ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကိုလွမ်းဆွတ်တမ်းတရင်း ကဗျာလေးတစ်ပုဒ် ရေးစပ်ထားတဲ့ ခေးဆက်သွင်





ယူနီကုဒ် ဖြင့် ဖတ်ရန်

ပရိသတ်ကြီးရေ ခေးဆက်သွင်ဟာဆိုရင် ????-? ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် အနုပညာလောကကို လျှောက်လှမ်းလာတာ ယခုဆိုရင် အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်။လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ခေးဆက်သွင်ဟာ အပျော်တမ်း ?????? လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကိုလည်း သူငယ်ချင်းတွေနဲ့အတူ

မကြာခဏဆော့ပြလေ့ရှိပါတယ်။ယခုလည်း”အားလုံးက မှတ်မှတ်ရရ အစီအစဉ်မှာခေးရွတ်ပြတဲ့အဖေဆိုတဲ့ ကဗျာလေး တင်ပေးပါ ဆိုလို့ တင်ပေးလိုက်ပါတယ်နော်…ကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးမို့ အမှတ်တရ သိမ်းဆည်းနိုင်ကြပါစေရှင့်..”ဆိုပြီး ဖခင်ကို လွမ်းဆွတ်သတိရရင်း ကဗျာလေးတစ်ပုဒ်ကို မျက်ရည်ကျကာ ရေးစပ်ထားပါတယ်။ ခေးဆက်သွင်ရဲ့ကဗျာလေးကတော့”အဖေ…ကြာခဲ့ပါပြီအဖေ ရက်တွေလည်း

ပြောင်း လတွေဟောင်းလို့ ဆောင်းအလီလီနဲ့ မိုးအခါခါဖြတ်နွေဘက်တွေလည်း မျက်ရည်စက်တွေနဲ့အိပ်တန်းတက်ခဲ့ဖူးပါပြီတစ်ခြားမိသားစုတွေကို အားကျငါးတန်းနှစ် အဖေ့အလောင်းမီးတိုက်ထဲ သွင်းရကာနီးကိုသတိရမိပါသေးတယ်…ကန်တော့ရင်းတွေး အဖေအိပ်နေတာလေးများဖြစ်မလား??အခေါင်းအဖုံးကိုလှစ်ဟ ချစ်ပါရစေဦး နေပါဦး တဖွဖွခေါ်ချင်ပေမယ့်နာကျင်လွန်းလို့ မအော်နိုင်တော့ပါဘူး လွမ်းတယ်

အဖေမုန့်ဖိုးလေးတွေ အရင်လိုပေးပါစာမရတဲ့အခါ လာဆူပေးပါသီချင်းတွေဆိုလို့ အဖေ့သမီးအငယ်မကပြချင်သေးတာစစနောက်နောက် စိတ်ကောက်ချင်သေးတာ ဘယ်တော့မှ ပြန်မလာနိုင်တာသိပေမယ့်ကောင်းမှုတခု နေ့စဉ်ပြုရင်းသမီးဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုသံသရာ တကွေ့ကွေ့ ပြန်တွေ့ပါရစေ အဖေ..”ဆိုပြီး သူမရဲ့ဖေဘွတ်စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ရပါတယ်နော်။အဆုံးထိဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။