အေသးအမႊားကအစ အရာအားလုံးက အေဖနဲ႕ပဲ သက္ဆိုင္တာမလို႔ သူမကို ခ်စ္တယ္ဆိုရင္ အေဖ့ကိုအရင္ သြားေျပာပါလို႔ ေျပာလာတဲ့ သ႐ုပ္ေဆာင္ ယဥ္လတ္(႐ုပ္သံ)

ပရိတ္သတ္ႀကီးေရအလန္းစားခႏၶာကိုယ္အခ်ိဳးအစားကိုပိုင္ဆိုင္ထားၿပီး စကားကိုခ်စ္စရာေကာင္းေအာင္ေျပာတတ္တဲ့အတြက္ ပရိသတ္အားေပးမႈကိုခံထားရတဲ့ ယဥ္လတ္ကေတာ့ အက္ရွင္အခန္းေတြကိုလည္းပိုင္နိုင္တဲ့သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။စကားကိုအၿမဲတမ္းသြက္သြက္လတ္လတ္ေျပာတတ္တဲ့

ယဥ္လတ္ကေတာ့ သူ႕အတြက္အေဖက အေမလိုျဖစ္ေနတာမို႔ ရည္းစားစကားေျပာခ်င္ရင္ အေဖ့ကိုလာေျပာပါလို႔ ?????? ??????? နဲ႕အင္တာဗ်ဴးမွာ ဆိုထားပါတယ္။“သူမ်ားေတြဆို မိန္းကေလးေတြက အေမနဲ႕ေနတာမ်ားတယ္ ယဥ္လတ္ကက်ေတာ့အေမက ငယ္ငယ္ကတည္းကေနမေကာင္းေတာ့ၿပိဳင္ပြဲေတြသြားလည္း

ေဖေဖပဲလိုက္တာ ရႈတင္ေတြသြားလည္းေဖေဖပဲလိုက္တာဆိုေတာ့ အေဖက တစ္ခါတစ္ေလ အေမလိုပဲေပါ့ တစ္ခ်ိဳ႕သားအဖဆက္ဆံေရးနဲ႕ေတာင္မတူဘူးမိန္းကေလးကိစၥေတြေတာင္အေဖကေျဖရွင္းေပးတာ အေဖက အေမျဖစ္ေနတယ္“ငယ္ငယ္ေလးကတည္းက ေမေမတို႔ျပန္ေျပာျပတာေပါ့ ပိစိေလးကတည္းက

ေဖေဖပဲအႏွီးလဲ လုပ္ေပးတာေပါ့ ရႈတင္ေတြဘာေတြမွာ အမ်ိဳးသမီးကိစၥျဖစ္ရင္လည္း ဘယ္သူမွမရွိဘူးေလ။ ေဖေဖကပဲသူ႕ဘာသူသြားဝယ္ေပးတာေပါ့ အားလည္းနာပါတယ္”“ဒီေလာကထဲစဝင္ကတည္းကေရာ အလုပ္မွန္သမွ်ေဖေဖ့ဆုံးျဖတ္ခ်က္နဲ႕ပဲသြားတာဆိုေတာ့ မန္ေနဂ်ာငွားရင္ေတာင္ေဖေဖ့ဆုံးျဖတ္ခ်က္ကလိုမွာပဲ။

အဲ့တာေၾကာင့္ ေဖေဖပဲမန္ေနဂ်ာ ေဖေဖပဲအလုပ္လက္ခံေပါ့။ သမီးကိုယ္တိုင္ကလည္း ကိုယ့္အနားကိုခ်ဥ္းကပ္လာရင္ အေဖ့ကိုေျပာ အေဖ့ကိုေျပာဆိုေတာ့ အဲဒီ့အခါက်ေတာ့ ေဖေဖ့ကိုေၾကာက္ၿပီး ဘယ္သူမွာေရာက္မလာၾကေတာ့ဘူးေပါ့ အိမ္မွာလည္း အဲဒီ့အတိုင္းေနာက္ေနၾကတာ သမီးနဲ႕ယူမွာေလ အေဖနဲ႕ယူမွာမဟုတ္ဘူးေပါ့။

