ပိုက္ဆံရွိ အမ်ိဳးသမီးတစ္ေယာက္က လက္ထပ္ခြင့္လာေတာင္းတာေၾကာင့္ ေဒါသထြက္ခဲ့ရတယ္ဆိုတဲ့ ရဲတိုက္ (႐ုပ္သံ)

အောက်ဆုံးတွင် ရဲတိုက် အင်တာဗျူး ဗီဒီယိုပါသည်။

ျပည္သူ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္ရဲတိုက္ကေတာ့ သူ႕ရဲ႕ပီျပင္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႕အတူ ပရိသတ္ရဲ႕ ခ်စ္ခင္ေလးစားမႈကို ႏွစ္ေပါင္းမ်ားစြာ လက္ခံရရွိထားသူတစ္ဦးပဲ ျဖစ္ပါတယ္။ ရဲတိုက္အေနနဲ႕ ပရိသတ္ေရွ႕ေမွာက္ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ႐ုပ္ရွင္ကားႀကီးေတြ ျပန္လည္ရိုက္ကူးလာခဲ့ေသာ္လည္း စိတ္က်န္းမာေရးအရေသာ္လည္းေကာင္း ႐ုပ္က်န္းမာေရးအရေသာ္လည္းေကာင္း ေဆးကုသခံခဲ့ရတဲ့

အေနအထားတစ္ခု ျဖစ္တယ္လို႔လည္း သိရွိရပါတယ္။ဒီဗီဒီယိုေလးမွာေတာ့ ရဲတိုက္တစ္ေယာက္ သူ႕ရဲ႕အခ်စ္ေရးအခ်စ္ရာ အျဖာျဖာကို မွ်ေဝေပးခဲ့တာျဖစ္ၿပီး တေလာဆီကပဲ သူ႕ရဲ႕ ဇာတိေျမမွ အမ်ိဳးသမီးတစ္ေယာက္က သူ႕ကို လက္ထပ္ခြင့္ခံေတာင္းလာတဲ့အတြက္ စိတ္ထဲအနည္းငယ္ တင္းခဲ့မိတဲ့အေၾကာင္း ရင္ဖြင့္ေျပာဆိုလာခဲ့တာပဲ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ရဲတိုက္ဆိုသည္မွာ အထဲမေရာက္ရွိခင္ ကာလတည္းက ခ်စ္သူ

ရည္းစားမရွိလွ်င္ မေနနိုင္သူ တစ္ေယာက္ျဖစ္ၿပီး သူရဲ႕ပုဂၢိဳလ္ေရး ေပ်ာ္႐ႊင္မႈအတြက္ ရည္းစားေတြထည္လဲတြဲေနမွ ဘဝမွာေနေပ်ာ္တာျဖစ္တယ္လို႔ ရဲတိုက္က ရယ္ရယ္ေမာေမာ ရင္ဖြင့္ေျပာၾကားခဲ့ပါတယ္။ “အ႐ြယ္ေရာက္ပါၿပီဆိုတည္းက ကြၽန္ေတာ့္မွာ ခ်စ္သူရည္းစားျပတ္လတ္တယ္လို႔ကို မရွိဘူး… မရွိပဲ ကြၽန္ေတာ္မေနတတ္ဘူး… ခ်စ္သူရည္းစားေတြနဲ႕ အၿမဲတမ္း ေပ်ာ္ေပ်ာ္ပါးပါး အီစီကလီေလးလုပ္ၿပီးေတာ့

ဟိုသြားဒီသြား ဟိုလည္ဒီလည္ ဟိုပတ္ဒီပတ္ အဲ့လိုမ်ိဳး သာသာယာယာေနရမွသာ အလုပ္လုပ္ရတာ ေပ်ာ္လာၿပီးေတာ့ အားရွိတာ… ေနာက္ၿပီး ကိုယ္က ဒီ relationship ထဲမွာ ေနရတာကို ေနာက္တစ္ခု ဘာႀကိဳက္တာလည္းဆိုေတာ့ အခ်စ္စိတ္တဖြားဖြားေပၚတယ္ေပါ့ေနာ္… အခ်စ္စိတ္ဆိုတာမ်ိဳးက ခ်စ္သူရွိမွလည္း ေပၚတာ”အခ်စ္စိတ္ဆိုတာမ်ိဳးက ပရိသတ္ကိုခ်စ္တဲ့စိတ္၊ ေလာကႀကီးကိုခ်စ္တဲ့စိတ္၊ ကိုယ့္ကိုယ္ကို

