ေျမႀကီးက ေ႐ႊသီးတယ္ဆိုတဲ့ စကားအတိုင္း ေ႐ႊအစစ္ေတြတကယ္ ထြက္တဲ့ သစ္ပင္

သိပၸံပညာရွင္ေတြကေ႐ႊေၾကာရွာေဖြရင္းနဲ႕ေ႐ႊေတြသီးေနတယ္လို႔ဆိုလို႔ရတဲ့ယူကလစ္သစ္ပင္ေတြကိုမေတာ္တဆေတြ႕ရွိခဲ့ပါတယ္။ဒီအပင္ေတြကိုဘယ္လိုအသုံးခ်ၾကမလဲ။ပုံျပင္ထဲမွာေတာ့ကိုယ္လိုခ်င္တဲ့ပစၥည္းေတြကိုအပင္ေတြဆီကခူးယူၾကတာၾကားဖူးၾကမွာပါ။ေရွးတုန္းကလဲပစၥည္းေတြသီးတဲ့ပေဒသာပင္ဆိုတာရွိခဲ့တယ္လို႔လူႀကီးေတြကေျပာဖူးၾကပါတယ္။ကဲအခုကေတာ့ပစၥည္းေတြသီးတဲ့အပင္ေတြအေၾကာင္းေတာ့မဟုတ္ေပမယ့္ေ႐ႊထြက္တဲ့သစ္ပင္ေတြအေၾကာင္းေျပာျပမွာပါ။

ေ႐ႊထြက္တဲ့သစ္ပင္ေတြေတြ႕တဲ့ေနရာကေတာ့ေျခာက္ေသြ႕တဲ့ေဒသျဖစလဲ Goldfields-Esperance ေဒသျဖစ္ၿပီးၾသစေၾတးလ်တိဳက္အေနာက္ဘက္ မွာရွိတာပါ။မူလကေတာ့ရွာေဖြသူေတြဟာဒီေ႐ႊထြက္တဲ့ေျမေအာက္မွာဘာရွိသလဲဆိုတာေလာက္ပဲရွာေဖြဖို႔ရည္႐ြယ္ခဲ့ေပမယ့္တကယ္ေ႐ႊေတြေတာ့ေျမႀကီးထဲမွာမဟုတ္ဘဲယူကလစ္သစ္ပင္ေတြမွာသြားေတြ႕ပါတယ္။အဲဒီသစ္ပင္ေတြဟာအကိုင္းအလက္ခ်ိဳးခံရေပမယ့္လဲမူလအတိုင္းျပန္လည္ရွင္သန္နိုင္စြမ္းရွိတဲ့အပင္ေတြျဖစ္ၿပီးအျမစ္ေတြဟာလည္း

ေျမေအာက္ဘက္ကိုလွ်ိုတိုးနိုင္စြမ္းေကာင္းတာေၾကာင့္ေရေသာက္ ျမစ္ေတြကဘယ္လိုေျမေအာက္ေရကိုအသုံးခ်ၿပီးအပင္ေတြကိုရွင္သန္ေစသလဲဆိုတာေတာင္ရွာရခက္ပါတယ္။ဒီမွာေမးစရာရွိတာကေျမႀကီးေအာက္ကေ႐ႊေတြဟာသစ္ပင္ကေနဘာေၾကာင့္ထြက္သလဲဆိုတာပါပဲ။တကယ္ေတာ့ယူကလစ္သစ္ပင္ေတြရဲ႕အျမစ္ဟာရွည္လ်ားလြန္းတာေၾကာင့္ေ႐ႊေတြရွိတဲ့ေျမလႊာထဲအထိေရာက္ရွိနိုင္ပါတယ္။သစ္ပင္ေတြဟာဓာတ္ပစၥည္းေတြကိုေျမေအာက္ကေနသယ္ေဆာင္နိုင္စြမ္းရွိတာ

မဆန္းေပမယ့္မူလအားျဖင့္ေ႐ႊဆိုတဲ့သတၱဳဟာအပင္ေတြရဲ႕အဆိပ္ျဖစ္တာေၾကာင့္ဒီအပင္ေတြကေတာ့အထူးအဆန္းလိုျဖစ္ေနပါတယ္။ေ႐ႊရွိတဲ့ေျမလႊာထဲေရာက္ေနတဲ့အျမစ္ေတြကေ႐ႊအပိုင္းအစေတြကိုစုပ္ယူၿပီးေနာက္အႏၲရာယ္ရွိတဲ့ဓာတ္ေပါင္းစည္းမႈေတြမျဖစ္ဖို႔အေပၚဆုံးအဖ်ားမွာရွိတဲ့အ႐ြက္ေတြဆီပို႔ေပးလိုက္ပါတယ္။ဒီျဖစ္စဥ္ကိုရွာေဖြေတြ႕ရွိသူေတြကအစကမယုံၾကေသးပါဘူး။ဖန္လုံအိမ္ထဲမွာလည္းအဲဒီအပင္ေတြေ႐ႊေတြကိုသယ္ေဆာင္နိုင္စြမ္းရွိ၊မရွိစမ္းသပ္ခဲ့ၾကရာမွာအမွန္ျဖစ္တယ္ဆိုတာ

ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။အဲဒီEucalyptusအပင္ေတြကေ႐ႊထြက္ေပမယ့္မ်ားျပားလွတာမဟုတ္ပါဘူး။အမႈန္အမႊားေလာက္ပဲျဖစ္ဟန္တူပါတယ္။ဘာေၾကာင့္လည္းဆိုေတာ့အဲလိုေ႐ႊထြက္တဲ့အပင္ေပါင္း၅၀၀ေလာက္ေပါင္းမွလက္ထပ္လက္စြပ္တစ္ကြင္းစာလုပ္ဖို႔လုံေလာက္တဲ့ေ႐ႊသာရနိုင္ေလာက္လို႔ပါပဲတဲ့။အဲဒီေတာ့ဒီအပင္ေတြဟာေ႐ႊထြက္ရာမွာအသုံးမဝင္ရင္ဘယ္မွာသုံးၾကပါမလဲ။ေ႐ႊထုတ္တဲ့ေနရာမွသုံးၾကပါတယ္တဲ့။အပင္ေတြစိုက္ၿပီးေ႐ႊရွိ၊မရွိစမ္းသပ္လို႔ရတာေၾကာင့္ေ႐ႊေၾကာေတြကိုေပါက္တူးေပါက္ၿပီးရွာစရာမလိုေတာ့ပါဘူး။credit:originalupliader

ယူနီကုဒ် ဖြင့် ဖတ်ရန်

သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့ယူကလစ်သစ်ပင်တွေကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကိုအပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ။ရှေးတုန်းကလဲပစ္စည်းတွေသီးတဲ့ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။ကဲအခုကတော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟုတ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ။

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက်သွေ့တဲ့ဒေသဖြစလဲ Goldfields-Esperance ဒေသဖြစ်ပြီးသြစတြေးလျတိုက်အနောက်ဘက် မှာရှိတာပါ။မူလကတော့ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအောက်မှာဘာရှိသလဲဆိုတာလောက်ပဲရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေတော့မြေကြီးထဲမှာမဟုတ်ဘဲယူကလစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်။အဲဒီသစ်ပင်တွေဟာအကိုင်းအလက်ချိုးခံရပေမယ့်လဲမူလအတိုင်းပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့အပင်တွေဖြစ်ပြီးအမြစ်တွေဟာလည်း

မြေအောက်ဘက်ကိုလျှိုတိုးနိုင်စွမ်းကောင်းတာကြောင့်ရေသောက် မြစ်တွေကဘယ်လိုမြေအောက်ရေကိုအသုံးချပြီးအပင်တွေကိုရှင်သန်စေသလဲဆိုတာတောင်ရှာရခက်ပါတယ်။ဒီမှာမေးစရာရှိတာကမြေကြီးအောက်ကရွှေတွေဟာသစ်ပင်ကနေဘာကြောင့်ထွက်သလဲဆိုတာပါပဲ။တကယ်တော့ယူကလစ်သစ်ပင်တွေရဲ့အမြစ်ဟာရှည်လျားလွန်းတာကြောင့်ရွှေတွေရှိတဲ့မြေလွှာထဲအထိရောက်ရှိနိုင်ပါတယ်။သစ်ပင်တွေဟာဓာတ်ပစ္စည်းတွေကိုမြေအောက်ကနေသယ်ဆောင်နိုင်စွမ်းရှိတာ

မဆန်းပေမယ့်မူလအားဖြင့်ရွှေဆိုတဲ့သတ္တုဟာအပင်တွေရဲ့အဆိပ်ဖြစ်တာကြောင့်ဒီအပင်တွေကတော့အထူးအဆန်းလိုဖြစ်နေပါတယ်။ရွှေရှိတဲ့မြေလွှာထဲရောက်နေတဲ့အမြစ်တွေကရွှေအပိုင်းအစတွေကိုစုပ်ယူပြီးနောက်အန္တရာယ်ရှိတဲ့ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့အပေါ်ဆုံးအဖျားမှာရှိတဲ့အရွက်တွေဆီပို့ပေးလိုက်ပါတယ်။ဒီဖြစ်စဉ်ကိုရှာဖွေတွေ့ရှိသူတွေကအစကမယုံကြသေးပါဘူး။ဖန်လုံအိမ်ထဲမှာလည်းအဲဒီအပင်တွေရွှေတွေကိုသယ်ဆောင်နိုင်စွမ်းရှိ၊မရှိစမ်းသပ်ခဲ့ကြရာမှာအမှန်ဖြစ်တယ်ဆိုတာ

လေ့လာတွေ့ရှိခဲ့ကြပါတယ်။အဲဒီEucalyptusအပင်တွေကရွှေထွက်ပေမယ့်များပြားလှတာမဟုတ်ပါဘူး။အမှုန်အမွှားလောက်ပဲဖြစ်ဟန်တူပါတယ်။ဘာကြောင့်လည်းဆိုတော့အဲလိုရွှေထွက်တဲ့အပင်ပေါင်း၅၀၀လောက်ပေါင်းမှလက်ထပ်လက်စွပ်တစ်ကွင်းစာလုပ်ဖို့လုံလောက်တဲ့ရွှေသာရနိုင်လောက်လို့ပါပဲတဲ့။အဲဒီတော့ဒီအပင်တွေဟာရွှေထွက်ရာမှာအသုံးမဝင်ရင်ဘယ်မှာသုံးကြပါမလဲ။ရွှေထုတ်တဲ့နေရာမှသုံးကြပါတယ်တဲ့။အပင်တွေစိုက်ပြီးရွှေရှိ၊မရှိစမ်းသပ်လို့ရတာကြောင့်ရွှေကြောတွေကိုပေါက်တူးပေါက်ပြီးရှာစရာမလိုတော့ပါဘူး။credit:originalupliader