ေခါင္းတလားျပဳလုပ္သူ တစ္ဦး ဥကၠာခဲေရာင္း၍ ႐ုတ္တရက္ ခ်မ္းသာႂကြယ္ဝသြား

ကံမ်ားေကာင္းခ်င္ရင္

အင္ဒိုနီးရွားနိုင္ငံမွေခါင္းတလားျပဳလုပ္သူတစ္ဦးဥကၠာခဲေရာင္း၍႐ုတ္တရက္ခ်မ္းသာႂကြယ္ဝသြားႏွစ္ပါင္း၄.၅ဘီလီယံသက္တမ္းရွိဥကၠာခဲအတြက္အေမရိကန္ေဒၚလာ၂.၅သန္း(ေပါင္၁.၄သန္း)ရရွိအင္ဒိုနီးရွားနိုင္ငံ၊ဆူမာၾတားျပည္နယ္ေျမာက္ပိုင္း၊ကိုလန္ၿမိဳ႕မွနာေရးေခါင္းတလားျပဳလုပ္သူတစ္ဦးသည္ႏွစ္သက္တမ္းေပါင္း၄.၅ဘီလီယံရွိဥကၠာခဲ ( ????????? ) ကိုအေမရိကန္ေဒၚလာ၂.၅သန္း(ေပါင္၁.၄သန္း)ျဖင့္ေရာင္းခ်နိဳင္ခဲ့ၿပီးေနာက္ဆင္းရဲႏြမ္းပါးသူအျဖစ္မွ

႐ုတ္တရက္ခ်မ္းသာႂကြယ္ဝသြားခဲ့ေၾကာင္းနိုင္ငံတကာသတင္းမီဒီယာမ်ားကေဖာ္ျပၾကသည္။အသက္၃၃ႏွစ္ရွိဂ်ိဳ႐ူအာဟူတာဂလန္အမည္ရွိေခါင္းတလားျပဳလုပ္သူတစ္ဦးသည္၎၏ေနအိမ္အေရွ႕ေခါင္မိုးကိုေဖာက္ထြက္ကာၿခံဝန္းအတြင္းသို႔က်ေရာက္လာသည့္အာကာသအတြင္းမွဥကၠာပ်ံအခဲကိုေရာင္းခ်နိဳင္ခဲ့ရာမွႂကြယ္ဝသြားခဲ့ျခင္းျဖစ္သည္။အဆိုပါဥကၠာခဲမွာအေလးခ်ိန္၂.၅ကီလိုဂရမ္(၅.၅၁ေပါင္)ရွိၿပီးေဘာလုံးငယ္အ႐ြယ္အစားခန႔္ရွိသည္။ယခု၂၀၂၀

ၾသဂုတ္လအတြင္းကဂ်ိဳ႐ူအာဟူတာဂလန္၏ေနအိမ္ၿခံဝန္းအတြင္းသို႔က်လာခဲ့ျခင္းျဖစ္သည္။အဆိုပါဥကၠာခဲက်ေရာက္ခဲ့ခ်ိန္ကနဦးကမူမည္သည့္အရာမ်ားျဖစ္ပြားခဲ့သည္ကိုဂ်ိဳ႐ူအာဟူတာဂလန္ကမသိခဲ့ေပ။“အဲဒါႀကီးက်လာတုန္းကအသံကအက်ယ္ႀကီးပဲ။အိမ္ရဲ႕တခ်ိဳ႕ေနရာေတြေတာင္ရမ္းထြက္သြားတယ္။ဘာျဖစ္တာလည္းဆိုၿပီးကြၽန္ေတာ္လိုက္ရွာေတာ့ေခါင္မိုးကေပါက္ထြက္ေနတာကိုသြားေတြ႕တယ္။ေနာက္ၿပီးေျမႀကီးထဲကို၁၅စင္တီမီတာေလာက္

