နိုင္ငံတကာ သုေတသီမ်ားက ျမန္မာနိုင္ငံရွိ ပုပၸါးမီးၿငိမ္းေတာင္ အနီးတစ္ဝိုက္မွာ ရွားပါးေမ်ာက္မ်ိဳးစိတ္အသစ္တစ္မ်ိဳးေတြ႕ရွိခဲ့

ျမန္မာနိုင္ငံ ပုပၸါးေတာင္ရွိျမင့္ျမတ္တဲ့ဘုရားဖူးေနရာမွာ တကယ့္ကိုအံ့ဩဖြယ္ေကာင္းတဲ့ ေမ်ာက္ မ်ိဳးစိတ္အသစ္တစ္မ်ိဳးကို သိပၸံပညာရွင္မ်ားကေတြ႕ရွိခဲ့ပါတယ္။မႏၲေလးတိုင္းေဒသ ပုပၸါးမီးၿငိမ္းေတာင္မွာေနထိုင္တဲ့ ပုပၸါး ?????? အမည္ရွိေမ်ာက္ မ်ိဳးစိတ္အသစ္ဟာ ကမာၻေပၚမွာရွာေဖြေတြ႕ရွိခဲ့တဲ့ ေမ်ာက္မ်ိဳးစိတ္ေပါင္း ??? ထဲမွာ ပါဝင္ေနပါတယ္။စိတ္ဝင္စားစရာေကာင္းတာက နိုင္ငံတကာသုေတသီမ်ားအဖြဲ႕ဟာ အဆိုပါႏွစ္ေပါင္း

??? ေက်ာ္ရွိၿပီျဖစ္တဲ့ပုပၸါးေမ်ာက္ရဲ႕နမူနာကို လန္ဒန္သဘာဝသမိုင္းျပတိုက္မွာ ျပသထားခဲ့ဖူးပါတယ္။လြန္ခဲ့တဲ့ရာစုႏွစ္တစ္ခုေက်ာ္ကနမူနာကိုျပန္လည္ရယူကာ ေမ်ာက္ရဲ႕အေရျပားႏွင့္ ဦးေခါင္းခြံကိုျပန္လည္ဆန္းစစ္ၿပီး မ်ိဳးရိုးဗီဇ ႏွစ္ခုကို ႏွိုင္းယွဥ္ၾကည့္တဲ့အခါ မ်ိဳးစိတ္ႏွင့္ပတ္သက္ၿပီး တစ္ထပ္တည္းတူညီေနေၾကာင္းကိုလည္း ေတြ႕ရွိခဲ့ၾကပါတယ္။ေနာက္မ်ိဳးရိုးဗီဇဆိုင္ရာေလ့လာမႈတစ္ခုအရ တစ္ခ်ိန္က မ်ိဳးစိတ္တစ္ခုတည္းဟု

သတ္မွတ္ခံထားရတဲ့ေမ်ာက္အုပ္စုတစ္စုဟာ အမွန္တကယ္ေတာ့ မ်ိဳးစိတ္သုံးခုရွိေၾကာင္းကို သိပၸံဂ်ာနယ္သတၱေဗဒသုေတသနက ထုတ္ျပန္ခဲ့ပါတယ္။ဒါေပမဲ့ မ်ိဳးစိတ္အသစ္ရွာေဖြေတြ႕ရွိျခင္းက ေပ်ာ္႐ႊင္မႈတစ္ခုဆိုေပမဲ့ သူတို႔အား ထိန္းသိမ္းေစာက္ေရွာက္ရန္ႀကိဳးပမ္းမႈေတြမျပဳလုပ္ပါက အဆိုပါေမ်ာက္ မ်ိဳးစိတ္အသစ္မ်ားသက္တမ္းတိုနိုင္ေၾကာင္း ?????? ??????? ?????? ျပတိုက္ရွိနို႔တိုက္သတၱဝါမ်ားကိုႀကီးၾကပ္သူ

??????? ??????? ?????? ကမွတ္ခ်က္ခ်ခဲ့ပါတယ္။အဆိုပါမ်ိဳးစိတ္အသစ္က အလြန္နည္းပါးတဲ့အတြက္ေၾကာင့္ မ်ိဳးသုဥ္းလြယ္တဲ့အႏၲရာယ္ရွိနိုင္ေၾကာင္းလည္း ဆိုထားပါတယ္။ေက်းဇူးတင္စရာေကာင္းတာက လူဦးေရထူထပ္တဲ့ ျမန္မာနိုင္ငံရဲ႕ျမင့္ျမတ္တဲ့ေနရာတစ္ဝိုက္မွာေနထိုင္တဲ့အတြက္ေၾကာင့္ အဆိုပါေမ်ာက္မ်ိဳးစိတ္ေတြဟာရွင္သန္ဖို႔ အခြင့္အလမ္း ပိုမိုမ်ားျပားေၾကာင္း သတင္းေထာက္တစ္ဦးက ဆိုထားပါတယ္။

