ညသန္​း​ေခါင္​ႀကီးကုိ ဖုန္းဆက္ၿပီးသားသမီးေတြကို မနက္စာေကြ်းခ်င္လို႔ဆုိၿပီး ပိုက္ဆံ (၉၀၀) အလွဴခံခဲ့တဲ့သူအေၾကာင္း ေျပာျပခဲ့တဲ့ ဒိန္းေဒါင္ရဲ႕ (႐ုပ္​သံဖုိင္​)

ဒိန္းေဒါင္ကေတာ့ ျပည္သူခ်စ္ဟာသအႏုပညာရွင္ႀကီးျဖစ္ၿပီး အႏုပညာေလာကမွာေနရာတစ္ခုကိုအခိုင္အမာရယူထားႏိုင္သူျဖစ္သလို ေအာင္ျမင္ေနတဲ့ ထိပ္တန္းဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။ က်ရာေနရာမွာအေကာင္းဆုံးသ႐ုပ္ေဆာင္ၿပီးဟာသဇာတ္ကားေပါင္းမ်ားစြာကို

႐ိုက္ကူးခဲ့တဲ့ ဒိန္းေဒါင္ကေတာ့ယခုမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနခဲ့ပါတယ္။ ဒိန္းေဒါင္အဓိကေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခြၽန္တြန္း” ႐ုပ္သံဇာတ္လမ္းတြဲဟာဆိုရင္လည္း ပရိသတ္လက္ခံအားေပးမႈေၾကာင့္ အတိုင္းအတာတစ္ခုထိေအာင္ျမင္ခဲ့တဲ့

ဇာတ္လမ္းတြဲတစ္ခုဆိုတာမမွားပါဘူး။ ဦးဒိန္းေဒါင္ကေတာ့  အဆိုပါ “ခြၽန္တြန္း” ဆိုတဲ့အမည္နဲ႔ ပရဟိတအသင္းေလးတစ္ခုကို တည္ေထာင္ထားၿပီး ကိုဗစ္ကာလအတြင္းအေျခခံလူတန္းစားမ်ားရဲ႕ စားဝတ္ေနေရးေျပလည္ေစဖို႔အဓိကထားကူညီေပးေနပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့

သားသမီးေတြကို မနက္စာေကြၽးဖို႔ပိုက္ဆံမရွိလို႔ ဦးဒိန္းေဒါင္ထံဖုန္းဆက္အကူအညီေတာင္းၿပီး ပိုက္ဆံကိုးရာ လွမ္းအလႉခံခဲ့တဲ့ လူတစ္ေယာက္အေၾကာင္းကို ဦးဒိန္းေဒါင္တစ္ေယာက္ စိတ္မေကာင္းစြာနဲ႔ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ ဦးဒိန္းေဒါင္အေနနဲ႔ဖုန္းတစ္ေကာလ္ကို

လက္ခံေျဖၾကားခဲ့ရာမွာ ပိုက္ဆံကိုးရာလွမ္းအလႉခံတဲ့ သူတစ္ေယာက္ ျဖစ္ေနၿပီး သူ႔ကေလးေတြကို မနက္စာေကြၽးစရာပိုက္ဆံမရွိလို႔ အခုလိုအလႉခံရတာ ျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါ ပုဂၢိဳလ္ရဲ႕ဇနီးမယား နာမက်န္းျဖစ္လို႔ဗဟိုအမ်ိဳးသမီးေဆး႐ုံမွာညပိုင္းႀကီးေဆး႐ုံလာတက္ေနရာမွ

ကေလးေတြကို ထမင္းေကြၽးစရာပိုက္ဆံမရွိလို႔ အခုလို ဖုန္းဆက္အကူအညီေတာင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ “နယ္ကေနၿပီး ေဆး႐ုံလာတက္တယ္၊ ကေလးေလး ေသးေသးေလးႏွစ္ေယာက္ပါတယ္ ကြၽန္ေတာ့္မိန္းမကင္ဆာ ျဖစ္ေနတာလို႔ ေျပာတယ္ ေအးညီေလး ေျပာညီေလး