နစ္ဝင္ေနတဲ့ေက်ာက္တုံးကိုသြားေတြ႕တယ္”ဟုဂ်ိဳ႐ူအာဟူတာဂလန္ကဆိုသည္။အဆိုပါေက်ာက္တုံးကိုျမင္ေတြ႕လိုက္ခ်ိန္မွာပင္အမ်ားတကာေျပာေလ့ရွိၾကသည့္ဥကၠာခဲျဖစ္နိုင္သည္ဟုသံသယဝင္မိခဲ့သည္ဟုလည္းဂ်ိဳ႐ူအာဟူတာဂလန္ကဆိုသည္။ထိုကဲ့သို႔ထင္ျမင္မိျခင္းမွာထိုသို႔ေက်ာက္တုံးမ်ိဳးကိုတစ္စုံတစ္ဦးကအေပၚမွလြတ္ခ်ရန္သို႔မဟုတ္ပစ္ေပါက္ရန္မျဖစ္နိုင္ျခင္းေၾကာင့္ဟုလည္းဂ်ိဳ႐ူအာဟူတာဂလန္ကဆိုခဲ့သည္။

အဆိုပါေက်ာက္တုံးကိုေျမႀကီးထဲမွတူးထုတ္လိုက္ခ်ိန္တြင္ပူေႏြးေနဆဲျဖစ္သည္ဟုလည္း၎ကဆိုသည္။“အဲ့ဒိေက်ာက္တုံးကိုကြၽန္ေတာ္တူးၿပီးမ,ယူလိုက္ေတာ့ပူေႏြးေနဆဲပဲဗ်။ေနာက္ေတာ့ကြၽန္ေတာ္အိမ္ထဲကိုယူလာခဲ့တယ္”ဟုဂ်ိဳ႐ူအာဟူတာဂလန္ကဆိုသည္။ဂ်ိဳ႐ူအာဟူတာဂလန္ေနထိုင္ရာေဒသအတြင္းမွလူမ်ားသည္လည္းက်ယ္ေလာင္သည့္အသံကိုၾကားလိုက္ရျခင္း၊၎တို႔၏ေနအိမ္မ်ားလည္းလႈပ္ရမ္းသြားသည့္အတြက္မည္သည့္အရာမ်ားျဖစ္သည္ကို

စုံစမ္းခဲ့ၿပီးေနာက္ဂ်ိဳ႐ူအာဟူတာဂလန္၏ေနအိမ္ေပၚသို႔ဥကၠာခဲက်ေရာက္လာျခင္းကိုသိရွိသြားခဲ့သည္။အဆိုပါရွားပါးသည့္အရာကိုျမင္ေတြ႕ခြင့္ရရန္ဂ်ိဳ႐ူအာဟူတာဂလန္၏ေနအိမ္သို႔ေရာက္ရွိလာခဲ့ၾကသည္။“စူးစမ္းလိုတဲ့သူေတြအမ်ားႀကီးအိမ္ကိုေရာက္လာခဲ့ၾကတယ္”ဟုဂ်ိဳ႐ူအာဟူတာဂလန္ကဆိုသည္။အဆိုပါသတင္းမွာေဒသအတြင္းျပန႔္ႏွံ႕သြားခဲ့ၿပီးေနာက္ဂ်ိဳ႐ူအာဟူတာဂလန္ထံမွဥကၠာခဲကိုဘာလီကြၽန္းအေျခစိုက္သည့္အေမရိကန္နိုငံသားဥကၠာပ်ံ

