ေမြးရပ္ေျမျပန္ဖို႔ အခက္အခဲျဖစ္ေနတဲ့ မိသားစု(၄)ေယာက္ကို လမ္းစာရိတ္လႉဒါန္းၿပီး အိမ္အေရာက္ျပန္နိုင္ေအာင္ ကူညီခဲ့တဲ့ ဒိန္းေဒါင္

ကိုယ္ခ်င္းစာတရားလည္း ျပည့္ဝသလို အႏုပညာဝမ္းစာလည္း ႀကီးမားတဲ့ဒိန္းေဒါင္တစ္ေယာက္ လိုအပ္ေနသူေတြကိုအၿမဲတမ္း ကူညီေပးတဲ့ ပရဟိတသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ ပရိသတ္ေတြကို

ရယ္ေမာေပ်ာ္႐ႊင္ရေအာင္ဖန္တီးေပးသလိုျပည္သူေတြရဲ႕အခက္အခဲကိုလည္း တတ္နိုင္သမွ် ကူညီေျဖရွင္းေပးခဲ့ပါတယ္။ ခက္ခဲတဲ့ဘဝေတြအတြက္ေတာ့ ဒီကူညီမႈဟာ ေရနစ္ေနသူေတြအတြက္ ေကာက္ရိုးေလးတစ္မွ်င္လိုပါပဲ။

ဒီေန႕မွာလည္းေနရပ္ျပန္ဖို႔ အတြက္ လမ္းစာရိတ္မရွိဘဲ ခက္ခဲေနတဲ့ မိသားစုေလးကို စားရိတ္ေထာက္ပံ့ေပးၿပီး အျပန္လမ္းအတြက္ ကူညီေပးခဲ့ပါတယ္။ေမာေမာပန္းပန္းနဲ႕ ကူညီေပးၿပီး ပီတိကိုစားကာအားျဖစ္ေနတဲ့

လူ႐ႊင္ေတာ္ႀကီးရဲ႕ စိတ္ေစတနာဟာ တကယ္ကိုျဖဴစင္လြန္းပါတယ္။ ကူညီလိုက္ရတဲ့ ၾကည္ႏူးစရာပုံရိပ္ေလးေတြ ကို ” ခင္ဗ်ားတို႔ကေတာ့ကိုယ့္အရပ္ဌာေနျပန္ေရာက္ေနၿပီ ကြၽန္ေတာ့္မွာေတာ့ က်န္တဲ့သူေတြလဲသတိရတယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ကိုယ်ချင်းစာတရားလည်း ပြည့်ဝသလို အနုပညာဝမ်းစာလည်း ကြီးမားတဲ့ဒိန်းဒေါင်တစ်ယောက် လိုအပ်နေသူတွေကိုအမြဲတမ်း ကူညီပေးတဲ့ ပရဟိတသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေကို

ရယ်မောပျော်ရွှင်ရအောင်ဖန်တီးပေးသလိုပြည်သူတွေရဲ့အခက်အခဲကိုလည်း တတ်နိုင်သမျှ ကူညီဖြေရှင်းပေးခဲ့ပါတယ်။ ခက်ခဲတဲ့ဘဝတွေအတွက်တော့ ဒီကူညီမှုဟာ ရေနစ်နေသူတွေအတွက် ကောက်ရိုးလေးတစ်မျှင်လိုပါပဲ။

ဒီနေ့မှာလည်းနေရပ်ပြန်ဖို့ အတွက် လမ်းစာရိတ်မရှိဘဲ ခက်ခဲနေတဲ့ မိသားစုလေးကို စားရိတ်ထောက်ပံ့ပေးပြီး အပြန်လမ်းအတွက် ကူညီပေးခဲ့ပါတယ်။မောမောပန်းပန်းနဲ့ ကူညီပေးပြီး ပီတိကိုစားကာအားဖြစ်နေတဲ့

လူရွှင်တော်ကြီးရဲ့ စိတ်စေတနာဟာ တကယ်ကိုဖြူစင်လွန်းပါတယ်။ ကူညီလိုက်ရတဲ့ ကြည်နူးစရာပုံရိပ်လေးတွေ ကို ” ခင်ဗျားတို့ကတော့ကိုယ့်အရပ်ဌာနေပြန်ရောက်နေပြီ ကျွန်တော့်မှာတော့ ကျန်တဲ့သူတွေလဲသတိရတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။