ခ်စ္တဲ့စိတ္၊ ကိုယ့္ပတ္ဝန္းက်င္ကို ခ်စ္တဲ့စိတ္ အစရွိသျဖင့္ အျခားအရာေတြကို ခ်စ္တဲ့စိတ္ေတြကေတာ့ အၿမဲတမ္းရွိေနခဲ့ေသာ္လည္း ခ်စ္သူရည္းစားမိန္းကေလးကို ခ်စ္တဲ့စိတ္ကေတာ့ အျခားအခ်စ္စိတ္ပုံစံမ်ိဳးနဲ႕ အနည္းငယ္ကြာျခားတယ္လို႔ ရဲတိုက္က ေျပာျပပါတယ္။“ကိုယ့္ခ်စ္သူကို ခ်စ္တဲ့စိတ္က ၁၅၀၀ လို႔ေတာင္ ေျပာၾကတာကိုး… ၁၅၀၀ အခ်စ္ေမတၱာကို ကြၽန္ေတာ့္ခႏၶာကိုယ္ထဲကေန လႊင့္ထုတ္ေနရမွသာ ပီျပင္တဲ့

အၿပဳံးကို ၿပဳံးနိုင္တာ”ယခင္ကာလေတြတုန္းကဆို ရဲတိုက္ရဲ႕ပတ္ဝန္းက်င္မွာ ရွိတဲ့ မိတ္ေဆြ၊ အေပါင္းအသင္း၊ သူငယ္ခ်င္းအမ်ားစုက ရဲတိုက္ကို ရည္းစားထားေစခ်င္ၾကတယ္လို႔ ရဲတိုက္က ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။အေၾကာင္းကေတာ့ ရဲတိုက္အေနနဲ႕ ရည္းစားရွိမွသာ ရည္းစားျဖစ္သူကို ေခၚလာၿပီးအေပါင္းအသင္းေတြနဲ႕ အတူသြားအတူလာ ေပ်ာ္ေပ်ာ္ပါးပါး စားေသာက္ေတြ႕ဆုံတတ္တဲ့အတြက္

ျဖစ္ပါတယ္။ ရဲတိုက္အေနနဲ႕ ခ်စ္သူရည္းစားမရွိပဲ တစ္ေယာက္တည္းေနတတ္တဲ့ အခ်ိန္မ်ိဳးေတြမွာဆို အထီးက်န္ေနတတ္ၿပီး အေပါင္းအသင္းေတြနဲ႕ သက္သက္အခ်ိန္ျဖဳန္းတာမ်ိဳး ျပဳလုပ္ေလ့မရွိခဲ့ဘူးလို႔ ရဲတိုက္က ဆိုပါတယ္။ကံေကာင္းတာလား၊ ကံဆိုးတာလားေတာ့ မခြဲျခားတတ္ေပမယ့္ အထဲမွ ျပန္ထြက္လာခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ရဲတိုက္အေနနဲ႕ ရည္းစားတစ္ေယာက္သာ ရရွိခဲ့ေသာ္လည္း အခ်ိန္တိုအတြင္းမွာပဲ