အခဲကြၽမ္းက်င္စုေဆာင္းသူဂ်ာရတ္ေကာလင္းစ္ကပြဲစားတစ္ဦးအျဖစ္ဝယ္ယူေပးၿခဲ့ခင္းျဖစ္သည္။”ကြၽန္ေတာ့္ရဲ႕ဖုန္းကတဂြမ္ဂြမ္ျမည္ေနတယ္။အဲ့ဒိဥကၠာခဲကိုအရဝယ္နိုင္ဖို႔၊ေလယာဥ္တစ္စီးနဲ႕အျမန္သြားဖို႔၊ကမ္းလွမ္းေျပာဆိုတဲ့ဖုန္းေတြပါ။အဲ့ဒိအခ်ိန္ကလည္းကိုဗစ္ကာလအလယ္ႀကီးအတြင္းမွာျဖစ္ခဲ့တာ။ကိုယ့္အတြက္ကိုယ္ဝယ္မလား။အေမရိကန္ကဥကၠာပ်ံခဲစုေဆာင္းတဲ့သိပၸံပညာရွင္ေတြအတြက္ဝယ္ေပးမလားဆိုတာကိုကြၽန္ေတာ္ဆုံးျဖတ္ရေတာ့တာပါပဲ”ဟု

ဂ်ာရတ္ေကာလင္းစ္ကဆိုသည္။ေနာက္ဆုံးတြင္ရသမွ်ပိုက္ဆံအားလုံးကိုစုေဆာင္းသယ္ေဆာင္ကာဂ်ိဳ႐ူအာကိုရွာေဖြရန္ၾကားခံပြဲစားတစ္ဦးပမာထြက္ခြာခဲ့သည္ဟုဂ်ာရတ္ေကာလင္းစ္ကဆိုသည္။ဂ်ိဳ႐ူအာ၏ေနအိမ္ၿခံဝန္းအတြင္းသို႔က်ေရာက္လာသည့္ဥကၠာခဲမွာႏွစ္ေပါင္း၄.၅ဘီလီယံခန႔္သက္တမ္းရွိၿပီးေပါင္၁.၄သန္း(အေမရိကန္ေဒၚလာ၂.၅သန္း)တန္ေၾကးရွိသည္ဟုသိရသည္။ဂ်ိဳ႐ူအာကလည္းဥကၠာခဲကိုေရာင္းခ်လိဳက္၍၎၏ႏွစ္ေပါင္း၃၀စာလုပ္ခႏွင့္ညီမွ်သည့္

ေငြေၾကးကိုရရွိခဲ့သည္ဟုသိရသည္။ဂ်ာရတ္ေကာလင္းမွာဥကၠာခဲကိုဝယ္ယူၿပီးေနာက္အေမရိကန္သို႔သေဘၤာျဖင့္ပို႔ေဆာင္ခဲ့သည္။အဆိုပါဥကၠာခဲကိုအေမရိကန္နိုင္ငံအင္ဒီယာနာပိုးလစ္မွဥကၠာပ်ံဆိုင္ရာကြၽမ္းက်င္သူေဒါက္တာေဂ်းပီယာတက္ခ္ကဝယ္ယူခဲ့ျခင္းျဖစ္သည္ဟုတကၠဆက္စ္ျပည္နယ္အေျခစိုက္လႏွင့္ၿဂိဟ္မ်ားဆိုင္ရာနည္းပညာသိပၸံ ( ???????? ????????? ????????? ) ၏အဆိုအရသိရသည္။ဂ်ိဳ႐ူအာထံမွဝယ္ယူခဲ့သည့္ဥကၠာခဲမွာကာဘြန္ပါဝင္သည့္

???/2 အမ်ိဳးအစား ????????? ျဖစ္ကာအလြန္ရွားပါးသည့္အရာျဖစ္သည္ဟုလည္းအဆိုပါအဖြဲ႕အစည္းကသတ္မွတ္ခဲ့သည္။အဆိုပါဥကၠာခဲကိုလည္း ?????? ဟုတရားဝင္အမည္ေပးခဲ့သလိုအေလးခ်ိန္၂.၅ကီလိုဂရမ္ရွိသည္ဟုသတ္မွတ္ခဲ့သည္။အျခားဥကၠာပ်ံအခဲအပိုင္းအစမ်ားကိုလည္းဂ်ိဳ႐ူအာ၏ေနအိမ္အနီးပတ္ဝန္းက်င္ေဒသမ်ားမွပင္ထပ္မံရွာေတြ႕ခဲ့သည္။တစ္ခုမွာဂ်ိဳ႐ူအာ၏ေနအိမ္ႏွင့္၃ကီလိုမီတာအကြာတြင္ရွိသည့္စပါးခင္းတစ္ခုအတြင္းမွေတြ႕ရွိခဲ့ျခင္း