ဘာလိုအပ္လဲဆိုေတာ့ ကြၽန္ေတာ့္ကိုပိုက္ဆံကိုးရာေလာက္ လႉပါလားတဲ့၊ ကြၽန္ေတာ့္ သားသမီးေတြကို ကြၽန္ေတာ္မနက္စာေကြၽးခ်င္လို႔တဲ့၊ ကြၽန္ေတာ္ ရင္ထဲမွာေတာ္ေတာ္ထိသြားတယ္။ စိတ္ေတာ္ေတာ္မေကာင္းဘူး သူ႔ကိုပိုက္ဆံသုံးေသာင္း ေပးလိုက္တယ္၊ မိဘေမတၱာေတြေနာ္

အေတာ္သနားစရာေကာင္းတယ္” တစ္ရက္ကလည္း ဒိန္းေဒါင္တစ္ေယာက္ “ဦးဦးဒိန္းေဒါင္ မီးမီးကို ကူညီေပးပါရွင့္” ဆိုၿပီးလူမႈကြန္ရက္ေပၚမွတစ္ဆင့္ အကူအညီေတာင္းခံလာတဲ့ထားဝယ္သူေလးရဲ႕ပို႔စ္ကိုခဏခဏဖတ္ၿပီး စိတ္မေကာင္းျဖစ္ရလြန္းလို႔ႏွစ္ခါတိတိငိုခဲ့ရတယ္လို႔ဝမ္းနည္းစြာနဲ႔ပဲ

ရင္ဖြင့္လာပါတယ္။  ဒီလိုနဲ႔ထားဝယ္မွာေနတဲ့ သူ႔မိဘေတြကို ခ်က္ခ်င္းဖုန္းဆက္ေမးျမန္းၾကည့္တဲ့အခါ ဖခင္ျဖစ္သူကပန္းရန္အလုပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳေနရသူျဖစ္ၿပီး သူမ်ားအိမ္မွာေနတဲ့အျပင္ အကူအညီေတာင္းခံတာေတာင္ ကိုယ္ပိုင္ဖုန္းေလးတစ္လုံးေတာင္မရွိလို႔

သူမ်ားဖုန္းနဲ႔ အကူအညီေတာင္းခံခဲ့ရတာျဖစ္ေၾကာင္း စိတ္မေကာင္းစြာပဲသိရွိခဲ့ရတယ္လို႔ ေျပာျပပါတယ္။ “သူ႔မိဘေတြနဲ႔ တိုင္ပင္တယ္၊ အဖြဲ႔အစည္းေတြနဲ႔တိုင္ပင္တယ္၊ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရန္ကုန္ကိုဆင္းလာခိုင္းတယ္၊ သူတို႔အလႉေငြရထားတာ ေျခာက္သိန္းရွိတယ္၊ အဲ့ေငြကိုခရီးစရိတ္အျဖစ္

သုံးၿပီးဒီေရာက္ရင္ကေလးေက်နပ္တဲ့အထိ ေဆးကုေပးမယ္လို႔ကတိေပးထားတယ္” ဒိန္းေဒါင္အေနနဲ႔လည္း Facebook ေပၚမွာတစ္ေန႔ကို ပို႔စ္ငါးခုထက္ပိုၿပီးတင္လို႔မရေတာ့ပဲ ကြန္မန႔္ေပးတာကိုလည္းကန႔္သတ္ခံထားရတယ္လို႔ေဖ့ဘြတ္နဲ႔ ပတ္သတ္ၿပီးသူႀကဳံေတြ႔ေနရတဲ့အခက္အခဲေလးကို

ေျပာျပခဲ့ပါတယ္။ ကြၽမ္းက်င္သူေတြကိုေမးျမန္းၾကည့္တဲ့အခါမွာေတာ့ကြန္မန႔္ေတြမ်ားလြန္းလို႔ အခ်ိန္အတိုင္းအတာတစ္ခုအထိကြန္မန႔္ေပးျခင္းကိုကန႔္သတ္ခံထားရျခင္းျဖစ္ေၾကာင္းသိရတယ္လို႔ေျပာပါတယ္။ “အဲ့ဒါေၾကာင့္ကြၽန္ေတာ့္ကို နားလည္ေပးပါ၊ ကြၽန္ေတာ့္ကိုမက္ဆင္ဂ်ာကေနပဲ

