သေရင်ကိုယ့်နောက်မပါဘူးဟုဆိုကာ ကိုယ့်​​နောက်​ပါမယ့်​ကုသိုလ်​ထုပ်​အဖြစ်​ ရှိသမျှပိုက်ဆံသိန်း ၁၅၀၀ ကိုလှူဒါန်းခဲ့တဲ့ အဖွားအို
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ဘုရား ကျောင်းရဟန်းဒါယိကာမကြီး ဒေါ်ဆန်းမှီ မိသားတစုတို့မှ ပုညာရာမကျောင်းတိုက်အတွင်းဓမ္မာရုံဆောက်လုပ်ရန်အတွက်သိန်း ၁၅၀၀လှူဒါန်ဆရာတော်လိုရာ သုံးရန် သိန်း၅၀လှူဒါန်းခဲ့ပါတယ်။နတ် လူ သာဓုခေါ်စေသော်။
လူတွေဟာစားဝတ်နေရေးအတွက် ငွေရှာကြပါတယ်။ သေရင်ကိုယ့်နောက်မပါမှန်းသိပေမယ့်လည်း ငွေကမရှိမဖြစ်မို့ ရှာကြရတာပါပဲ။ ငွေမလို ကိုယ့်နောက်ပါဖို့ ကုသိုလ်ပဲလိုတယ်ဆိုတဲ့လူတွေကတော့ ရှိသမျှငွေရေးကြေးရေးတွေကို
လှူဒါန်းမှုတွေလုပ်ပြီးသုံးကြတာပါ။ ခုလည်းပဲသေရင်ကိုယ့်နောက်မပါတဲ့အရာမှန်းသိလို့ရှိတဲ့ပိုက်ဆံတွေကိုလှူဒါန်းခဲ့တဲ့ဓာတ်ပုံလေးလူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။ ဓာတ်ပုံလေးနဲ့ အတူရေးထားတဲ့စာကတော့ “ဘာတစ်ခုမှ ချန်မထားပဲ
သာသနာကို အကုန်လှူပါတယ်။ သေရင် ဒါတွေမပါတာသိလို့ ဓမ္မာရုံဆောက်လုပ်ရန်ဖြစ်ပါသည် ”ဆိုပြီး ငွေတွေလှူတဲ့ပုံလေးနဲ့အတူ မျှေ ဝထားတာပါ။ ဒါကြောင့် မိတ်ဆွေတို့လည်းဘုရား၊ ကျောင်း၊ ရဟန်း ဒါယိကာမကြီး အလှူရှင်အဘွားရဲ့ မွန်မြတ်တဲ့ဒါနကို သာဓုခေါ်ဆိုပေးကြပါအုံးနော်။ ခရက်ဒစ်