အေဖရွာရင္အေဖ့အ႐ြယ္ေတြပဲထြက္လာလိမ့္မယ္တဲ့“အခုအိမ္မွာတိုင္ပင္ၾကရင္ အိမ္ေထာင္ေရးလည္းပါလာတာေပါ့ အေဖေပးစားတာယူမွာလားေပါ့ အိမ္ေထာင္ျပဳမယ္ဆို မိဘသေဘာတူဖို႔လည္းလိုတယ္ေလ အဲ့တာေၾကာင့္ရည္းစားျဖစ္ခ်င္တယ္ဆိုရင္ အေဖ့ကိုသြားေျပာ အေဖလက္ခံရင္ ရည္းစားလာျဖစ္ေပါ့”

လို႔ယဥ္လတ္ကဆိုထားတာပါ။ယဥ္လတ္ကေတာ့ လက္တေလာ သူ႕ရဲ႕လႈပ္ရွားမႈေလးေတြနဲ႕ပတ္သတ္ၿပီး“ဒီေန႕က ကထိန္သကၤန္းကပ္တာေပါ့ ကိုခန႔္အလႉေပါ့ေနာ္ေမတၱာသဂၤဟအဖြဲ႕တစ္ခုလုံးရဲ႕ အျမင့္ျမတ္ဆုံးအလႉေပါ့ေနာ္ ဘုန္းဘုန္းေတြေဟာၾကတာပဲ ကထိန္သကၤန္းဆိုတာ အားလုံးကုသိုလ္ေတြလည္းအမ်ားၿပီးရတယ္။

ဝမ္းသာၾကရတယ္ အားလုံးဒါနကုသိုလ္ေတြေရာ သီလကုသိုလ္ေတြေရာေပါ့ ၾကည္ႏူးရပါတယ္ အားလုံးကဒီလိုအခ်ိန္မွာ ဒီလိုျဖစ္ေနတာပဲေပါ့ေနာ္ ။အခုအားလုံးအြန္လိုင္းကေနပဲ ပို႔္စ္တင္ေၾကာ္ျငာရတာပဲရွိတယ္ဆိုေတာ့ ကိုယ့္ကိုကိုယ္စိတ္ဓာတ္မက်သြားေအာင္ အားလုံးကိုျမႇင့္တင္ေနရတာေပါ့“စာေတြဖတ္ရတာေပါ့။

အဓိကေတာ့ စာဖတ္နဲ႕အခ်ိန္မွာေတြးတာနဲ႕မဖတ္တဲ့အခ်ိန္အေတြးမတူဘူး ကိုယ္တိုင္လည္းစာဖတ္ပ်င္းတယ္ ဒါေပမဲ့ အေတြးကေတြက မတူေတာ့ ကိုယ္လည္းအၿမဲတမ္းစာဖတ္ရတာေပါ့ အေဖနဲ႕အေမကေတာ့ အိမ္မွအၿမဲအတူတူရွိတယ္ အခုကေတာ့ အဓိက ေမေမ့က်န္းမာေရးကို ဂ႐ုစိုက္ေနရတယ္ အခုကိုဗစ္ကာလမွာ

နဂိုေရာဂါအခံရွိတဲ့သူေတြကပိုဂ႐ုစိုက္ရတယ္ေလ ေမေမကလည္းကင္ဆာျဖစ္ထားေတာ့ တစ္မိသားစုလုံးက ပိုးဥေလးဥသလိုလုပ္ထားရတာေပါ့”“သားအဖဆိုတာ ခ်စ္ရင္သာခ်စ္မယ္ ပါးစပ္ကေျပာမေနဘူး အျပဳအမူေလးနဲ႕ပဲ လုပ္ျပၾကတာေပါ့ ဒါေပမဲ့အေဖ့ကိုအရမ္းခ်စ္ပါတယ္ ေျပာရတာလည္းရွက္ပါတယ္ ။