အခုလက္ရွိ ျမန္မာနိုင္ငံ လ်င္ျမန္စြာဖြံ႕ၿဖိဳးတိုးတက္လာတာႏွင့္အမွ် အမဲလိုက္ျခင္းႏွင့္က်က္စားရာေနရာမ်ားဆုံးရႈံးျခင္းတို႔ေၾကာင့္ အဆိုပါ ပုပၸါး ?????? ေမ်ာက္မ်ိဳးစိတ္ေတြအတြက္ အႏၲရာယ္က်ေရာက္နိုင္ေၾကာင္းလည္း နိုင္ငံတကာက မွတ္ယူထားၾကပါတယ္။ျမန္မာအစိုးရအေနနဲ႕ ပုပၸါးေတာင္ေဒသနဲ႕အဆိုပါအသစ္ေတြ႕ရွိထားတဲ့ရွားပါးေမ်ာက္မ်ိဳးစိတ္ေလးေတြကို ကာကြယ္နိုင္ဖို႔ ႀကိဳးပမ္းအားထုတ္မႈတစ္ခုျပဳလုပ္ေနလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

မြန်မာနိုင်ငံ ပုပ္ပါးတောင်ရှိမြင့်မြတ်တဲ့ဘုရားဖူးနေရာမှာ တကယ့်ကိုအံ့ဩဖွယ်ကောင်းတဲ့ မျောက် မျိုးစိတ်အသစ်တစ်မျိုးကို သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ပါတယ်။မန္တလေးတိုင်းဒေသ ပုပ္ပါးမီးငြိမ်းတောင်မှာနေထိုင်တဲ့ ပုပ္ပါး ?????? အမည်ရှိမျောက် မျိုးစိတ်အသစ်ဟာ ကမ္ဘာပေါ်မှာရှာဖွေတွေ့ရှိခဲ့တဲ့ မျောက်မျိုးစိတ်ပေါင်း ??? ထဲမှာ ပါဝင်နေပါတယ်။စိတ်ဝင်စားစရာကောင်းတာက နိုင်ငံတကာသုတေသီများအဖွဲ့ဟာ အဆိုပါနှစ်ပေါင်း

??? ကျော်ရှိပြီဖြစ်တဲ့ပုပ္ပါးမျောက်ရဲ့နမူနာကို လန်ဒန်သဘာဝသမိုင်းပြတိုက်မှာ ပြသထားခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုကျော်ကနမူနာကိုပြန်လည်ရယူကာ မျောက်ရဲ့အရေပြားနှင့် ဦးခေါင်းခွံကိုပြန်လည်ဆန်းစစ်ပြီး မျိုးရိုးဗီဇ နှစ်ခုကို နှိုင်းယှဉ်ကြည့်တဲ့အခါ မျိုးစိတ်နှင့်ပတ်သက်ပြီး တစ်ထပ်တည်းတူညီနေကြောင်းကိုလည်း တွေ့ရှိခဲ့ကြပါတယ်။နောက်မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုတစ်ခုအရ တစ်ချိန်က မျိုးစိတ်တစ်ခုတည်းဟု

သတ်မှတ်ခံထားရတဲ့မျောက်အုပ်စုတစ်စုဟာ အမှန်တကယ်တော့ မျိုးစိတ်သုံးခုရှိကြောင်းကို သိပ္ပံဂျာနယ်သတ္တဗေဒသုတေသနက ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ မျိုးစိတ်အသစ်ရှာဖွေတွေ့ရှိခြင်းက ပျော်ရွှင်မှုတစ်ခုဆိုပေမဲ့ သူတို့အား ထိန်းသိမ်းစောက်ရှောက်ရန်ကြိုးပမ်းမှုတွေမပြုလုပ်ပါက အဆိုပါမျောက် မျိုးစိတ်အသစ်များသက်တမ်းတိုနိုင်ကြောင်း ?????? ??????? ?????? ပြတိုက်ရှိနို့တိုက်သတ္တဝါများကိုကြီးကြပ်သူ

??????? ??????? ?????? ကမှတ်ချက်ချခဲ့ပါတယ်။အဆိုပါမျိုးစိတ်အသစ်က အလွန်နည်းပါးတဲ့အတွက်ကြောင့် မျိုးသုဉ်းလွယ်တဲ့အန္တရာယ်ရှိနိုင်ကြောင်းလည်း ဆိုထားပါတယ်။ကျေးဇူးတင်စရာကောင်းတာက လူဦးရေထူထပ်တဲ့ မြန်မာနိုင်ငံရဲ့မြင့်မြတ်တဲ့နေရာတစ်ဝိုက်မှာနေထိုင်တဲ့အတွက်ကြောင့် အဆိုပါမျောက်မျိုးစိတ်တွေဟာရှင်သန်ဖို့ အခွင့်အလမ်း ပိုမိုများပြားကြောင်း သတင်းထောက်တစ်ဦးက ဆိုထားပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ အမဲလိုက်ခြင်းနှင့်ကျက်စားရာနေရာများဆုံးရှုံးခြင်းတို့ကြောင့် အဆိုပါ ပုပ္ပါး ?????? မျောက်မျိုးစိတ်တွေအတွက် အန္တရာယ်ကျရောက်နိုင်ကြောင်းလည်း နိုင်ငံတကာက မှတ်ယူထားကြပါတယ်။မြန်မာအစိုးရအနေနဲ့ ပုပ္ပါးတောင်ဒေသနဲ့အဆိုပါအသစ်တွေ့ရှိထားတဲ့ရှားပါးမျောက်မျိုးစိတ်လေးတွေကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတစ်ခုပြုလုပ်နေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။