သူတို႔ႏွစ္ဦးရဲ႕ဆက္ဆံေရး အဆုံးသတ္သြားခဲ့တယ္လို႔ ရဲတိုက္က ရင္ဖြင့္ပါတယ္။ ” ဒါကလည္း ကြၽန္ေတာ့္ဘက္က ခ်ိဳ႕ယြင္းခ်က္ေၾကာင့္လို႔ပဲ ထင္ပါတယ္… တစ္ဖက္သားမွာေတာ့ ခ်ိဳ႕ယြင္းခ်က္ရွိပုံ မရပါဘူး… ကြၽန္ေတာ္အရငိတုန္းကေတာ့ relationship တစ္ခုကို handle လုပ္နိုင္တယ္… ကိုယ့္ေကာင္မေလးကို ေပ်ာ္ေအာင္ထားနိုင္တယ္… အခုေနာက္ပိုင္းေတာ့ ကြၽန္ေတာ့္ေကာင္မေလးခမ်ာ မေပ်ာ္ရရွာဘူး… ကြၽန္ေတာ္နဲ႕

ပတ္သတ္ၿပီး သူစိတ္ညစ္ရတာေတြ ျဖစ္လာတဲ့အခါမွာ ကြၽန္ေတာ္က မလိုလားဘူးေပါ့… ကိုယ့္ေၾကာင့္ လူတစ္ဦးတစ္ေယာက္ စိတ္ဆင္းရဲရမွာကို မလိုလားတဲ့လူတစ္ေယာက္ဆိုေတာ့ ကိုယ္သိပ္ခ်စ္ရတဲ့ခ်စ္သူခံစားေနရတာကို မျမင္ရက္တဲ့အတြက္ relationship ကို အဆုံးသတ္လိုက္ရတာေပါ့”ရဲတိုက္က သူအထဲမေရာက္ခင္တုန္းက ရည္းစားေတြနဲ႕ အၿမဲမျပတ္မလတ္ေနခဲ့ရေလာက္ေအာင္ ကံေကာင္းခဲ့ပုံကို အခုလိုပဲ

ရွင္းျပပါတယ္။ “ကြၽန္ေတာ္က ကံေကာင္းတယ္… ဟိုးငယါငယ္ေလး ေက်ာင္းသားဘဝတည္းက ကြၽန္ေတာ္က လိုက္ရတယ္ဆိုတာ ရွားတယ္… ဒါေပမယ့္ ေရလာေျမာင္းေပးလုပ္တာက ကြၽန္ေတာ္… ေရစီးတာက သူတို႔… ကြၽန္ေတာ္ႀကိဳက္တဲ့ ေကာင္မေလးကို ေတြ႕ၿပီဆိုရင္ ခ်စ္တဲ့ႀကိဳက္တဲ့အေၾကာင္းကို body language နဲ႕ျပတယ္… သြယ္ဝိုက္တဲ့နည္းနဲ႕ ျပတယ္… ကြၽန္ေတာ့္ရဲ႕ အာသီသကိုက ကိုယ္ခ်စ္တဲ့သူကို

ခ်က္ခ်င္းလက္ငင္း ရသြားမွာကို မႀကိဳက္ဘူး… ဘာလို႔လည္းဆိုေတာ့ သူ႕ကိုပိုပန္းရတဲ့ကာလကို လိုခ်င္တယ္… အနည္းဆုံးေတာ့ ေျခာက္လေလာက္ လိုခ်င္တယ္ဗ်ာ… မ်ားေသာအားျဖင့္လည္း ကြၽန္ေတာ္ႀကိဳက္တဲ့ ေကာင္မေလးေတြက ကြၽန္ေတာ္နဲ႕ဆက္စပ္မႈ ရွိလာၿပီဆိုရင္ သူတို႔ကလည္း ကြၽန္ေတာ့္ကို ျပန္ၿပီးေတာ့စိတ္ဝင္စားတယ္… ကြၽန္ေတာ္ႀကိဳက္ေနၿပီဆိုတာကို သူတို႔သိတာနဲ႕ တစ္ၿပိဳက္နက္ သူတို႔လည္း ရည္းစားမရွိဘူး

