သူမပါဝင်ထားတဲ့ ဇာတ်လမ်းတွဲစတင် လွှင့်ခါစမှာပဲ ပရိတ်သတ်အားပေးမှု အများအပြား ရရှိနေကြောင်း ပြောပြခဲ့တဲ့ ဝေလာရီ






ယူနီကုဒ် ဖြင့် ဖတ်ရန်

မွန်မင်းသမီးလေး ဝေလာရီကတော့ ” နှင်းဆီ ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဖခင်ကိုချစ်ခင်စိတ် နဲ့ မိထွေးဖြစ်သူကို မကျေနပ်မုန်းတီးစိတ်ဖြစ်လို့ အရွဲ့တိုက်တတ်သူမိန်းကလေး ‘မော်’ အနေနဲ့ ချစ် စဖွယ်ပါဝင်ထားသူလေး ဖြစ်ပါတယ်။ ပထမဆုံးဇာတ်လမ်းတွဲမှာပဲ

ပရိတ်သတ်အားပေးမှု ရ ရှိခဲ့ပြီး ” မော် ” ဆိုတဲ့ ဇာတ်ကောင်လေးကို အားလုံးလက်ခံနိုင်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။သူမရဲ့ ဒုတိယဇာတ်လမ်းတွဲဖြစ်တဲ့ ” မမှီဝဲနဲ့ ကင်းအောင်နေ ” ဆိုတဲ့ ပညာပေးဇာတ်လမ်းတွဲကို တော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ

???? ? ရုပ်သံမှတဆင့် စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဇာတ်လမ်း ရဲ့ ပထမဆုံး အပိုင်း ၁ မှာတင် ပရိတ်သတ်အားပေးမှုကို တခဲနက် ရရှိခဲ့တာကြောင့် ပျော်ရွှင်ရတဲ့ အကြောင်းကို ဝေလာရီက အခုလိုပဲ သူမရဲ့ ?? ??? ကနေတဆင့် ပြောပြခဲ့ပါတယ်။

သူမကတော့ ” အပိုင်း ၁ ကို ????? ???? ?????? ?? ? ?????? များလို့ ပျော်နေပါပြီ ” ဆို ကာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဝေလာရီကတော့ အဆိုတော် လိမ္မော်သီးရဲ့ ညီမငယ်လေး ဖြစ်တာနဲ့အညီ နယ်ရှိုးပွဲတွေမှာလည်း အမဖြစ်သူနဲ့အတူ သီချင်းဆိုလေ့ရှိတယ်

လို့လည်း အင်တာ ဗျူးတခုမှာ ဖြေဆို ခဲ့ဖူးပါတယ်။မွန်မင်းသမီးချောလေး ဝေလာရီကတော့ အောင်မြင်တဲ့အနုပညာလောကထဲကို ရောက်ရှိနေပြီ ဖြ စ်သလို လူချစ်လူခင်များတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ် သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။