ဆက္သြယ္ေပးပါ၊ ကြၽန္ေတာ္တင္ေပးထားတဲ့ ဖုန္းေတြ ဘဏ္အေကာင့္ေတြကစိတ္အခ်ရဆုံးပါပဲ”  လႈိင္သာယာအိမ္ေျခတစ္ရာ့တစ္ဆယ္ သြားလႉတဲ့အခါမွာလည္း စိတ္ထဲမေကာင္းစရာေလးေတြ ႀကဳံေတြ႕ခဲ့ရေသးတယ္လို႔ ဒိန္းေဒါင္ကေျပာပါတယ္။ အိမ္ေလးေတြဆိုတာက

ေခ်ာင္ခ်ိဳေခ်ာင္ၾကားကေနဝင္သြားမွ ေရာက္တာ ျဖစ္ၿပီး မိသားစုတစ္စုဆိုရင္စားစရာမရွိလို႔ အ႐ြက္တစ္မ်ိဳးကိုေၾကာ္ၿပီး မိသားစုအားလုံး ဝိုင္းစားၾကရမွာျဖစ္တယ္လို႔ သိလိုက္ရတဲ့အခါ အင္မတန္မွ စိတ္ထဲထိခိုက္သြားတယ္လို႔ ဦးဒိန္းေဒါင္က ေျပာပါတယ္။ “အဲ့ဒီဗုန္းေထာင္႐ြက္လား

ဘာလား အဲ့ဒီအ႐ြက္ကိုေၾကာ္ၿပီးေတာ့ ဒီသုံးေယာက္ ထိုင္စားမလို႔တဲ့အ႐ြက္က လက္သီးဆုပ္ႏွစ္ဆုပ္စာေလာက္ပဲရွိတယ္ ဟား ေၾကာ္သာေၾကာ္တယ္သူတို႔ကိုၾကည့္တာဆီလည္းမပါဘူး ရင္ထဲကိုထိသြားတယ္” တစ္ရက္မွာေတာ့ ဦးဒိန္းေဒါင္ဆီကို viber ကေနနံပါတ္အစိမ္းနဲ႔

ဖုန္းတစ္လုံးဝင္လာတဲ့အခါ သူ႔ကိုလာေတြ႔ပါဦးလို႔ အကူအညီေတာင္းခံလာတဲ့ဖုန္းျဖစ္ၿပီး သုံးေလးရက္အတြင္းေသေတာ့မယ့္လူနာျဖစ္လို႔ ကိုႀကီးဒိန္းေဒါင္ကို ေတြ႔ရရင္ ေသေပ်ာ္ပါၿပီလို႔ ေျပာလာတယ္လို႔ဝမ္းနည္းပက္လက္နဲ႔ ရင္ဖြင့္ေျပာျပပါတယ္။  မိထၱီလာကမိသားစုတစ္စုဆိုရင္လည္း

ကေလးေလးကိုတိုက္ဖို႔ႏို႔မႈန႔္ဖိုးမရွိတဲ့အတြက္ ထမင္းရည္တိုက္ေနရတယ္လို႔ ၾကားသိရလို႔ ပိုက္ဆံသုံးေသာင္း လွမ္းလႉလိုက္ရေသးတယ္လို႔လည္း ေဝမွ်ေပးခဲ့ပါတယ္။ ပရိသတ္ႀကီးတို႔ေရ အခုလိုကပ္ေရာဂါက်ေရာက္ေနတဲ့ကာလမ်ိဳးမွာဦးဒိန္းေဒါင္တစ္ေယာက္မိမိစီးပြားေရးထိခိုက္မွာ

ကိုေတာင္ပဓာနမထားပဲလိုအပ္ေနသူေတြကို လိုက္လံကူညီေပးေနတာပဲ ျဖစ္ပါတယ္။ ဦးဒိန္းေဒါင္တို႔ ခြၽန္တြန္းပရဟိတအဖြဲ႔အေနနဲ႔လည္း ဖုန္းေျခာက္လုံးမွလက္ခံရရွိတဲ့အကူအညီေတာင္းခံမႈေတြကိုျပန္လည္စီစစ္ၿပီးအမွန္အကန္အကူအညီလိုအပ္ေနတဲ့သူေတြကိုသာ ဦးစားေပးၿပီးေတာ့

