သရုပ်ဆောင်မယ်လိုဒီရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သတ်ပြီး အကုန်ဖွင့်ချလာတဲ့ မိတ်ကပ် ခင်စန်းဝင်း







ယူနီကုဒ် ဖြင့် ဖတ်ရန်

ပရိတ်သတ်ကြီးရေသရုပ်ဆောင်မယ်လိုဒီကတော့အခုလက်ရှိမှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် သားလေးနဲ့အတူ နှစ်ယောက်တည်းရပ်တည်နေတာပါ။အလှူအတန်းတွေ အမြဲ လုပ်နေပြီး ဘုရားတရားကိုပဲ လက်ရှိမှာ အာရုံစိုက်နေတာပါ။ယခုအခါမှာတော့ သရုပ်ဆောင်မယ်လိုဒီအတွက် မိဘလိုခင်မင်နေတဲ့

မကြီးစန်းကတော့ သူ့ရင်ထဲကခံစားချက်တွေကို ??????? ????????? နဲ့အင်တာဗျူးမှာ အခုလိုပဲပြောပြသွားခဲ့ပါတယ်။“မျိုးမျိုးကကျတော့ မကြီးသမီးလိုပဲ သူပြိုင်ပွဲဝင်တယ် ရိုမန်စန်မှာသူဆုရသွားတယ် မကြီးတို့လိမ်းပေးလို့သူဆုရသွားတယ် အဲဒီ့ကတည်းက မကြီးနဲ့လက်တွဲလာတာဆိုရင် အခုမင်းသမီးဖြစ်တဲ့

အကယ်ဒမီရတဲ့အထိပဲပေါ့“အဓိကကတော့ ကိုယ့်သားသမီးအဆင်ပြေတယ်ဆိုရင် မိဘတိုင်းဝမ်းသာကြတာပဲ ဒါပေမဲ့ ကံကြမ္မာဆိုတာ ဘယ်သူမှရွေးချယ်ခွင့်မရှိဘူး ကြုံလာတဲ့အခက်အခဲကိုလူတိုင်းဖြေရှင်းရမယ် လူတိုင်းကြုံတွေ့ရမယ့်အရာပေါ့ သူလည်းအိမ်ထောင်ကိုဘယ်ပျက်စေချင်မလဲ အခက်အခဲတစ်ခုကြောင့်

သူဖျက်လိုက်ရတယ်ပေါ့ မကြီးတို့လည်းသိသင့်သလောက်သိတာတွေရှိတယ် အဲဒီ့အပေါ်သူ့ခံစားချက်ရှိတယ်”“တစ်ချို့အိမ်ထောင်ကွဲပြီဆိုရင် မကောင်းတဲ့ဘက်ကမြင်ပြီး မကောင်းတဲ့ဘက်ကပြောကြတာတွေရှိတယ် အဲဒီ့အပေါ်သူ့အနေနဲ့ မျိုးမျိုးကဟန်မဆောင်တတ်ဘူး ရိုးရိုးရှင်းရှင်းနေတတ်တဲ့သူဖြစ်တဲ့အတွက်

စိတ်မကောင်းတော့စိတ်မကောင်းဖြစ်တာပေါ့ အဖေနဲ့အမေအဆင်မပြေရင်ကလေးကိုထိခိုက် မှာစိုးရိမ်တာပေါ့“ကလေးကတော့ သူသန္ဓေကောင်းတယ်ပြော မွေးလာကတည်းကလည်း သန့်သန့်ပြန့်ပြန့်ချောချောလေး သူ့ဘာသာပဲနေတယ် ဘာသာတရားနဲ့ပတ်သတ်ရင်လည်း ၁နှစ်ခွဲလောက်ကတည်းက စာတွေတတ်လွယ်တယ်

ဘုရားစာလည်းတတ်လွယ်တယ် သူ့ရဲ့ဘယ်လိုပါလာလဲတော့မသိဘူး ဘာသာတရားအပေါ်တအားကိုင်းရှိုင်းတယ်”လို့ ဆိုထားပါတယ်။ပရိတ်သတ်ကြီးရေ မကြီးစန်းကတော့သရုပ်ဆောင်မယ်လိုဒီ ရဲ့အိမ်ထောင်ရေးအခြေအနေနဲ့ ပတ်သတ်ပြီးသူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာပါ။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးကိုကျေးဇူးအများကြီးတင်ရှိပါတယ်နော်။