ဆိုရင္ ကြၽန္ေတာ္နဲ႕ နီးစပ္လာတတ္တယ္… အဲ့က်ရင္ ကြၽန္ေတာ္က ဘာမွလုပ္စရာမလိုဘူး… ေယာက်္ားေလးပီပီ ပဲေလးမ်ားၿပီးေတာ့ ေရလာေျမာင္းေပးလုပ္လိုက္႐ုံပဲ… သူတို႔က ကြၽန္ေတာ့္ကို ခ်စ္စကားေျပာတယ္ ကြၽန္ေတာ္အေျဖေပးလိုက္တယ္ ဒါပဲ” စသည္ျဖင့္ ရဲတိုက္က ရယ္ရယ္ေမာေမာနဲ႕ အ႐ႊန္းေဖာက္ကာ ေျပာျပေပးခဲ့ပါတယ္။ရဲတိုက္ဟာဆိုရင္ လက္ရွိအခ်ိန္မွာ ရန္ကုန္မွာ တစ္ေယာက္တည္းေနထိုင္ေနတာျဖစ္ၿပီး

ဖခင္ျဖစ္သူဟာဆိုရင္ ရဲတိုက္ကို အသက္အ႐ြယ္အရ ရင့္က်က္မႈရွိၿပီလို႔ ယူဆတဲ့အတြက္ ဇာတိေမြးရပ္ေျမေတာင္ႀကီးၿမိဳ႕မွာ ျပန္လည္ေနထိုင္ေနၿပီပဲ ျဖစ္ပါတယ္။ အခုတေလာ ပ်ံ့ႏွံ႕ေနတဲ့ ရဲတိုက္ကို အမ်ိဳးသမီးတစ္ဦးက လက္ထပ္ခြင့္ေတာင္းခံလာတယ္ဆိုတဲ့ သတင္းမွာ အမွန္ျဖစ္ၿပီး ေတာင္ေပၚေဒသေန ေဆြမ်ိဳးနီးစပ္ထဲမွ လူခ်မ္းသာအမ်ိဳးသမီးတစ္ေယာက္ ျဖစ္တယ္လို႔ ရဲတိုက္က အတည္ျပဳေျပာၾကားလိုက္ပါတယ္။

အဆိုပါအမ်ိဳးသမီးမွာ ရဲတိုက္ထက္ အသက္အ႐ြယ္ႀကီးရင့္သူ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူထံမွတစ္ဆင့္ ရဲတိုက္ထံသို႔ လက္ထပ္ခြင့္ေတာင္းခံလာျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ရဲတိုက္အေနနဲ႕ ထိုအမ်ိဳးသမီးကို စိတ္ဝင္စားျခင္းမရွိပဲ ရိုင္းရိုင္းစိုင္းစိုင္း မတုံ႕ျပန္လိုတဲ့အတြက္ ဒီအင္တာဗ်ဴးကေနပဲ အတိအလင္း ျငင္းဆိုလိုက္တယ္လို႔ ရဲတိုက္ဘက္က ျပတ္ျပတ္သားသား ေျပာလိုက္ပါတယ္။ “ဒီကိစၥနဲ႕ ပတ္သတ္ၿပီး ကြၽန္ေတာ္က

လက္ မခံနိုင္ပါဘူး… ဘာျဖစ္လို႔လဲဆိုေတာ့ အမ်ိဳးသားတစ္ေယာက္ကို အမ်ိဳးသမီးတစ္ေယာက္က အိမ္ေထာင္ျပဳခ်င္တဲ့ကိစၥဟာ အဲ့ဒီလိုမ်ိဳးပုံသဏၭာန္နဲ႕ ျဖစ္ေျမာက္သြားလို႔ မရဘူးလို႔ ကြၽန္ေတာ္ယူဆတယ္… ကြၽန္ေတာ္က ေတာင္းတယ္ဆိုရင္သာ အမ်ိဳးသမီးက လက္ခံဖို႔ရွိတာ… သူ႕ဟာသးဘယ္ေလာက္တင္ေတာင္းတင္ေတာင္း အမ်ိဳးသမီးကို ကြၽန္ေတာ္ႀကိဳက္အုံးမွ ျဖစ္တာ…ကြၽန္ေတာ္က တင္ေတာင္းထားတဲ့ ပိုက္ဆံေတြကို