လြမ္းေနတဲ့ပရိသတ္အတြက္ ယဥ္လတ္pageတစ္ခုေထာင္ထားတယ္ အဲဒီ့ ???? ကေန ယဥ္လတ္ ???? ေတြလႊင့္ေပးေနတယ္ အခ်ိန္အၾကာႀကီးမေတြ႕ဘဲ လြမ္းေနရတဲ့ပရိသတ္ေတြအတြက္ စကားေျပာေပးတယ္ အပတ္တိုင္း ဗီဒီယိုေလးလုပ္ေပးတယ္ အၾကာႀကီးမလြမ္းရပါဘူး လြမ္းရင္ အဲဒီ့ ???? ေလးကိုသြားလိုက္ပါ ေဖာ္လိုဝါလည္းတိုးတာေပါ့” လို႔ ယဥ္လတ္က ဒီအင္တာဗ်ဴးေလးထဲမွာ ပရိသတ္ကိုစကားပါးထားတာပါ။

ယူနီကုဒ် ဖြင့် ဖတ်ရန်

ပရိတ်သတ်ကြီးရေအလန်းစားခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး စကားကိုချစ်စရာကောင်းအောင်ပြောတတ်တဲ့အတွက် ပရိသတ်အားပေးမှုကိုခံထားရတဲ့ ယဉ်လတ်ကတော့ အက်ရှင်အခန်းတွေကိုလည်းပိုင်နိုင်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။စကားကိုအမြဲတမ်းသွက်သွက်လတ်လတ်ပြောတတ်တဲ့

ယဉ်လတ်ကတော့ သူ့အတွက်အဖေက အမေလိုဖြစ်နေတာမို့ ရည်းစားစကားပြောချင်ရင် အဖေ့ကိုလာပြောပါလို့ ?????? ??????? နဲ့အင်တာဗျူးမှာ ဆိုထားပါတယ်။“သူများတွေဆို မိန်းကလေးတွေက အမေနဲ့နေတာများတယ် ယဉ်လတ်ကကျတော့အမေက ငယ်ငယ်ကတည်းကနေမကောင်းတော့ပြိုင်ပွဲတွေသွားလည်း

ဖေဖေပဲလိုက်တာ ရှုတင်တွေသွားလည်းဖေဖေပဲလိုက်တာဆိုတော့ အဖေက တစ်ခါတစ်လေ အမေလိုပဲပေါ့ တစ်ချို့သားအဖဆက်ဆံရေးနဲ့တောင်မတူဘူးမိန်းကလေးကိစ္စတွေတောင်အဖေကဖြေရှင်းပေးတာ အဖေက အမေဖြစ်နေတယ်“ငယ်ငယ်လေးကတည်းက မေမေတို့ပြန်ပြောပြတာပေါ့ ပိစိလေးကတည်းက

ဖေဖေပဲအနှီးလဲ လုပ်ပေးတာပေါ့ ရှုတင်တွေဘာတွေမှာ အမျိုးသမီးကိစ္စဖြစ်ရင်လည်း ဘယ်သူမှမရှိဘူးလေ။ ဖေဖေကပဲသူ့ဘာသူသွားဝယ်ပေးတာပေါ့ အားလည်းနာပါတယ်”“ဒီလောကထဲစဝင်ကတည်းကရော အလုပ်မှန်သမျှဖေဖေ့ဆုံးဖြတ်ချက်နဲ့ပဲသွားတာဆိုတော့ မန်နေဂျာငှားရင်တောင်ဖေဖေ့ဆုံးဖြတ်ချက်ကလိုမှာပဲ။

အဲ့တာကြောင့် ဖေဖေပဲမန်နေဂျာ ဖေဖေပဲအလုပ်လက်ခံပေါ့။ သမီးကိုယ်တိုင်ကလည်း ကိုယ့်အနားကိုချဉ်းကပ်လာရင် အဖေ့ကိုပြော အဖေ့ကိုပြောဆိုတော့ အဲဒီ့အခါကျတော့ ဖေဖေ့ကိုကြောက်ပြီး ဘယ်သူမှာရောက်မလာကြတော့ဘူးပေါ့ အိမ်မှာလည်း အဲဒီ့အတိုင်းနောက်နေကြတာ သမီးနဲ့ယူမှာလေ အဖေနဲ့ယူမှာမဟုတ်ဘူးပေါ့။

