လင္ကပစ္သြားတဲ့ သူမကို ခ်စ္တယ္၊လက္ထပ္ခ်င္တယ္ေျပာေနမယ့္အစား ႏွစ္ဦးႏွစ္ဖက္ ငါးပါးသီလမၿငိဘဲ အက်ိဳးရွိမယ့္အရာကိုသာ လုပ္ဖို႔ တိုက္တြန္းလိုက္တဲ့မယ္လိုဒီ…

သ႐ုပ္ေဆာင္ မယ္လိုဒီကေတာ့ အႏုပညာမွာ ေအာင္ျမင္မႈေတြရရွိခဲ့သေလာက္ သူမရဲ႕ အိမ္ေထာင္ေရးကေတာ့ ႏွစ္ဦးသား သေဘာထားခ်င္းမတိုက္ဆိုင္တာေၾကာင့္ ကြာရွင္းျပတ္ဆဲတဲ့အထိ ျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။မယ္လိုဒီကေတာ့ ကြာရွင္းၿပီးေပမယ့္လည္း သားေလးသိဒၶိစစ္အတြက္ မိခင္ေကာင္း တစ္ေယာက္အျဖစ္

တစ္ေယာက္တည္း မားမားမတ္မတ္ ရပ္တည္ေပးေနတာပဲ ျဖစ္ပါတယ္။တစ္ခုလပ္တစ္ေယာက္ျဖစ္ေနၿပီျဖစ္တဲ့ မယ္လိုဒီကေတာ့ သိမ္ငယ္ျခင္းမရွိေပမယ့္ တစ္ခ်ိဳ႕ေသာ ေယာက်ာ္းသားေတြကေတာ့ Cb ကေန ခ်စ္တယ္၊ လက္ထပ္ခ်င္တယ္ေျပာေနတဲ့အတြက္ မယ္လိုဒီက အခုလိုပဲ ေျပာလာပါတယ္။

“ကြၽန္မကို cb ကေန ခ်စ္တယ္ သနားတယ္၊ ကူညီခ်င္တယ္၊ လက္ထပ္ခ်င္တယ္၊ ေျပာေနမယ့္အစား ကြၽန္မေရာင္းတဲ့ ေရခ်ိဳးဆပ္ျပာအရည္ ၁၅၀၀၀ က်ပ္၊ Hand gel ၁၀၀၀၀ က်ပ္ေလး ဝယ္ယူအားေပးလိုက္ပါလားရွင္။ ရွင္တို႔လည္းေရာဂါကင္းစင္ စိုေျပေတာက္ပအသားအရည္လွ ကြၽန္မလည္းအေရအတြက္ မ်ားမ်ား

ေရာင္းရရင္ ရာခိုင္ႏႈန္းေလးရ အိမ္စရိတ္ေလးကာမိတာေပါ့ရွင္။ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိ ငါးပါးသီလနဲ႕လည္း မၿငိဘူးေလရွင္။ သာဓု သာဓု သာဓု ပါရွင္။ ေမ့ေနလို႔ ငွက္သိုက္ A grade အသန႔္လည္းေရာင္းတယ္ရွင့္။ ေက်းဇူးပါ။ ကယ္တင္ရွင္မ်ား စိတ္ႀကိဳက္ဝယ္ယူ ကယ္တင္နိုင္ပါၿပီရွင္” ဆိုၿပီး ေျေျပာလာခဲ့တာပဲ။

ျဖစ္ပါတယ္။မယ္လိုဒီကေတာ့ သူမကို Cb ကေန ခ်စ္တယ္၊ လက္ထပ္ခ်င္တယ္ေျပာေနမယ့္အစား အမွန္တကယ္ကူညီေပးနိုင္တဲ့အရာေလးကိုသာ ျပဳလုပ္ဖို႔ ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

သရုပ်ဆောင် မယ်လိုဒီကတော့ အနုပညာမှာ အောင်မြင်မှုတွေရရှိခဲ့သလောက် သူမရဲ့ အိမ်ထောင်ရေးကတော့ နှစ်ဦးသား သဘောထားချင်းမတိုက်ဆိုင်တာကြောင့် ကွာရှင်းပြတ်ဆဲတဲ့အထိ ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။မယ်လိုဒီကတော့ ကွာရှင်းပြီးပေမယ့်လည်း သားလေးသိဒ္ဓိစစ်အတွက် မိခင်ကောင်း တစ်ယောက်အဖြစ်

တစ်ယောက်တည်း မားမားမတ်မတ် ရပ်တည်ပေးနေတာပဲ ဖြစ်ပါတယ်။တစ်ခုလပ်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မယ်လိုဒီကတော့ သိမ်ငယ်ခြင်းမရှိပေမယ့် တစ်ချို့သော ယောကျာ်းသားတွေကတော့ Cb ကနေ ချစ်တယ်၊ လက်ထပ်ချင်တယ်ပြောနေတဲ့အတွက် မယ်လိုဒီက အခုလိုပဲ ပြောလာပါတယ်။

“ကျွန်မကို cb ကနေ ချစ်တယ် သနားတယ်၊ ကူညီချင်တယ်၊ လက်ထပ်ချင်တယ်၊ ပြောနေမယ့်အစား ကျွန်မရောင်းတဲ့ ရေချိုးဆပ်ပြာအရည် ၁၅၀၀၀ ကျပ်၊ Hand gel ၁၀၀၀၀ ကျပ်လေး ဝယ်ယူအားပေးလိုက်ပါလားရှင်။ ရှင်တို့လည်းရောဂါကင်းစင် စိုပြေတောက်ပအသားအရည်လှ ကျွန်မလည်းအရေအတွက် များများ

ရောင်းရရင် ရာခိုင်နှုန်းလေးရ အိမ်စရိတ်လေးကာမိတာပေါ့ရှင်။နှစ်ဦးနှစ်ဖက်အကျိုးရှိ ငါးပါးသီလနဲ့လည်း မငြိဘူးလေရှင်။ သာဓု သာဓု သာဓု ပါရှင်။ မေ့နေလို့ ငှက်သိုက် A grade အသန့်လည်းရောင်းတယ်ရှင့်။ ကျေးဇူးပါ။ ကယ်တင်ရှင်များ စိတ်ကြိုက်ဝယ်ယူ ကယ်တင်နိုင်ပါပြီရှင်” ဆိုပြီး ပြောလာခဲ့တာပဲ

ဖြစ်ပါတယ်။မယ်လိုဒီကတော့ သူမကို Cb ကနေ ချစ်တယ်၊ လက်ထပ်ချင်တယ်ပြောနေမယ့်အစား အမှန်တကယ်ကူညီပေးနိုင်တဲ့အရာလေးကိုသာ ပြုလုပ်ဖို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။