ေယာက္်ားယူရတာ ကံစမ္းမဲ ႏွိုက္လိုက္ရသလိုပါပဲလို႔ ေျပာျပလာတဲ့ ပိုးအိအိခန႔္ ရဲ႕ အိမ္ေထာင္ေရး အေျခအေန( ႐ုပ္သံ)

ခ်စ္ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ပိုးအိအိခန႔္ကေတာ့ နိုင္ငံေက်ာ္ ေဘာလုံးကစားသမား ေအာင္သူနဲ႕အတူ ႏွစ္ေယာက္တစ္ဘဝတည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ျပည္သူခ်စ္အႏုပညာရွင္ျဖစ္တဲ့ သူမတို႔ႏွစ္ဦးက ခ်စ္စရာေကာင္းတဲ့ သားသားေလး သဲကိုးကိုလည္း ေမြးဖြားထားတာပဲ ျဖစ္ပါတယ္။

ယခုဆိုရင္ သားသားေလး သဲကိုးက ၁ႏွစ္ေက်ာ္ အ႐ြယ္ရွိေနၿပီလည္း ျဖစ္ပါတယ္။ယခုရက္ပိုင္း အင္တာဗ်ဴးတစ္ခုမွာေတာ့ ပိုးအိအိခန႔္ကအိမ္ေထာင္ေရးက ကံစမ္းမဲ ႏွိုက္လိုက္သလိုပါပဲလို႔ ေျပာျပလာခဲ့တာျဖစ္ပါတယ္။ပိုးအိအိခန႔္က ” ကိုေအာင္သူနဲ႕က အိမ္ေထာင္စက်ခါစကထက္ အမ်ားႀကီး

ပိုအဆင္ေျပလာတယ္ ကိုယ့္ကိုခ်စ္တယ္လို႔ ခံစားလာရတယ္ မိန္းမတစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးကံက ကံစမ္းမဲႏွိုက္ရသလိုပဲ သူနဲ႕ကိုယ္နဲ႕က သမီးရည္းစားဘဝတုန္းကလည္း တူတူမေနဖူးဘူး သူ႕အက်င့္စရိုက္အကုန္လုံးကို ကိုယ္ကမသိဘူး ကိုယ့္အက်င့္စရိုက္အကုန္လုံးလည္း သူကမသိဘူး ကိုယ္က ကံစမ္းမဲႏွိုက္

လိုက္သလိုပဲ ေ႐ြးခ်ယ္ရတာေပါ့ေနာ္။ဒါေပမယ့္ ပိုးအိကအရမ္းေ႐ြးခ်ယ္မႈမွန္ပါတယ္ ဘာျဖစ္လို႔လည္းဆိုေတာ့ ေယာက်ာ္းတစ္ေယာက္ကိုယ့္ကို ခ်စ္တယ္မခ်စ္ဘူးဆိုတာ စိန္ေ႐ႊရတနာေတြ ဝယ္ေပးေနတာလည္းမဆိုင္ဘူးအိမ္အေကာင္းစား ကားအေကာင္းစားဝယ္ေပးတာနဲ႕လည္းမဆိုင္ဘူး။အဓိကက ဘာလဲဆိုေတာ့

ကိုယ္ေျပာတဲ့စကားကို အေလးအနက္ထားလား ကိုယ္ေျပာတဲ့စကားကို အေလးအနက္ထားၿပီး ျပဳျပင္လားဆိုတာ အမ်ားႀကီးသက္ဆိုင္တယ္ေပါ့ အခုဆို ကိုေအာင္သူနဲ႕ အိမ္ေထာင္ျပဳတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ သူမႀကိဳက္တဲ့အက်င့္ေတြ ကိုယ္မႀကိဳက္တဲ့အက်င့္ေတြ ရွိတယ္ အဲ့လိုမ်ိဳးဆို ကိုေအာင္သူက

ေျပာျပလိုက္ရင္ အေလးအနက္ထားၿပီး လိုက္ျပဳျပင္ေပးတယ္ စစခ်င္းကိုယ္ယူလိုက္တဲ့ ကိုေအာင္သူနဲ႕ေတာင္မတူေတာ့ဘူး။အခုကိုဗစ္ကာလမွာဆို အိမ္ထဲမွာပဲေနရတယ္ အဲ့လိုေနတဲ့အခါမွာ တစ္ေယာက္နဲ႕တစ္ေယာက္ မႀကိဳက္တာေတြကို ပိုျမင္လာတယ္ ဒီအခ်ိန္မွာတစ္ေယာက္နဲ႕ တစ္ေယာက္ ျပင္ေပးတာေတြမလုပ္ဘူး။