ႀကိဳက္လို႔ဆိုၿပီး အဲ့ဒီအမ်ိဳးသမီးကို ယူလိုက္လို႔ မျဖစ္ဘူးေလ… နည္းနည္းေတာ့ တင္းတယ္… ကြၽန္ေတာ္က အဲ့လိုဟာမ်ိဳးကို ရိုင္းရိုင္းစိုင္းစိုင္းလည္း မတုံ႕ျပန္ခ်င္ဘူးေလလိုလိုလားလားလည္း လက္မခံနိုင္ဘူး… အဲ့ေတာ့ကြၽန္ေတာ္ ဒီတိုင္းထားထားတာ… အေဖတစ္ဆင့္ လာတာ… အခုေတာ့ ဒီအင္တာဗ်ဴးကေနတစ္ဆင့္ ဒီကိစၥက အဆုံးသတ္ပါၿပီ… ဒီလိုပုံစံမ်ိဳးနဲ႕ေတာ့ ဘယ္လိုမွ လက္မခံနိုင္ပါဘူး”ပရ္သတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္

ရဲတိုက္တစ္ေယာက္ ယခင္အင္တာဗ်ဴးတစ္ခုမွာ “ကြၽန္ေတာ့္ကို လိုခ်င္ရင္ လာေတာင္းနိုင္ပါတယ္” လို႔ စေနာက္ေျဖၾကားထားရာမွ ယခုဆိုရင္ အမွန္အကန္လာေတာင္းသူ ေပၚေပါက္လာတဲ့အတြက္ အခက္ေတြ႕ေနရတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ရဲတိုက္ရဲ႕ အခုလိုေျဖၾကားခ်က္မ်ားအေပၚ ပရိသတ္ႀကီးတို႔ရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ေျပာျပသြားၾကဦးေနာ္။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ပြည်သူ့အချစ်တော် သရုပ်ဆောင်ရဲတိုက်ကတော့ သူ့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်ရဲ့ ချစ်ခင်လေးစားမှုကို နှစ်ပေါင်းများစွာ လက်ခံရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ရဲတိုက်အနေနဲ့ ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာခဲ့ပြီး ရုပ်ရှင်ကားကြီးတွေ ပြန်လည်ရိုက်ကူးလာခဲ့သော်လည်း စိတ်ကျန်းမာရေးအရသော်လည်းကောင်း ရုပ်ကျန်းမာရေးအရသော်လည်းကောင်း ဆေးကုသခံခဲ့ရတဲ့

အနေအထားတစ်ခု ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ဒီဗီဒီယိုလေးမှာတော့ ရဲတိုက်တစ်ယောက် သူ့ရဲ့အချစ်ရေးအချစ်ရာ အဖြာဖြာကို မျှဝေပေးခဲ့တာဖြစ်ပြီး တလောဆီကပဲ သူ့ရဲ့ ဇာတိမြေမှ အမျိုးသမီးတစ်ယောက်က သူ့ကို လက်ထပ်ခွင့်ခံတောင်းလာတဲ့အတွက် စိတ်ထဲအနည်းငယ် တင်းခဲ့မိတဲ့အကြောင်း ရင်ဖွင့်ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်ရဲတိုက်ဆိုသည်မှာ အထဲမရောက်ရှိခင် ကာလတည်းက ချစ်သူ

ရည်းစားမရှိလျှင် မနေနိုင်သူ တစ်ယောက်ဖြစ်ပြီး သူရဲ့ပုဂ္ဂိုလ်ရေး ပျော်ရွှင်မှုအတွက် ရည်းစားတွေထည်လဲတွဲနေမှ ဘဝမှာနေပျော်တာဖြစ်တယ်လို့ ရဲတိုက်က ရယ်ရယ်မောမော ရင်ဖွင့်ပြောကြားခဲ့ပါတယ်။ “အရွယ်ရောက်ပါပြီဆိုတည်းက ကျွန်တော့်မှာ ချစ်သူရည်းစားပြတ်လတ်တယ်လို့ကို မရှိဘူး… မရှိပဲ ကျွန်တော်မနေတတ်ဘူး… ချစ်သူရည်းစားတွေနဲ့ အမြဲတမ်း ပျော်ပျော်ပါးပါး အီစီကလီလေးလုပ်ပြီးတော့