ျဖစ္သည္။အင္ဒိုနီးရွားအစိုးရ၏အမ်ိဳးသားေလေၾကာင္းႏွင့္အာကာသေအဂ်င္စီ ( ????? ) ၏အႀကီးအကဲျဖစ္သူေသာမတ္ဂ်မာလူဒင္ကမူဥကၠာခဲမ်ားအေနျဖင့္လူေနအိမ္ေျခမ်ားေပၚသို႔က်လာျခင္းမွာရွားပါးလြန္းသည္ဟုမွတ္ခ်က္ခ်ခဲ့သည္။“အာကာသအတြင္းမွာကေနေရာင္ျခည္စြမ္းအင္သုံးစနစ္ကခြဲထြက္လာတဲ့စြန႔္ပစ္ပစၥည္းအေရအတြက္ပမာဏကအရမ္းကိုမ်ားျပားလြန္းပါတယ္။ဥကၠာခဲအမ်ားစုကေတာ့လူေတြေနထိုင္ရာေဒသနဲ႕အေတာ္ေဝးေဝးကိုက်တာပါ။

ဥပမာသမုဒၵရာအတြင္း၊ေတာအုပ္အတြင္း၊သဲကႏၲာရအတြင္းေပါ့”ဟုေသာမတ္ဂ်မာလူဒင္ကမီဒီယာမ်ားသို႔ေျပာသည္။ယခု၂၀၂၀ၾသဂုတ္လအတြင္းကဘရာဇီးနိုင္ငံ၊အေရွ႕ေျမာက္ပိုင္း၊ဆန္တာဖီလိုမီနာၿမိဳ႕ပတ္ဝန္းက်င္အတြင္းသို႔ႏွစ္ေပါင္း၄.၆ဘီလီယံသက္တမ္းရွိသည့္ဥကၠာခဲအပိုင္းအစေပါင္း၂၀၀ခန႔္က်ေရာက္ခဲ့သည္ဟုလည္းသိရသည္။သား၃ဦး၏ဖခင္ျဖစ္သူဂ်ိဳ႐ူအာကမူရရွိလာသည့္ေငြေၾကးမ်ားထဲမွအခ်ိဳ႕ကို၎တို႔ေဒသအတြင္းမွျပည္သူမ်ားအတြက္ဘုရားေက်ာင္းတစ္ခုေဆာက္လုပ္ရန္အသုံးျပဳသြားမည္ဟုဆိုထားသည္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ကံများကောင်းချင်ရင်

အင်ဒိုနီးရှားနိုင်ငံမှခေါင်းတလားပြုလုပ်သူတစ်ဦးဥက္ကာခဲရောင်း၍ရုတ်တရက်ချမ်းသာကြွယ်ဝသွားနှစ်ပါင်း၄.၅ဘီလီယံသက်တမ်းရှိဥက္ကာခဲအတွက်အမေရိကန်ဒေါ်လာ၂.၅သန်း(ပေါင်၁.၄သန်း)ရရှိအင်ဒိုနီးရှားနိုင်ငံ၊ဆူမာတြားပြည်နယ်မြောက်ပိုင်း၊ကိုလန်မြို့မှနာရေးခေါင်းတလားပြုလုပ်သူတစ်ဦးသည်နှစ်သက်တမ်းပေါင်း၄.၅ဘီလီယံရှိဥက္ကာခဲ ( ????????? ) ကိုအမေရိကန်ဒေါ်လာ၂.၅သန်း(ပေါင်၁.၄သန်း)ဖြင့်ရောင်းချနိုင်ခဲ့ပြီးနောက်ဆင်းရဲနွမ်းပါးသူအဖြစ်မှ