ဆိုရင္ အၿမဲတမ္းရန္ျဖစ္ေနရမွာေပါ့ သူေရာကိုယ္ပါျပဳျပင္တဲ့အခါၾကေတာ့ ပိုၿပီး စည္းစည္းလုံးလုံးျဖစ္သြားတာေပါ့ ” လို႔ ေျပာျပခဲ့တာျဖစ္ပါတယ္။ပိုးအိအိခန႔္ကေတာ့ သူမရဲ႕အိမ္ေထာင္ေရးကို ေသခ်ာျပဳျပင္ခဲ့ရပုံကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ အဆုံးထိဖတ္ရႈေပးၾကလို႔ေက်းဇူးတင္ပါတယ္ေနာ္

ယူနီကုဒ် ဖြင့် ဖတ်ရန်

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူနဲ့အတူ နှစ်ယောက်တစ်ဘဝတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ သူမတို့နှစ်ဦးက ချစ်စရာကောင်းတဲ့ သားသားလေး သဲကိုးကိုလည်း မွေးဖွားထားတာပဲ ဖြစ်ပါတယ်။

ယခုဆိုရင် သားသားလေး သဲကိုးက ၁နှစ်ကျော် အရွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။ယခုရက်ပိုင်း အင်တာဗျူးတစ်ခုမှာတော့ ပိုးအိအိခန့်ကအိမ်ထောင်ရေးက ကံစမ်းမဲ နှိုက်လိုက်သလိုပါပဲလို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။ပိုးအိအိခန့်က ” ကိုအောင်သူနဲ့က အိမ်ထောင်စကျခါစကထက် အများကြီး။

ပိုအဆင်ပြေလာတယ် ကိုယ့်ကိုချစ်တယ်လို့ ခံစားလာရတယ် မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံက ကံစမ်းမဲနှိုက်ရသလိုပဲ သူနဲ့ကိုယ်နဲ့က သမီးရည်းစားဘဝတုန်းကလည်း တူတူမနေဖူးဘူး သူ့အကျင့်စရိုက်အကုန်လုံးကို ကိုယ်ကမသိဘူး ကိုယ့်အကျင့်စရိုက်အကုန်လုံးလည်း သူကမသိဘူး ကိုယ်က ကံစမ်းမဲနှိုက်

လိုက်သလိုပဲ ရွေးချယ်ရတာပေါ့နော်။ဒါပေမယ့် ပိုးအိကအရမ်းရွေးချယ်မှုမှန်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ယောကျာ်းတစ်ယောက်ကိုယ့်ကို ချစ်တယ်မချစ်ဘူးဆိုတာ စိန်ရွှေရတနာတွေ ဝယ်ပေးနေတာလည်းမဆိုင်ဘူးအိမ်အကောင်းစား ကားအကောင်းစားဝယ်ပေးတာနဲ့လည်းမဆိုင်ဘူး။အဓိကက ဘာလဲဆိုတော့

ကိုယ်ပြောတဲ့စကားကို အလေးအနက်ထားလား ကိုယ်ပြောတဲ့စကားကို အလေးအနက်ထားပြီး ပြုပြင်လားဆိုတာ အများကြီးသက်ဆိုင်တယ်ပေါ့ အခုဆို ကိုအောင်သူနဲ့ အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သူမကြိုက်တဲ့အကျင့်တွေ ကိုယ်မကြိုက်တဲ့အကျင့်တွေ ရှိတယ် အဲ့လိုမျိုးဆို ကိုအောင်သူက

ပြောပြလိုက်ရင် အလေးအနက်ထားပြီး လိုက်ပြုပြင်ပေးတယ် စစချင်းကိုယ်ယူလိုက်တဲ့ ကိုအောင်သူနဲ့တောင်မတူတော့ဘူး။အခုကိုဗစ်ကာလမှာဆို အိမ်ထဲမှာပဲနေရတယ် အဲ့လိုနေတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တာတွေကို ပိုမြင်လာတယ် ဒီအချိန်မှာတစ်ယောက်နဲ့ တစ်ယောက် ပြင်ပေးတာတွေမလုပ်ဘူး

ဆိုရင် အမြဲတမ်းရန်ဖြစ်နေရမှာပေါ့ သူရောကိုယ်ပါပြုပြင်တဲ့အခါကြတော့ ပိုပြီး စည်းစည်းလုံးလုံးဖြစ်သွားတာပေါ့ ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။ပိုးအိအိခန့်ကတော့ သူမရဲ့အိမ်ထောင်ရေးကို သေချာပြုပြင်ခဲ့ရပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်