ဟိုသွားဒီသွား ဟိုလည်ဒီလည် ဟိုပတ်ဒီပတ် အဲ့လိုမျိုး သာသာယာယာနေရမှသာ အလုပ်လုပ်ရတာ ပျော်လာပြီးတော့ အားရှိတာ… နောက်ပြီး ကိုယ်က ဒီ relationship ထဲမှာ နေရတာကို နောက်တစ်ခု ဘာကြိုက်တာလည်းဆိုတော့ အချစ်စိတ်တဖွားဖွားပေါ်တယ်ပေါ့နော်… အချစ်စိတ်ဆိုတာမျိုးက ချစ်သူရှိမှလည်း ပေါ်တာ”အချစ်စိတ်ဆိုတာမျိုးက ပရိသတ်ကိုချစ်တဲ့စိတ်၊ လောကကြီးကိုချစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို

ချစ်တဲ့စိတ်၊ ကိုယ့်ပတ်ဝန်းကျင်ကို ချစ်တဲ့စိတ် အစရှိသဖြင့် အခြားအရာတွေကို ချစ်တဲ့စိတ်တွေကတော့ အမြဲတမ်းရှိနေခဲ့သော်လည်း ချစ်သူရည်းစားမိန်းကလေးကို ချစ်တဲ့စိတ်ကတော့ အခြားအချစ်စိတ်ပုံစံမျိုးနဲ့ အနည်းငယ်ကွာခြားတယ်လို့ ရဲတိုက်က ပြောပြပါတယ်။“ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်က ၁၅၀၀ လို့တောင် ပြောကြတာကိုး… ၁၅၀၀ အချစ်မေတ္တာကို ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ လွှင့်ထုတ်နေရမှသာ ပီပြင်တဲ့

အပြုံးကို ပြုံးနိုင်တာ”ယခင်ကာလတွေတုန်းကဆို ရဲတိုက်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းအများစုက ရဲတိုက်ကို ရည်းစားထားစေချင်ကြတယ်လို့ ရဲတိုက်က ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။အကြောင်းကတော့ ရဲတိုက်အနေနဲ့ ရည်းစားရှိမှသာ ရည်းစားဖြစ်သူကို ခေါ်လာပြီးအပေါင်းအသင်းတွေနဲ့ အတူသွားအတူလာ ပျော်ပျော်ပါးပါး စားသောက်တွေ့ဆုံတတ်တဲ့အတွက်

ဖြစ်ပါတယ်။ ရဲတိုက်အနေနဲ့ ချစ်သူရည်းစားမရှိပဲ တစ်ယောက်တည်းနေတတ်တဲ့ အချိန်မျိုးတွေမှာဆို အထီးကျန်နေတတ်ပြီး အပေါင်းအသင်းတွေနဲ့ သက်သက်အချိန်ဖြုန်းတာမျိုး ပြုလုပ်လေ့မရှိခဲ့ဘူးလို့ ရဲတိုက်က ဆိုပါတယ်။ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မခွဲခြားတတ်ပေမယ့် အထဲမှ ပြန်ထွက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ရဲတိုက်အနေနဲ့ ရည်းစားတစ်ယောက်သာ ရရှိခဲ့သော်လည်း အချိန်တိုအတွင်းမှာပဲ

သူတို့နှစ်ဦးရဲ့ဆက်ဆံရေး အဆုံးသတ်သွားခဲ့တယ်လို့ ရဲတိုက်က ရင်ဖွင့်ပါတယ်။ ” ဒါကလည်း ကျွန်တော့်ဘက်က ချို့ယွင်းချက်ကြောင့်လို့ပဲ ထင်ပါတယ်… တစ်ဖက်သားမှာတော့ ချို့ယွင်းချက်ရှိပုံ မရပါဘူး… ကျွန်တော်အရငိတုန်းကတော့ relationship တစ်ခုကို handle လုပ်နိုင်တယ်… ကိုယ့်ကောင်မလေးကို ပျော်အောင်ထားနိုင်တယ်… အခုနောက်ပိုင်းတော့ ကျွန်တော့်ကောင်မလေးခမျာ မပျော်ရရှာဘူး… ကျွန်တော်နဲ့

