အသက္( ?? ) ျပည့္ၿပီျဖစ္တဲ့ ကိုကိုဦးရဲ႕ သားေလး သီဟေအာင္

ဒီေန႕နိုဝင္ဘာလ(၁၅)ရက္ေန႕ကေတာ့လူၾကမ္းသ႐ုပ္ေဆာင္ကိုကိုဦးရဲ႕တစ္ဦးတည္းေသာသားသီဟေအာင္ရဲ႕ေမြးေန႕ျဖစ္ပါတယ္။သီဟေအာင္ကေတာ့အသက္(၂၀)ျပည့္ၿပီလို႔ဆိုပါတယ္။တစ္ဦးတည္းေသာသားျဖစ္တာေၾကာင့္သူ႕ရဲ႕မိဘႏွစ္ပါးကိုဒီ့ထက္ပိုေလးနက္တဲ့တာဝန္ေတြနဲ႕အေကာင္းဆုံးထားခ်င္တယ္လို႔ေျပာပါတယ္။ “ရင့္က်က္လာတယ္ဆိုတာထက္ကြၽန္ေတာ္ကငယ္ငယ္ေလးကတည္းကအေန

ေအးတယ္၊တစ္ခုခုဆိုရင္မိဘေတြနဲ႕အၿမဲတမ္းတိုင္ပင္ေနၾကဆိုေတာ့အခုအသက္(၂၀)ေရာက္လာတဲ့အခ်ိန္မွာကြၽန္ေတာ္ကေလးဆန္ဖို႔မရေတာ့ဘူးလို႔ေတြးမိတယ္။ေဖေဖနဲ႕ေမေမအေပၚမွာလည္းဒီ့ထက္ပိုၿပီးေတာ့တာဝန္ႀကီးသြားၿပီ။တာဝန္ယူစိတ္တစ္ခုကိုေလးေလးနက္နက္လုပ္ရေတာ့မယ္ဆိုတဲ့အသိေတာ့တိုးလာတယ္။ဒီအ႐ြယ္မွာမိဘကိုရွာေကြၽးနိုင္ၿပီဆိုၿပီးေတာ့လည္းဂုဏ္မယူခ်င္ေသးဘူး။ေဖေဖနဲ႕ေမေမ့ကို

အေနအထားတစ္ခုေရာက္ဖို႔အေကာင္းမြန္ဆုံးမထားနိုင္ေသးတဲ့အတြက္ဂုဏ္မယူေသးဘူး။ဒီ့ထက္ပိုၿပီးႀကိဳးစားရဦးမယ္၊ဒီ့ထက္ပိုၿပီးေတာ့ထားနိုင္ရမယ္ဆိုတဲ့စိတ္ကေတာ့ရွိတယ္”လို႔ဆိုပါတယ္။ သီဟေအာင္အေနနဲ႕အသက္(၁၉)ႏွစ္ျပည့္ေမြးေန႕တုန္းကေတာ့သူ႕ရဲ႕မိဘႏွစ္ပါး၊ခ်စ္ရတဲ့ပရိသတ္ေတြနဲ႕အတူေ႐ႊတိဂုံဘုရားကိုသြားေရာက္ဖူးေမွ်ာ္ခဲ့ပါတယ္။ဒီႏွစ္မွာေတာ့ကိုဗစ္ကာလျဖစ္တာေၾကာင့္ပရိသတ္ေတြလုပ္ေပးတဲ့

Surpriseေတြနဲ႕သာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းျဖစ္တယ္လို႔ဆိုပါတယ္။ “ဒီေန႕ကြၽန္ေတာ္ကအသက္(၂၀)ႏွစ္ျပည့္ပါၿပီ။အခုကကိုဗစ္ကာလႀကီးျဖစ္ေနေတာ့ေမြးေန႕ကိုေထြေထြထူးထူးသိပ္မလုပ္ျဖစ္ဘူးအိမ္မွာပဲFanေတြထဲကမမတခ်ိဳ႕နဲ႕ေမြးေန႕ကိတ္ေလးခြဲတယ္။ဒီညေနေတာ့ငါးေလးသြားလႊတ္ဖို႔စီစဥ္ထားပါတယ္။ဒီႏွစ္ေမြးေန႕ကိုလည္းကြၽန္ေတာ့္ရဲ႕FanေတြကGameဆာ့ဖို႔ဆိုၿပီးေတာ့TVေရာ၊ပိုက္ဆံေလး

ေတြထည့္ထားတဲ့ပန္းစည္းေလးေတြ(၃)ခုရွိတယ္၊နာရီေလးေတြေရာ၊အကၤ်ီေလးေတြေရာအမ်ားႀကီးေပးၾကတယ္”လို႔ဆက္လက္ေျပာျပခဲ့ပါတယ္။ ကိုကိုဦးရဲ႕သားေလးသီဟေအာင္ကို၂၀၁၈ခုႏွစ္အကယ္ဒမီေပးပြဲေ႐ႊႀကိဳကေနပရိသတ္ေတြသတိထားမိလာၾကတာပါ။အခုဆိုရင္ေတာ့သူ႕ကိုခ်စ္ခင္အားေပးတဲ့အမာခံပရိသတ္မ်ားစြာကိုလည္းပိုင္ဆိုင္ခြင့္ရလာၿပီျဖစ္ပါတယ္။