ပိုမိုထိထိေရာက္ေရာက္ျဖစ္တဲ့လႉဒါန္းမႈမ်ိဳးေတြကိုသာ ေရွ႕ဆက္ျပဳလုပ္သြားမွာျဖစ္လို႔ ဖုန္းဆက္ဆက္ၿပီးခ်င္း ခ်က္ခ်င္းအကူအညီမရေသးရင္အနည္းငယ္သည္းခံၿပီးေစာင့္ၾကပါလို႔အကူအညီေတာင္းခံလာသူေတြက္ိုေမတၱာရပ္ခံလိုက္ပါတယ္။ ဦးဒိန္းေဒါင္ရဲ႕ခြၽန္တြန္းပရိဟိတအဖြဲ႔ဟာဆိုရင္

တကယ္လိုအပ္ေနသူေတြကိုထိထိေရာက္ေရာက္ လႉဒါန္းေပးေနတာျဖစ္လို႔ ပရိသတ္ႀကီးေနနဲ႔လည္း မိမိတတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းၾကပါအုံးလို႔ ႏႈိးေဆာ္တိုက္တြန္းလိုက္ရပါတယ္။ ဖတ္ရွုေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဒိန်းဒေါင်ကတော့ ပြည်သူချစ်ဟာသအနုပညာရှင်ကြီးဖြစ်ပြီး အနုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်သူဖြစ်သလို အောင်မြင်နေတဲ့ ထိပ်တန်းဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာနေရာမှာအကောင်းဆုံးသရုပ်ဆောင်ပြီးဟာသဇာတ်ကားပေါင်းများစွာကို

ရိုက်ကူးခဲ့တဲ့ ဒိန်းဒေါင်ကတော့ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ ဒိန်းဒေါင်အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချွန်တွန်း” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်လက်ခံအားပေးမှုကြောင့် အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့တဲ့

ဇာတ်လမ်းတွဲတစ်ခုဆိုတာမမှားပါဘူး။ ဦးဒိန်းဒေါင်ကတော့  အဆိုပါ “ချွန်တွန်း” ဆိုတဲ့အမည်နဲ့ ပရဟိတအသင်းလေးတစ်ခုကို တည်ထောင်ထားပြီး ကိုဗစ်ကာလအတွင်းအခြေခံလူတန်းစားများရဲ့ စားဝတ်နေရေးပြေလည်စေဖို့အဓိကထားကူညီပေးနေပါတယ်။ ဒီအင်တာဗျူးလေးမှာတော့

သားသမီးတွေကို မနက်စာကျွေးဖို့ပိုက်ဆံမရှိလို့ ဦးဒိန်းဒေါင်ထံဖုန်းဆက်အကူအညီတောင်းပြီး ပိုက်ဆံကိုးရာ လှမ်းအလှူခံခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ဦးဒိန်းဒေါင်တစ်ယောက် စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဦးဒိန်းဒေါင်အနေနဲ့ဖုန်းတစ်ကောလ်ကို

လက်ခံဖြေကြားခဲ့ရာမှာ ပိုက်ဆံကိုးရာလှမ်းအလှူခံတဲ့ သူတစ်ယောက် ဖြစ်နေပြီး သူ့ကလေးတွေကို မနက်စာကျွေးစရာပိုက်ဆံမရှိလို့ အခုလိုအလှူခံရတာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ရဲ့ဇနီးမယား နာမကျန်းဖြစ်လို့ဗဟိုအမျိုးသမီးဆေးရုံမှာညပိုင်းကြီးဆေးရုံလာတက်နေရာမှ

ကလေးတွေကို ထမင်းကျွေးစရာပိုက်ဆံမရှိလို့ အခုလို ဖုန်းဆက်အကူအညီတောင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ “နယ်ကနေပြီး ဆေးရုံလာတက်တယ်၊ ကလေးလေး သေးသေးလေးနှစ်ယောက်ပါတယ် ကျွန်တော့်မိန်းမကင်ဆာ ဖြစ်နေတာလို့ ပြောတယ် အေးညီလေး ပြောညီလေး