ပတ်သတ်ပြီး သူစိတ်ညစ်ရတာတွေ ဖြစ်လာတဲ့အခါမှာ ကျွန်တော်က မလိုလားဘူးပေါ့… ကိုယ့်ကြောင့် လူတစ်ဦးတစ်ယောက် စိတ်ဆင်းရဲရမှာကို မလိုလားတဲ့လူတစ်ယောက်ဆိုတော့ ကိုယ်သိပ်ချစ်ရတဲ့ချစ်သူခံစားနေရတာကို မမြင်ရက်တဲ့အတွက် relationship ကို အဆုံးသတ်လိုက်ရတာပေါ့”ရဲတိုက်က သူအထဲမရောက်ခင်တုန်းက ရည်းစားတွေနဲ့ အမြဲမပြတ်မလတ်နေခဲ့ရလောက်အောင် ကံကောင်းခဲ့ပုံကို အခုလိုပဲ

ရှင်းပြပါတယ်။ “ကျွန်တော်က ကံကောင်းတယ်… ဟိုးငယါငယ်လေး ကျောင်းသားဘဝတည်းက ကျွန်တော်က လိုက်ရတယ်ဆိုတာ ရှားတယ်… ဒါပေမယ့် ရေလာမြောင်းပေးလုပ်တာက ကျွန်တော်… ရေစီးတာက သူတို့… ကျွန်တော်ကြိုက်တဲ့ ကောင်မလေးကို တွေ့ပြီဆိုရင် ချစ်တဲ့ကြိုက်တဲ့အကြောင်းကို body language နဲ့ပြတယ်… သွယ်ဝိုက်တဲ့နည်းနဲ့ ပြတယ်… ကျွန်တော့်ရဲ့ အာသီသကိုက ကိုယ်ချစ်တဲ့သူကို

ချက်ချင်းလက်ငင်း ရသွားမှာကို မကြိုက်ဘူး… ဘာလို့လည်းဆိုတော့ သူ့ကိုပိုပန်းရတဲ့ကာလကို လိုချင်တယ်… အနည်းဆုံးတော့ ခြောက်လလောက် လိုချင်တယ်ဗျာ… များသောအားဖြင့်လည်း ကျွန်တော်ကြိုက်တဲ့ ကောင်မလေးတွေက ကျွန်တော်နဲ့ဆက်စပ်မှု ရှိလာပြီဆိုရင် သူတို့ကလည်း ကျွန်တော့်ကို ပြန်ပြီးတော့စိတ်ဝင်စားတယ်… ကျွန်တော်ကြိုက်နေပြီဆိုတာကို သူတို့သိတာနဲ့ တစ်ပြိုက်နက် သူတို့လည်း ရည်းစားမရှိဘူး

ဆိုရင် ကျွန်တော်နဲ့ နီးစပ်လာတတ်တယ်… အဲ့ကျရင် ကျွန်တော်က ဘာမှလုပ်စရာမလိုဘူး… ယောကျ်ားလေးပီပီ ပဲလေးများပြီးတော့ ရေလာမြောင်းပေးလုပ်လိုက်ရုံပဲ… သူတို့က ကျွန်တော့်ကို ချစ်စကားပြောတယ် ကျွန်တော်အဖြေပေးလိုက်တယ် ဒါပဲ” စသည်ဖြင့် ရဲတိုက်က ရယ်ရယ်မောမောနဲ့ အရွှန်းဖောက်ကာ ပြောပြပေးခဲ့ပါတယ်။ရဲတိုက်ဟာဆိုရင် လက်ရှိအချိန်မှာ ရန်ကုန်မှာ တစ်ယောက်တည်းနေထိုင်နေတာဖြစ်ပြီး