အဖေရှာရင်အဖေ့အရွယ်တွေပဲထွက်လာလိမ့်မယ်တဲ့“အခုအိမ်မှာတိုင်ပင်ကြရင် အိမ်ထောင်ရေးလည်းပါလာတာပေါ့ အဖေပေးစားတာယူမှာလားပေါ့ အိမ်ထောင်ပြုမယ်ဆို မိဘသဘောတူဖို့လည်းလိုတယ်လေ အဲ့တာကြောင့်ရည်းစားဖြစ်ချင်တယ်ဆိုရင် အဖေ့ကိုသွားပြော အဖေလက်ခံရင် ရည်းစားလာဖြစ်ပေါ့”

လို့ယဉ်လတ်ကဆိုထားတာပါ။ယဉ်လတ်ကတော့ လက်တလော သူ့ရဲ့လှုပ်ရှားမှုလေးတွေနဲ့ပတ်သတ်ပြီး“ဒီနေ့က ကထိန်သင်္ကန်းကပ်တာပေါ့ ကိုခန့်အလှူပေါ့နော်မေတ္တာသင်္ဂဟအဖွဲ့တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံးအလှူပေါ့နော် ဘုန်းဘုန်းတွေဟောကြတာပဲ ကထိန်သင်္ကန်းဆိုတာ အားလုံးကုသိုလ်တွေလည်းအများပြီးရတယ်။

ဝမ်းသာကြရတယ် အားလုံးဒါနကုသိုလ်တွေရော သီလကုသိုလ်တွေရောပေါ့ ကြည်နူးရပါတယ် အားလုံးကဒီလိုအချိန်မှာ ဒီလိုဖြစ်နေတာပဲပေါ့နော် ။အခုအားလုံးအွန်လိုင်းကနေပဲ ပို့်စ်တင်ကြော်ငြာရတာပဲရှိတယ်ဆိုတော့ ကိုယ့်ကိုကိုယ်စိတ်ဓာတ်မကျသွားအောင် အားလုံးကိုမြှင့်တင်နေရတာပေါ့“စာတွေဖတ်ရတာပေါ့။

အဓိကတော့ စာဖတ်နဲ့အချိန်မှာတွေးတာနဲ့မဖတ်တဲ့အချိန်အတွေးမတူဘူး ကိုယ်တိုင်လည်းစာဖတ်ပျင်းတယ် ဒါပေမဲ့ အတွေးကတွေက မတူတော့ ကိုယ်လည်းအမြဲတမ်းစာဖတ်ရတာပေါ့ အဖေနဲ့အမေကတော့ အိမ်မှအမြဲအတူတူရှိတယ် အခုကတော့ အဓိက မေမေ့ကျန်းမာရေးကို ဂရုစိုက်နေရတယ် အခုကိုဗစ်ကာလမှာ

နဂိုရောဂါအခံရှိတဲ့သူတွေကပိုဂရုစိုက်ရတယ်လေ မေမေကလည်းကင်ဆာဖြစ်ထားတော့ တစ်မိသားစုလုံးက ပိုးဥလေးဥသလိုလုပ်ထားရတာပေါ့”“သားအဖဆိုတာ ချစ်ရင်သာချစ်မယ် ပါးစပ်ကပြောမနေဘူး အပြုအမူလေးနဲ့ပဲ လုပ်ပြကြတာပေါ့ ဒါပေမဲ့အဖေ့ကိုအရမ်းချစ်ပါတယ် ပြောရတာလည်းရှက်ပါတယ် ။

လွမ်းနေတဲ့ပရိသတ်အတွက် ယဉ်လတ်pageတစ်ခုထောင်ထားတယ် အဲဒီ့ ???? ကနေ ယဉ်လတ် ???? တွေလွှင့်ပေးနေတယ် အချိန်အကြာကြီးမတွေ့ဘဲ လွမ်းနေရတဲ့ပရိသတ်တွေအတွက် စကားပြောပေးတယ် အပတ်တိုင်း ဗီဒီယိုလေးလုပ်ပေးတယ် အကြာကြီးမလွမ်းရပါဘူး လွမ်းရင် အဲဒီ့ ???? လေးကိုသွားလိုက်ပါ ဖော်လိုဝါလည်းတိုးတာပေါ့” လို့ ယဉ်လတ်က ဒီအင်တာဗျူးလေးထဲမှာ ပရိသတ်ကိုစကားပါးထားတာပါ။