ခ်စ္စရာေကာင္းၿပီးရည္မြန္တဲ့သူ႕ရဲ႕ပုံစံေလးေၾကာင့္မိန္းကေလးပရိသတ္ေတြရဲ႕အားေပးမႈကိုရရွိလာသူလည္းျဖစ္ပါတယ္။အခုဆိုရင္ေတာ့သူဟာေၾကာ္ျငာရိုက္ကူးေရးေတြလည္းအဆက္မျပတ္လုပ္ေဆာင္ေနရတာေတြ႕ရပါတယ္။သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္အခြင့္အေရးရဖို႔အတြက္ႀကိဳးစားေနတယ္လို႔လည္းေျပာပါတယ္။

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒီနေ့နိုဝင်ဘာလ(၁၅)ရက်နေ့ကတော့လူကြမ်းသရုပ်ဆောင်ကိုကိုဦးရဲ့တစ်ဦးတည်းသောသားသီဟအောင်ရဲ့မွေးနေ့ဖြစ်ပါတယ်။သီဟအောင်ကတော့အသက်(၂၀)ပြည့်ပြီလို့ဆိုပါတယ်။တစ်ဦးတည်းသောသားဖြစ်တာကြောင့်သူ့ရဲ့မိဘနှစ်ပါးကိုဒီ့ထက်ပိုလေးနက်တဲ့တာဝန်တွေနဲ့အကောင်းဆုံးထားချင်တယ်လို့ပြောပါတယ်။ “ရင့်ကျက်လာတယ်ဆိုတာထက်ကျွန်တော်ကငယ်ငယ်လေးကတည်းကအနေ

အေးတယ်၊တစ်ခုခုဆိုရင်မိဘတွေနဲ့အမြဲတမ်းတိုင်ပင်နေကြဆိုတော့အခုအသက်(၂၀)ရောက်လာတဲ့အချိန်မှာကျွန်တော်ကလေးဆန်ဖို့မရတော့ဘူးလို့တွေးမိတယ်။ဖေဖေနဲ့မေမေအပေါ်မှာလည်းဒီ့ထက်ပိုပြီးတော့တာဝန်ကြီးသွားပြီ။တာဝန်ယူစိတ်တစ်ခုကိုလေးလေးနက်နက်လုပ်ရတော့မယ်ဆိုတဲ့အသိတော့တိုးလာတယ်။ဒီအရွယ်မှာမိဘကိုရှာကျွေးနိုင်ပြီဆိုပြီးတော့လည်းဂုဏ်မယူချင်သေးဘူး။ဖေဖေနဲ့မေမေ့ကို

အနေအထားတစ်ခုရောက်ဖို့အကောင်းမွန်ဆုံးမထားနိုင်သေးတဲ့အတွက်ဂုဏ်မယူသေးဘူး။ဒီ့ထက်ပိုပြီးကြိုးစားရဦးမယ်၊ဒီ့ထက်ပိုပြီးတော့ထားနိုင်ရမယ်ဆိုတဲ့စိတ်ကတော့ရှိတယ်”လို့ဆိုပါတယ်။ သီဟအောင်အနေနဲ့အသက်(၁၉)နှစ်ပြည့်မွေးနေ့တုန်းကတော့သူ့ရဲ့မိဘနှစ်ပါး၊ချစ်ရတဲ့ပရိသတ်တွေနဲ့အတူရွှေတိဂုံဘုရားကိုသွားရောက်ဖူးမျှော်ခဲ့ပါတယ်။ဒီနှစ်မှာတော့ကိုဗစ်ကာလဖြစ်တာကြောင့်ပရိသတ်တွေလုပ်ပေးတဲ့

Surpriseတွေနဲ့သာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်တယ်လို့ဆိုပါတယ်။ “ဒီနေ့ကျွန်တော်ကအသက်(၂၀)နှစ်ပြည့်ပါပြီ။အခုကကိုဗစ်ကာလကြီးဖြစ်နေတော့မွေးနေ့ကိုထွေထွေထူးထူးသိပ်မလုပ်ဖြစ်ဘူးအိမ်မှာပဲFanတွေထဲကမမတချို့နဲ့မွေးနေ့ကိတ်လေးခွဲတယ်။ဒီညနေတော့ငါးလေးသွားလွှတ်ဖို့စီစဉ်ထားပါတယ်။ဒီနှစ်မွေးနေ့ကိုလည်းကျွန်တော့်ရဲ့FanတွေကGameဆာ့ဖို့ဆိုပြီးတော့TVရော၊ပိုက်ဆံလေး

တွေထည့်ထားတဲ့ပန်းစည်းလေးတွေ(၃)ခုရှိတယ်၊နာရီလေးတွေရော၊အင်္ကျီလေးတွေရောအများကြီးပေးကြတယ်”လို့ဆက်လက်ပြောပြခဲ့ပါတယ်။ ကိုကိုဦးရဲ့သားလေးသီဟအောင်ကို၂၀၁၈ခုနှစ်အကယ်ဒမီပေးပွဲရွှေကြိုကနေပရိသတ်တွေသတိထားမိလာကြတာပါ။အခုဆိုရင်တော့သူ့ကိုချစ်ခင်အားပေးတဲ့အမာခံပရိသတ်များစွာကိုလည်းပိုင်ဆိုင်ခွင့်ရလာပြီဖြစ်ပါတယ်။

ချစ်စရာကောင်းပြီးရည်မွန်တဲ့သူ့ရဲ့ပုံစံလေးကြောင့်မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာသူလည်းဖြစ်ပါတယ်။အခုဆိုရင်တော့သူဟာကြော်ငြာရိုက်ကူးရေးတွေလည်းအဆက်မပြတ်လုပ်ဆောင်နေရတာတွေ့ရပါတယ်။သရုပ်ဆောင်တစ်ယောက်အဖြစ်အခွင့်အရေးရဖို့အတွက်ကြိုးစားနေတယ်လို့လည်းပြောပါတယ်။