ရုတ်တရက်ချမ်းသာကြွယ်ဝသွားခဲ့ကြောင်းနိုင်ငံတကာသတင်းမီဒီယာများကဖော်ပြကြသည်။အသက်၃၃နှစ်ရှိဂျိုရူအာဟူတာဂလန်အမည်ရှိခေါင်းတလားပြုလုပ်သူတစ်ဦးသည်၎င်း၏နေအိမ်အရှေ့ခေါင်မိုးကိုဖောက်ထွက်ကာခြံဝန်းအတွင်းသို့ကျရောက်လာသည့်အာကာသအတွင်းမှဥက္ကာပျံအခဲကိုရောင်းချနိုင်ခဲ့ရာမှကြွယ်ဝသွားခဲ့ခြင်းဖြစ်သည်။အဆိုပါဥက္ကာခဲမှာအလေးချိန်၂.၅ကီလိုဂရမ်(၅.၅၁ပေါင်)ရှိပြီးဘောလုံးငယ်အရွယ်အစားခန့်ရှိသည်။ယခု၂၀၂၀

သြဂုတ်လအတွင်းကဂျိုရူအာဟူတာဂလန်၏နေအိမ်ခြံဝန်းအတွင်းသို့ကျလာခဲ့ခြင်းဖြစ်သည်။အဆိုပါဥက္ကာခဲကျရောက်ခဲ့ချိန်ကနဦးကမူမည်သည့်အရာများဖြစ်ပွားခဲ့သည်ကိုဂျိုရူအာဟူတာဂလန်ကမသိခဲ့ပေ။“အဲဒါကြီးကျလာတုန်းကအသံကအကျယ်ကြီးပဲ။အိမ်ရဲ့တချို့နေရာတွေတောင်ရမ်းထွက်သွားတယ်။ဘာဖြစ်တာလည်းဆိုပြီးကျွန်တော်လိုက်ရှာတော့ခေါင်မိုးကပေါက်ထွက်နေတာကိုသွားတွေ့တယ်။နောက်ပြီးမြေကြီးထဲကို၁၅စင်တီမီတာလောက်

နစ်ဝင်နေတဲ့ကျောက်တုံးကိုသွားတွေ့တယ်”ဟုဂျိုရူအာဟူတာဂလန်ကဆိုသည်။အဆိုပါကျောက်တုံးကိုမြင်တွေ့လိုက်ချိန်မှာပင်အများတကာပြောလေ့ရှိကြသည့်ဥက္ကာခဲဖြစ်နိုင်သည်ဟုသံသယဝင်မိခဲ့သည်ဟုလည်းဂျိုရူအာဟူတာဂလန်ကဆိုသည်။ထိုကဲ့သို့ထင်မြင်မိခြင်းမှာထိုသို့ကျောက်တုံးမျိုးကိုတစ်စုံတစ်ဦးကအပေါ်မှလွတ်ချရန်သို့မဟုတ်ပစ်ပေါက်ရန်မဖြစ်နိုင်ခြင်းကြောင့်ဟုလည်းဂျိုရူအာဟူတာဂလန်ကဆိုခဲ့သည်။

အဆိုပါကျောက်တုံးကိုမြေကြီးထဲမှတူးထုတ်လိုက်ချိန်တွင်ပူနွေးနေဆဲဖြစ်သည်ဟုလည်း၎င်းကဆိုသည်။“အဲ့ဒိကျောက်တုံးကိုကျွန်တော်တူးပြီးမ,ယူလိုက်တော့ပူနွေးနေဆဲပဲဗျ။နောက်တော့ကျွန်တော်အိမ်ထဲကိုယူလာခဲ့တယ်”ဟုဂျိုရူအာဟူတာဂလန်ကဆိုသည်။ဂျိုရူအာဟူတာဂလန်နေထိုင်ရာဒေသအတွင်းမှလူများသည်လည်းကျယ်လောင်သည့်အသံကိုကြားလိုက်ရခြင်း၊၎င်းတို့၏နေအိမ်များလည်းလှုပ်ရမ်းသွားသည့်အတွက်မည်သည့်အရာများဖြစ်သည်ကို