ဖခင်ဖြစ်သူဟာဆိုရင် ရဲတိုက်ကို အသက်အရွယ်အရ ရင့်ကျက်မှုရှိပြီလို့ ယူဆတဲ့အတွက် ဇာတိမွေးရပ်မြေတောင်ကြီးမြို့မှာ ပြန်လည်နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ အခုတလော ပျံ့နှံ့နေတဲ့ ရဲတိုက်ကို အမျိုးသမီးတစ်ဦးက လက်ထပ်ခွင့်တောင်းခံလာတယ်ဆိုတဲ့ သတင်းမှာ အမှန်ဖြစ်ပြီး တောင်ပေါ်ဒေသနေ ဆွေမျိုးနီးစပ်ထဲမှ လူချမ်းသာအမျိုးသမီးတစ်ယောက် ဖြစ်တယ်လို့ ရဲတိုက်က အတည်ပြုပြောကြားလိုက်ပါတယ်။

အဆိုပါအမျိုးသမီးမှာ ရဲတိုက်ထက် အသက်အရွယ်ကြီးရင့်သူ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူထံမှတစ်ဆင့် ရဲတိုက်ထံသို့ လက်ထပ်ခွင့်တောင်းခံလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ရဲတိုက်အနေနဲ့ ထိုအမျိုးသမီးကို စိတ်ဝင်စားခြင်းမရှိပဲ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်လိုတဲ့အတွက် ဒီအင်တာဗျူးကနေပဲ အတိအလင်း ငြင်းဆိုလိုက်တယ်လို့ ရဲတိုက်ဘက်က ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ “ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်က

လက် မခံနိုင်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က အိမ်ထောင်ပြုချင်တဲ့ကိစ္စဟာ အဲ့ဒီလိုမျိုးပုံသဏ္ဌာန်နဲ့ ဖြစ်မြောက်သွားလို့ မရဘူးလို့ ကျွန်တော်ယူဆတယ်… ကျွန်တော်က တောင်းတယ်ဆိုရင်သာ အမျိုးသမီးက လက်ခံဖို့ရှိတာ… သူ့ဟာသးဘယ်လောက်တင်တောင်းတင်တောင်း အမျိုးသမီးကို ကျွန်တော်ကြိုက်အုံးမှ ဖြစ်တာ…ကျွန်တော်က တင်တောင်းထားတဲ့ ပိုက်ဆံတွေကို

ကြိုက်လို့ဆိုပြီး အဲ့ဒီအမျိုးသမီးကို ယူလိုက်လို့ မဖြစ်ဘူးလေ… နည်းနည်းတော့ တင်းတယ်… ကျွန်တော်က အဲ့လိုဟာမျိုးကို ရိုင်းရိုင်းစိုင်းစိုင်းလည်း မတုံ့ပြန်ချင်ဘူးလေလိုလိုလားလားလည်း လက်မခံနိုင်ဘူး… အဲ့တော့ကျွန်တော် ဒီတိုင်းထားထားတာ… အဖေတစ်ဆင့် လာတာ… အခုတော့ ဒီအင်တာဗျူးကနေတစ်ဆင့် ဒီကိစ္စက အဆုံးသတ်ပါပြီ… ဒီလိုပုံစံမျိုးနဲ့တော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး”ပရ်သတ်ကြီးတို့ရေ သရုပ်ဆောင်

ရဲတိုက်တစ်ယောက် ယခင်အင်တာဗျူးတစ်ခုမှာ “ကျွန်တော့်ကို လိုချင်ရင် လာတောင်းနိုင်ပါတယ်” လို့ စနောက်ဖြေကြားထားရာမှ ယခုဆိုရင် အမှန်အကန်လာတောင်းသူ ပေါ်ပေါက်လာတဲ့အတွက် အခက်တွေ့နေရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ အခုလိုဖြေကြားချက်များအပေါ် ပရိသတ်ကြီးတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ပြောပြသွားကြဦးနော်။