ယနေ့အချိန်အထိ ဘယ်ရည်းစားဆီကမှ မရခဲ့ဖူးတဲ့ဂရုစိုက်မှုတွေအား လက်ခံရရှိခဲ့သော မယ်လိုဒီ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်တွေအားလုံးက ချစ်ခင်ပြီးသား ဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီကတော့ သူမရဲ့နေ့စဉ် လှုပ်ရှားမှုတွေနဲ့အတူ သားလေးသိဒ္ဓိစစ်ရဲ့ ပုံရိပ်လေး တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲတမ်းမျှဝေပေးနေတဲ့
အနုပ ညာရှင်တစ်ယောက်ပဲ ဖြစ်ပြီး သူမရဲ့ခံစားချက်စာသားလေးတွေကိုလည်း ရေးသားလေ့ရှိတဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အသက် (၃၉) နှစ်ထဲရောက်တဲ့အထိ ဘယ်ရည်းစားဆီကမှမရခဲ့တဲ့ဂရုစိုက်မှုတွေကို
ရရှိခဲ့တဲ့အကြောင်း ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ်။ သြော် အသက် ၃၉ နှစ်ထဲရောက် နေပြီ ဘယ်ရည်းစားမှ အဲ့လိုဂရုတစိုက်နဲ့မပို့ပေးဘူး ကိုယ့်လိုအနုစိတ်လေးတွေးပြီးစီစဉ် ပို့ပေးတော့ ကြည်နူးဝမ်းသာရပါတယ်။ သွားတိုက်တံကအစ
အတွင်းခံဘောင်းဘီ အဆုံး အသေးစိတ် ကိုယ်က ဘဲလက်ဆောင်ပေးဖူးတာ ကိုယ်ပြန်ရတာပထမဆုံးပါပဲ ဆိုတဲ့စာသားလေးနဲ့အတူသူမရရှိခဲ့တဲ့ လက်ဆောင်လေးတွေကို ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေဖော်ပြခဲ့တာပါ။ ခုပို့လည်းရည်းစား
မဟုတ်ပါဘူးကျေးဇူးပါညီ မလေးရေအိပုံ ဆွမ်း သေချာ ကပ်ပါမယ်၊ အစ်မလည်းသေချာသုံးပါမယ် စိတ်ချမ်းသာမှု့ထပ်တူရပါစေရှင်လို့လည်း သူမကို လက်ဆောင်တွေပေးခဲ့တဲ့ ညီမလေးကိုကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။
မယ်လိုဒီကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရရှိ ခဲ့တဲ့လက်ဆောင်လေးတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်