သမီးႀကီးျဖဴျဖဴစင္စင္လင္း ရွိတဲ့ ႐ြာေလးကိုသြားေရာက္ၿပီး သားအဖႏွစ္ေယာက္ အလႉေလးအတူတူ ျပဳလုပ္ခဲ့တဲ့ ထူးအယ္လင္း

ဂီတေလာကမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈေတြနဲ႕ အတူ အေကာင္းဆုံးေလွ်ာက္လွမ္းလာခဲ့တဲ့ သူကေတာ့ အဆိုေတာ္ ထူးအယ္လင္း ပဲျဖစ္ပါတယ္။ အသံပါဝါေကာင္းေကာင္းနဲ႕ ပရိသတ္ေတြရင္ထဲကိုထိမွန္ေအာင္ သီဆိုနိုင္တဲ့ အဆိုေတာ္တစ္ေယာက္ဆိုရင္လည္း

မမွားေလာက္ပါဘူးေနာ္။ လက္ရွိမွာလည္း အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနၿပီး ေတးသီခ်င္းသစ္ေတြကိုလည္း ဖန္တီးေနတာကို ေတြ႕ရပါတယ္။ဒါ့အျပင္ လတ္တေလာ ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားေနတဲ့ အခ်ိန္ေလးမွာေတာ့ ထူးအယ္လင္း က သူငယ္ခ်င္းေတြနဲ႕

အတူ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနတာျဖစ္ပါတယ္။ ဘယ္ေနရာေဒသမဆို လိုအပ္ေနတဲ့သူေတြအတြက္ ေငြေၾကးအျပင္ အေျခခံစားေသာက္ကုန္ေတြကို ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးေနတဲ့ ေလးစားစရာ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ယခုမွာေတာ့

ထူးအယ္လင္းက ပရိသတ္ေတြၾကည္ႏူးပီတိ ျဖစ္ေစမယ့္ အလႉပုံရိပ္ေလးေတြကို တင္ေပးလာခဲ့ပါတယ္။ဒီအလႉေလးကေတာ့ ထူးအယ္လင္းက သမီးႀကီး ျဖဴျဖဴစင္စင္လင္းရွိတဲ့ ႐ြာေလးမွာ အေျခခံစားေသာက္ကုန္ေတြနဲ႕ သြားေရာက္ၿပီး ေဒသခံေတြကို လႉဒါန္းေပးခဲ့တာ

ျဖစ္ပါတယ္။ သားအဖႏွစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္စရာအၿပဳံးေလးေတြနဲ႕ အလႉေလးလုပ္ေနတဲ့ ပုံေလးေတြကေတာ့ ၾကည္ႏူးစရာေကာင္းေလာက္ပါတယ္။ ကဲ…ပရိသတ္ႀကီးေရ မြန္ျမတ္တဲ့ အလႉေလးေတြျပဳလုပ္ခဲ့တဲ့ ထူးအယ္လင္းတို႔ သားအဖႏွစ္ေယာက္ကို ဆုမြန္ေကာင္းေလးေတာင္းေပးလိုက္ပါဦးေနာ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ဂီတလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ အတူ အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူကတော့ အဆိုတော် ထူးအယ်လင်း ပဲဖြစ်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရင်ထဲကိုထိမှန်အောင် သီဆိုနိုင်တဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်း

မမှားလောက်ပါဘူးနော်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး တေးသီချင်းသစ်တွေကိုလည်း ဖန်တီးနေတာကို တွေ့ရပါတယ်။ဒါ့အပြင် လတ်တလော ကိုဗစ်ရောဂါကူးစက်ပြန့်ပွားနေတဲ့ အချိန်လေးမှာတော့ ထူးအယ်လင်း က သူငယ်ချင်းတွေနဲ့

အတူ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဘယ်နေရာဒေသမဆို လိုအပ်နေတဲ့သူတွေအတွက် ငွေကြေးအပြင် အခြေခံစားသောက်ကုန်တွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့

ထူးအယ်လင်းက ပရိသတ်တွေကြည်နူးပီတိ ဖြစ်စေမယ့် အလှူပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီအလှူလေးကတော့ ထူးအယ်လင်းက သမီးကြီး ဖြူဖြူစင်စင်လင်းရှိတဲ့ ရွာလေးမှာ အခြေခံစားသောက်ကုန်တွေနဲ့ သွားရောက်ပြီး ဒေသခံတွေကို လှူဒါန်းပေးခဲ့တာ

ဖြစ်ပါတယ်။ သားအဖနှစ်ယောက်ရဲ့ ပျော်ရွှင်စရာအပြုံးလေးတွေနဲ့ အလှူလေးလုပ်နေတဲ့ ပုံလေးတွေကတော့ ကြည်နူးစရာကောင်းလောက်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ မွန်မြတ်တဲ့ အလှူလေးတွေပြုလုပ်ခဲ့တဲ့ ထူးအယ်လင်းတို့ သားအဖနှစ်ယောက်ကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်။