စုံစမ်းခဲ့ပြီးနောက်ဂျိုရူအာဟူတာဂလန်၏နေအိမ်ပေါ်သို့ဥက္ကာခဲကျရောက်လာခြင်းကိုသိရှိသွားခဲ့သည်။အဆိုပါရှားပါးသည့်အရာကိုမြင်တွေ့ခွင့်ရရန်ဂျိုရူအာဟူတာဂလန်၏နေအိမ်သို့ရောက်ရှိလာခဲ့ကြသည်။“စူးစမ်းလိုတဲ့သူတွေအများကြီးအိမ်ကိုရောက်လာခဲ့ကြတယ်”ဟုဂျိုရူအာဟူတာဂလန်ကဆိုသည်။အဆိုပါသတင်းမှာဒေသအတွင်းပြန့်နှံ့သွားခဲ့ပြီးနောက်ဂျိုရူအာဟူတာဂလန်ထံမှဥက္ကာခဲကိုဘာလီကျွန်းအခြေစိုက်သည့်အမေရိကန်နိုငံသားဥက္ကာပျံ

အခဲကျွမ်းကျင်စုဆောင်းသူဂျာရတ်ကောလင်းစ်ကပွဲစားတစ်ဦးအဖြစ်ဝယ်ယူပေးခြဲ့ခင်းဖြစ်သည်။”ကျွန်တော့်ရဲ့ဖုန်းကတဂွမ်ဂွမ်မြည်နေတယ်။အဲ့ဒိဥက္ကာခဲကိုအရဝယ်နိုင်ဖို့၊လေယာဉ်တစ်စီးနဲ့အမြန်သွားဖို့၊ကမ်းလှမ်းပြောဆိုတဲ့ဖုန်းတွေပါ။အဲ့ဒိအချိန်ကလည်းကိုဗစ်ကာလအလယ်ကြီးအတွင်းမှာဖြစ်ခဲ့တာ။ကိုယ့်အတွက်ကိုယ်ဝယ်မလား။အမေရိကန်ကဥက္ကာပျံခဲစုဆောင်းတဲ့သိပ္ပံပညာရှင်တွေအတွက်ဝယ်ပေးမလားဆိုတာကိုကျွန်တော်ဆုံးဖြတ်ရတော့တာပါပဲ”ဟု

ဂျာရတ်ကောလင်းစ်ကဆိုသည်။နောက်ဆုံးတွင်ရသမျှပိုက်ဆံအားလုံးကိုစုဆောင်းသယ်ဆောင်ကာဂျိုရူအာကိုရှာဖွေရန်ကြားခံပွဲစားတစ်ဦးပမာထွက်ခွာခဲ့သည်ဟုဂျာရတ်ကောလင်းစ်ကဆိုသည်။ဂျိုရူအာ၏နေအိမ်ခြံဝန်းအတွင်းသို့ကျရောက်လာသည့်ဥက္ကာခဲမှာနှစ်ပေါင်း၄.၅ဘီလီယံခန့်သက်တမ်းရှိပြီးပေါင်၁.၄သန်း(အမေရိကန်ဒေါ်လာ၂.၅သန်း)တန်ကြေးရှိသည်ဟုသိရသည်။ဂျိုရူအာကလည်းဥက္ကာခဲကိုရောင်းချလိုက်၍၎င်း၏နှစ်ပေါင်း၃၀စာလုပ်ခနှင့်ညီမျှသည့်