ဘာလိုအပ်လဲဆိုတော့ ကျွန်တော့်ကိုပိုက်ဆံကိုးရာလောက် လှူပါလားတဲ့၊ ကျွန်တော့် သားသမီးတွေကို ကျွန်တော်မနက်စာကျွေးချင်လို့တဲ့၊ ကျွန်တော် ရင်ထဲမှာတော်တော်ထိသွားတယ်။ စိတ်တော်တော်မကောင်းဘူး သူ့ကိုပိုက်ဆံသုံးသောင်း ပေးလိုက်တယ်၊ မိဘမေတ္တာတွေနော်

အတော်သနားစရာကောင်းတယ်” တစ်ရက်ကလည်း ဒိန်းဒေါင်တစ်ယောက် “ဦးဦးဒိန်းဒေါင် မီးမီးကို ကူညီပေးပါရှင့်” ဆိုပြီးလူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကူအညီတောင်းခံလာတဲ့ထားဝယ်သူလေးရဲ့ပို့စ်ကိုခဏခဏဖတ်ပြီး စိတ်မကောင်းဖြစ်ရလွန်းလို့နှစ်ခါတိတိငိုခဲ့ရတယ်လို့ဝမ်းနည်းစွာနဲ့ပဲ

ရင်ဖွင့်လာပါတယ်။  ဒီလိုနဲ့ထားဝယ်မှာနေတဲ့ သူ့မိဘတွေကို ချက်ချင်းဖုန်းဆက်မေးမြန်းကြည့်တဲ့အခါ ဖခင်ဖြစ်သူကပန်းရန်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရသူဖြစ်ပြီး သူများအိမ်မှာနေတဲ့အပြင် အကူအညီတောင်းခံတာတောင် ကိုယ်ပိုင်ဖုန်းလေးတစ်လုံးတောင်မရှိလို့

သူများဖုန်းနဲ့ အကူအညီတောင်းခံခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းစွာပဲသိရှိခဲ့ရတယ်လို့ ပြောပြပါတယ်။ “သူ့မိဘတွေနဲ့ တိုင်ပင်တယ်၊ အဖွဲ့အစည်းတွေနဲ့တိုင်ပင်တယ်၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရန်ကုန်ကိုဆင်းလာခိုင်းတယ်၊ သူတို့အလှူငွေရထားတာ ခြောက်သိန်းရှိတယ်၊ အဲ့ငွေကိုခရီးစရိတ်အဖြစ်

သုံးပြီးဒီရောက်ရင်ကလေးကျေနပ်တဲ့အထိ ဆေးကုပေးမယ်လို့ကတိပေးထားတယ်” ဒိန်းဒေါင်အနေနဲ့လည်း Facebook ပေါ်မှာတစ်နေ့ကို ပို့စ်ငါးခုထက်ပိုပြီးတင်လို့မရတော့ပဲ ကွန်မန့်ပေးတာကိုလည်းကန့်သတ်ခံထားရတယ်လို့ဖေ့ဘွတ်နဲ့ ပတ်သတ်ပြီးသူကြုံတွေ့နေရတဲ့အခက်အခဲလေးကို

ပြောပြခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကိုမေးမြန်းကြည့်တဲ့အခါမှာတော့ကွန်မန့်တွေများလွန်းလို့ အချိန်အတိုင်းအတာတစ်ခုအထိကွန်မန့်ပေးခြင်းကိုကန့်သတ်ခံထားရခြင်းဖြစ်ကြောင်းသိရတယ်လို့ပြောပါတယ်။ “အဲ့ဒါကြောင့်ကျွန်တော့်ကို နားလည်ပေးပါ၊ ကျွန်တော့်ကိုမက်ဆင်ဂျာကနေပဲ

ဆက်သွယ်ပေးပါ၊ ကျွန်တော်တင်ပေးထားတဲ့ ဖုန်းတွေ ဘဏ်အကောင့်တွေကစိတ်အချရဆုံးပါပဲ”  လှိုင်သာယာအိမ်ခြေတစ်ရာ့တစ်ဆယ် သွားလှူတဲ့အခါမှာလည်း စိတ်ထဲမကောင်းစရာလေးတွေ ကြုံတွေ့ခဲ့ရသေးတယ်လို့ ဒိန်းဒေါင်ကပြောပါတယ်။ အိမ်လေးတွေဆိုတာက

