တောင်းစားလို့ ရလာတဲ့ စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိ ပြီးပြုံးပျော်နေခဲ့တဲ့ ကောင်လေး
ယူနီကုဒ် ဖြင့် ဖတ်ရန်
ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။လမ်းပေါ်မှာ အဆိုပါကလေးငယ်များစွာကိုနေရာတိုင်းမှာတွေ့နိုင်ပြီး ကလေး အချို့ဟာ သူတို့အားငွေများပေးဖို့အတင်းအကျပ် ဖိအားပေးပြီးလူအများကို
နှောက်ယှက်ခြင်းကြောင့်မောင်းထုတ်ခံနေရတတ်ပါတယ်။လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ??? ????????? ?????? အမည်ရှိတဲ့အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း ???? ???????? ?????? တို့ကတော့ သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်
သွားစေခဲ့တဲ့လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့တွေ့ဆုံခဲ့ကြပါတယ်။သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ ???????? ဆိုတဲ့အသင့်စား အစားအစာဆိုင်မှာရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာကောင်လေးတစ်ယောက် အစားအစာတောင်းစားနေတာကို ခင်ပွန်း ???? ???????? က သတိပြုမိခဲ့ပါတယ်။ ???? ???????? က
အဆိုပါကောင်လေးကိုပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူGeoကို ကောင်လေးအတွက် ???????? အစာဘူးတစ်ခုဝယ်ပေးဖို့ပြောပြီး ကောင်လေးကိုပေးခဲ့ပြီးအဆိုပါကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံကလည်း ကောင်လေးထွက်သွားတာကို အထွေအထူးမတွေးခဲ့ကြပါဘူး။
အဲ့ဒီနောက် ??? နဲ့ ???? ???????? တို့ဟာ အဆိုပါဆိုင်မှအထွက် သူတို့ဆီအစာတောင်းစားခဲ့တဲ့ကောင်လေးကို သူ့ရဲ့ညီမလေးလို့ထင်ရတဲ့ကလေးမလေးတစ်ယောက်နဲ့အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။အဆိုပါကလေးနှစ်ယောက်ဟာ ???????? ဆိုင် ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့
အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကိုမြင်ခဲ့ကြပါတယ်။ ??? က အဆိုပါကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးကသူ့ညီမလေးအား အစာခွံ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှုအပြည့်နဲ့ပီတိအပြုံးပြုံးနေတာကို တွေ့ခဲ့ရပါတယ်။အဆိုပါ ကောင်လေးဟာ
ကိုယ်တိုင်ကငယ်ရွယ်နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့်ရှိနေပြီးသားဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မယ့်လူတွေက အနည်းအကျဉ်းသာရှိနေတတ်ပါတယ်။