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ အသက္ရွည္က်န္းမာစြာနဲ႕ စိတ္ခ်မ္းခ်မ္းသာသာေနထိုင္သြားနိုင္ပါေစလို႔ ဆယ္လီကမာၻမွာ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။အဆုံးထိဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕တစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစေနာ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ပရိသတ်ကြီးတို့ရေ ဒီနေ့နိုဝင်ဘာလ(၂၀) ရက်နေ့လေးကတော့ ဟာသပညာနဲ့ပရိသတ်ချစ်ခြင်းမေတ္တာတွေသိမ်းပိုက်နိုင်ခဲ့တဲ့ လူရွှင်တော်ဦးဧရာရဲ့ အသက်(၆၀) ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူကတော့ ပရိသတ်အတွက် သူတတ်ကျွမ်းတဲ့ဟာသပညာရပ်နဲ့ ဘဝအမောတွေဖြေဖျောက်ပေးဖို့ အသင့်ရှိသူတစ်ယောက်ဖြစ်ပြီး လတ်တလောကိုဗစ်ကာလမှာတော့ ထီဆိုင်လေးဖွင့်ကာ အသက်မွေးဝမ်းကျောင်းနေပါတယ်။

ဒီနေ့သူ့ရဲ့မွေးနေ့ရက်လေးမှာတော့ မွေးနေ့အမှတ်တရအနေနဲ့ မိဘနှစ်ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို ရေးသားမျှဝေခဲ့ပါတယ်။ ရာရာ့မွေးနေ့မှာ ကျေးဇူးရှင် ဖေဖေနဲ့မေမေ့ကို ရိုသေမြတ်နိုးလက်စုံမိုးလို့ ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ပါတယ်ခင်ဗျာ…. ဖေဖေနဲ့မေမေကို လူပျိုပေါက်ဘဝကနေ ဖေဖေမေမေတို့နေဝင်ချိန်အထိ လုပ်ကျွေးခွင့်ရလိုက်ပေမယ့် သားအားမရခဲ့ပါဘူးဗျာ အထူးသဖြင့် မေမေကိုပေါ့ …

သားပရိသတ်အချစ်ကိုရလို့ အိမ်ဌားဘဝကလွတ်ပြီ းဒီအိမ်လေးဝယ်နိုင်တဲ့အချိန်၊ ဆရာဝန်ကြီးတွေနဲ့ပြနိုင်တဲ့အချိန်၊စားချင်တာဝယ်ကျွေးနိုင်တဲ့အချိန်ကျမှ ဆုံရှုံးခဲ့ရတယ်မေမေရယ် ၊ဖေဖေကိုတော့မေမေဖြစ်စေချင်တဲ့အတိုင်း…အိမ်ဦးခန်းမှာထားပြီး တတ်နိုင်သမျှကျေးဇူးဆပ်ခွင့်ရခဲ့တယ်… နောင်ဘဝဆိုတာများရှိခဲ့လို့လူပြန်ဖြစ်ခွင့်ရရင် ဖေဖေနဲ့မေမေရဲ့သားပဲဖြစ်ပါရစေလို့ဆုတောင်းပါတယ်ဗျာ. ဆိုပြီး ရေးသားမျှဝေလာခဲပပါတယ်။

သားသမီးတိုင်းကတော့ မိဘတွေကို အကောင်းဆုံးတွေနဲ့ ပဲ ကျေးဇူးဆပ်ချင်ကြမှာအမှန်ပါ။ ဦးဧရာကိုယ်တိုင်လည်း သူပြေလည်လာချိန်မှာမှ လူ့လောကက ထွက်ခွာသွားခဲ့တဲ့ မိခင်ဖြစ်သူကို လုပ်ကျွေးပြုစုရတာ အားမရခဲ့ပါဘူးဆိုတဲ့အကြောင်း သူ့ရဲ့မွေးနေ့ရက်လေးမှာ မိဘနှစ်ပါးကို သတိရတမ်းတစိတ်နဲ့ ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။မွေးနေ့ရက်လေးကစပြီး နောင်နှစ်ပေါင်းများစွာတိုင် အသက်ရှည်ကျန်းမာစွာနဲ့ စိတ်ချမ်းချမ်းသာသာနေထိုင်သွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှာ ဆုတောင်းပေးလိုက်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။