ကိုဗစ်ကို မေ့ထားပြီး နှာခေါင်းစည်း ( ???? ) မတပ်တဲ့သူတွေ ဖတ်ကြည့်ကြပါ








ယူနီကုဒ် ဖြင့် ဖတ်ရန်

အခြေအနေအရ အသက်ရှုစက် နဲ့ အသက်ရှုရမယ်ဆိုရင် ဘယ်လောက်ခံစားရတယ်၊ ဘယ်လောက်စွန့်စားရတယ်၊ ပြန်လာနိုင်မလား ရှေ့ဆက်သွားရတော့မလား၊ ကိုယ့်ကိုကိုယ် ခံနိုင်ရည် ရှိမလား ဆန်းစစ်ကြည့်အုံး၊
အသက်ရှုစက်နဲ့ ကုသမှုဟာ အောက်စီဂျင်မတ်စ် တပ်ထားပြီး အိပ်ရာပေါ်မှာ သက်သက်သာသာ

လဲလျောင်းပြီး ဂျာနယ် ဖတ်နေလို့ရမယ့် အနေအထားမဟုတ်ဘူး၊လေပြွန်ထဲကို အလွန်နာကြင်စွာဖြင့် အသက်ရှုပိုက်ထိုးထည့်ထားရပြီး နေပြန်ကောင်းသည်အထိ ဒါမှမဟုတ် သေဆုံးသည်အထိ အဲဒီအတိုင်းနေရမှာဘဲ။၂ ပါတ် ကနေ ၃ ပါတ်အထိ မလှုပ်မရှက် မရွေ့မလျားဘဲ အများအားဖြင့် မှောက်လျက်နေနေရမှာဘဲ၊

အဆုပ်ရဲ့ စည်းချက်အတိုင်း ပါးစပ်ကနေထည့်ထားတဲ့ လေပြွန်ကနေ စက်ရဲ့အကူနဲ့ဘဲ အသက်ရှုနေရမယ်။လူနာက စကားမပြောနိုင် အစာလည်း မစားနိုင် သဘာဝအတိုင်း မနေနိုင်ဘူး၊ အဆင်မပြေနိုင်ဘူး နာကျင်နေရမယ်၊ နာကျင်မှုသက်သာအောင် ဆေးပေးလိမ့်မယ်၊ နာကျင်နေလည်း အသက်ရှုတဲ့ပိုက်ကိုတော့ စက်နဲ့

အဆင်ပြေအောင် ထားရလိမ့်မယ်။ ကိုမာရထားတဲ့လူနာလိုဘဲ နေလိမ့်မယ်၊ ၂၀ ရက်လောက်ဆို လူနာရဲ့ ကြွက်သားပမာဏ က ၄၀% အထိ ဆုံးရှုံးသွားမယ်၊ လည်ချောင်းသံတွေ အသက်ပြင်းရှုသံတွေနဲ့ စိတ်ဆင်းရဲနေမယ်၊ အသက်ရှုနှုံး နှလုံးခုံနှုံးတွေ ကမောက်ကမဖြစ်နေမယ်။

အစာစားဘို့ အစာအိမ်ထဲကို ပိုက်ထည့်ထားရမယ်၊ အရည်တွေကိုဘဲသွင်းပေးကြလိမ့်မယ်၊ ဆီးနဲ့ဝမ်း အိပ်တွေလည်း ခန္ဒာကိုယ်မှာ ပါတ်ချည်ထားပြီး ပိုက်ကနေ ထုပ်ရမယ်၊ သူနာပြုတွေက ၂ နာရီကြားတခါ လှုပ်ရှားဘို့ အနေအထားပြင်ပေးရလိမ့်မယ်၊ အပူချိန် မတက်ဘို့ ရေခဲအိပ်လည်း ကပ်ထားရအုံးမယ်။

အချစ်ဆုံးတွေလည်း လာမကြည့်နိုင်ဘူး၊ လူနာကလည်း ဘာမှမကြည့်နှိုင်ဘူး၊ သေသွားမယ်ဆိုရင်တောင် တွေ့သွားရမှာမဟုပ်ဘူး။ဒါကြောင့် အသက်ကြီးသူတွေ ခံနိုင်ရည် အားနည်းသူတွေဟာ ဒီ ကုသမှုမှာ မကျော်လွှာနိုင်ကြဘူး၊ အသက်ဆုံးရှုံးရတာပါဘဲ။ကဲ နှာခေါင်းစည်းတပ်မလား အသက်ရှုစက်နဲ့နေမလား?

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။