ချောင်ချိုချောင်ကြားကနေဝင်သွားမှ ရောက်တာ ဖြစ်ပြီး မိသားစုတစ်စုဆိုရင်စားစရာမရှိလို့ အရွက်တစ်မျိုးကိုကြော်ပြီး မိသားစုအားလုံး ဝိုင်းစားကြရမှာဖြစ်တယ်လို့ သိလိုက်ရတဲ့အခါ အင်မတန်မှ စိတ်ထဲထိခိုက်သွားတယ်လို့ ဦးဒိန်းဒေါင်က ပြောပါတယ်။ “အဲ့ဒီဗုန်းထောင်ရွက်လား

ဘာလား အဲ့ဒီအရွက်ကိုကြော်ပြီးတော့ ဒီသုံးယောက် ထိုင်စားမလို့တဲ့အရွက်က လက်သီးဆုပ်နှစ်ဆုပ်စာလောက်ပဲရှိတယ် ဟား ကြော်သာကြော်တယ်သူတို့ကိုကြည့်တာဆီလည်းမပါဘူး ရင်ထဲကိုထိသွားတယ်” တစ်ရက်မှာတော့ ဦးဒိန်းဒေါင်ဆီကို viber ကနေနံပါတ်အစိမ်းနဲ့

ဖုန်းတစ်လုံးဝင်လာတဲ့အခါ သူ့ကိုလာတွေ့ပါဦးလို့ အကူအညီတောင်းခံလာတဲ့ဖုန်းဖြစ်ပြီး သုံးလေးရက်အတွင်းသေတော့မယ့်လူနာဖြစ်လို့ ကိုကြီးဒိန်းဒေါင်ကို တွေ့ရရင် သေပျော်ပါပြီလို့ ပြောလာတယ်လို့ဝမ်းနည်းပက်လက်နဲ့ ရင်ဖွင့်ပြောပြပါတယ်။  မိထ္တီလာကမိသားစုတစ်စုဆိုရင်လည်း

ကလေးလေးကိုတိုက်ဖို့နို့မှုန့်ဖိုးမရှိတဲ့အတွက် ထမင်းရည်တိုက်နေရတယ်လို့ ကြားသိရလို့ ပိုက်ဆံသုံးသောင်း လှမ်းလှူလိုက်ရသေးတယ်လို့လည်း ဝေမျှပေးခဲ့ပါတယ်။ ပရိသတ်ကြီးတို့ရေ အခုလိုကပ်ရောဂါကျရောက်နေတဲ့ကာလမျိုးမှာဦးဒိန်းဒေါင်တစ်ယောက်မိမိစီးပွားရေးထိခိုက်မှာ

ကိုတောင်ပဓာနမထားပဲလိုအပ်နေသူတွေကို လိုက်လံကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဦးဒိန်းဒေါင်တို့ ချွန်တွန်းပရဟိတအဖွဲ့အနေနဲ့လည်း ဖုန်းခြောက်လုံးမှလက်ခံရရှိတဲ့အကူအညီတောင်းခံမှုတွေကိုပြန်လည်စီစစ်ပြီးအမှန်အကန်အကူအညီလိုအပ်နေတဲ့သူတွေကိုသာ ဦးစားပေးပြီးတော့

ပိုမိုထိထိရောက်ရောက်ဖြစ်တဲ့လှူဒါန်းမှုမျိုးတွေကိုသာ ရှေ့ဆက်ပြုလုပ်သွားမှာဖြစ်လို့ ဖုန်းဆက်ဆက်ပြီးချင်း ချက်ချင်းအကူအညီမရသေးရင်အနည်းငယ်သည်းခံပြီးစောင့်ကြပါလို့အကူအညီတောင်းခံလာသူတွေကိုမေတ္တာရပ်ခံလိုက်ပါတယ်။ ဦးဒိန်းဒေါင်ရဲ့ချွန်တွန်းပရိဟိတအဖွဲ့ဟာဆိုရင်

တကယ်လိုအပ်နေသူတွေကိုထိထိရောက်ရောက် လှူဒါန်းပေးနေတာဖြစ်လို့ ပရိသတ်ကြီးနေနဲ့လည်း မိမိတတ်နိုင်သလောက် ပါဝင်လှူဒါန်းကြပါအုံးလို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်