ငွေကြေးကိုရရှိခဲ့သည်ဟုသိရသည်။ဂျာရတ်ကောလင်းမှာဥက္ကာခဲကိုဝယ်ယူပြီးနောက်အမေရိကန်သို့သင်္ဘောဖြင့်ပို့ဆောင်ခဲ့သည်။အဆိုပါဥက္ကာခဲကိုအမေရိကန်နိုင်ငံအင်ဒီယာနာပိုးလစ်မှဥက္ကာပျံဆိုင်ရာကျွမ်းကျင်သူဒေါက်တာဂျေးပီယာတက်ခ်ကဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုတက္ကဆက်စ်ပြည်နယ်အခြေစိုက်လနှင့်ဂြိဟ်များဆိုင်ရာနည်းပညာသိပ္ပံ ( ???????? ????????? ????????? ) ၏အဆိုအရသိရသည်။ဂျိုရူအာထံမှဝယ်ယူခဲ့သည့်ဥက္ကာခဲမှာကာဘွန်ပါဝင်သည့်

???/2 အမျိုးအစား ????????? ဖြစ်ကာအလွန်ရှားပါးသည့်အရာဖြစ်သည်ဟုလည်းအဆိုပါအဖွဲ့အစည်းကသတ်မှတ်ခဲ့သည်။အဆိုပါဥက္ကာခဲကိုလည်း ?????? ဟုတရားဝင်အမည်ပေးခဲ့သလိုအလေးချိန်၂.၅ကီလိုဂရမ်ရှိသည်ဟုသတ်မှတ်ခဲ့သည်။အခြားဥက္ကာပျံအခဲအပိုင်းအစများကိုလည်းဂျိုရူအာ၏နေအိမ်အနီးပတ်ဝန်းကျင်ဒေသများမှပင်ထပ်မံရှာတွေ့ခဲ့သည်။တစ်ခုမှာဂျိုရူအာ၏နေအိမ်နှင့်၃ကီလိုမီတာအကွာတွင်ရှိသည့်စပါးခင်းတစ်ခုအတွင်းမှတွေ့ရှိခဲ့ခြင်း

ဖြစ်သည်။အင်ဒိုနီးရှားအစိုးရ၏အမျိုးသားလေကြောင်းနှင့်အာကာသအေဂျင်စီ ( ????? ) ၏အကြီးအကဲဖြစ်သူသောမတ်ဂျမာလူဒင်ကမူဥက္ကာခဲများအနေဖြင့်လူနေအိမ်ခြေများပေါ်သို့ကျလာခြင်းမှာရှားပါးလွန်းသည်ဟုမှတ်ချက်ချခဲ့သည်။“အာကာသအတွင်းမှာကနေရောင်ခြည်စွမ်းအင်သုံးစနစ်ကခွဲထွက်လာတဲ့စွန့်ပစ်ပစ္စည်းအရေအတွက်ပမာဏကအရမ်းကိုများပြားလွန်းပါတယ်။ဥက္ကာခဲအများစုကတော့လူတွေနေထိုင်ရာဒေသနဲ့အတော်ဝေးဝေးကိုကျတာပါ။

ဥပမာသမုဒ္ဒရာအတွင်း၊တောအုပ်အတွင်း၊သဲကန္တာရအတွင်းပေါ့”ဟုသောမတ်ဂျမာလူဒင်ကမီဒီယာများသို့ပြောသည်။ယခု၂၀၂၀သြဂုတ်လအတွင်းကဘရာဇီးနိုင်ငံ၊အရှေ့မြောက်ပိုင်း၊ဆန်တာဖီလိုမီနာမြို့ပတ်ဝန်းကျင်အတွင်းသို့နှစ်ပေါင်း၄.၆ဘီလီယံသက်တမ်းရှိသည့်ဥက္ကာခဲအပိုင်းအစပေါင်း၂၀၀ခန့်ကျရောက်ခဲ့သည်ဟုလည်းသိရသည်။သား၃ဦး၏ဖခင်ဖြစ်သူဂျိုရူအာကမူရရှိလာသည့်ငွေကြေးများထဲမှအချို့ကို၎င်းတို့ဒေသအတွင်းမှပြည်သူများအတွက်ဘုရားကျောင်းတစ်ခုဆောက်လုပ်ရန်အသုံးပြုသွားမည်ဟုဆိုထားသည်။